HomeEntertainmentFilmယခုနှစ်အတွင်း ထွက်ရှိလာမယ့် Pixar စတူဒီယိုရဲ့ Animation ကားသစ်နှစ်ကား

ယခုနှစ်အတွင်း ထွက်ရှိလာမယ့် Pixar စတူဒီယိုရဲ့ Animation ကားသစ်နှစ်ကား

Animation တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေဆိုရင်တော့ Pixar စတူဒီယိုကို သိပြီးသား ဖြစ်ကြမှာပါ။ Pixar စတူဒီယိုဟာ Toy Story လိုမျိူး ကျွန်တော်တို့တွေရဲ့ ငယ်ဘဝကို စိုပြည်စေခဲ့တဲ့ Animation ဇာတ်ကားကောင်းတွေကို ထုတ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Pixar စတူဒီယိုဟာ Luca ဇာတ်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Animation ပရိသတ်တွေအတွက် ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Pixar Animation တွေကို ဖော်ပြပေးချင်ပါတယ်။

Turning Red
photo via screenrant

ဒီ Animation ကတော့ ၂၀၂၂ ခုနှစ် မတ်လ (၁၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Mei Lee ဆိုတဲ့ (၁၃)နှစ်အရွယ် ကောင်မလေးအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမကတော့ အလွန်စိတ်လှုပ်ရှားလာတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုခံစားချက်မျိူးမဆို အလွန်ပြင်းထန်လာတဲ့အချိန်မှာ ကြီးမားတဲ့ အနီရောင်ပန်ဒါအဖြစ် ပြောင်းလဲသွားတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဲ့ဒီအစွမ်းကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီ Animation ကိုတော့ ရုံတင်ပြသမှာ မဟုတ်ဘဲ Disney+ မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Lightyear
photo via screenrant

ဒီ Animation ကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Animation တစ်ကား ဖြစ်ပြီး ယခုနှစ်ရဲ့ မိုးရာသီအတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Disney ရဲ့ Time Slot အရ ဆိုရင်တော့ ဒီ Animation ထွက်ရှိလာဖို့ ဖြစ်နိုင်ချေ အရှိဆုံးနေ့ရက်ဟာ ဇွန်လ (၁၇)ရက်နေ့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Toy Story ထဲက Buzz Lightyear အရုပ် ဖြစ်ပေါ်လာစေတဲ့ အာကာသယာဉ်မှူးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Chris Evans က အသံသရုပ်ဆောင်ထားပါတယ်။

ဒါကတော့ ပရိသတ်တွေ စိတ်လှုပ်ရှားရမယ့် Pixar ရဲ့ animation ကားသစ်နှစ်ကားပဲ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ဆိုင်ရာ သတင်း၊ဆောင်းပါးတွေနဲ့ နိုင်ငံတကာ အနုပညာသတင်းများ သိရဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular