HomeEntertainmentFilmPixar ရဲ့ ဘတ်ဂျက်အများဆုံး အသုံးပြုထားတဲ့ Animated ရုပ်ရှင်(၇)ကား

Pixar ရဲ့ ဘတ်ဂျက်အများဆုံး အသုံးပြုထားတဲ့ Animated ရုပ်ရှင်(၇)ကား

Pixar စတူဒီယိုဟာ Animation လောကရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး စတူဒီယိုတစ်ခု ဖြစ်ပါတယ်။ Pixar က ထုတ်လုပ်ခဲ့တဲ့ Animated ရုပ်ရှင်တွေနဲ့ပဲ ကျွန်တော်တို့တွေ ကြီးပြင်းလာခဲ့တာ ဖြစ်ပြီး ယခုအချိန်ထိလည်း ဒီစတူဒီယိုဟာ ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ Animated ရုပ်ရှင်တွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Pixar ရဲ့ ဘတ်ဂျက်အများဆုံး အသုံးပြုထားတဲ့ Animated ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Toy Story 3

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီး ဘတ်ဂျက် ဒေါ်လာသန်း(၂၀၀) အသုံးပြုထားပါတယ်။ ဇာတ်လမ်းကတော့ Andy ဟာ လူငယ်တစ်ယောက် ဖြစ်လာပြီး ကောလိပ်ကိုသွားရတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့အရုပ်တွေအားလုံးကို ထပ်ခိုးပေါ်မှာ သိမ်းထားဖို့ ပုံးတစ်ခုထဲမှာ ထည့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ အဲဒီပုံးဟာ မှားယွင်းပြီး မူကြိုကျောင်းတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ စိတ်ဝင်စားစရာတွေ ဆက်ဖြစ်လာပါတော့တယ်။

အသံသရုပ်ဆောင်တွေကတော့ Tom Hanks ၊ Tim Allen နဲ့ Michael Keaton တို့ ပါဝင်ထားပါတယ်။ ဒေါ်လာသန်း (၂၀၀)ဆိုတာဟာ နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ Live Action ရုပ်ရှင်တွေမှာတောင် ဒေါ်လာသန်း (၁၀၀)ကျော် အသုံးပြုထားရင် Blockbuster ရုပ်ရှင်လို့ သတ်မှတ်ထားပါတယ်။

(6) Finding Dory

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာသန်း (၂၀၀) အသုံးပြုထားပါတယ်။ ဒီကားထဲမှာတော့ ငါးလေး Dory ဟာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့မိဘတွေကို ပြန်လည်ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာပါ။ အသံသရုပ်ဆောင်တွေကတော့ Andrew Stanton ၊ Albert Brooks နဲ့ Ellen DeGeneres တို့ ပါဝင်ထားပါတယ်။

(5) Cars 2

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာသန်း (၂၀၀) အသုံးပြုထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် Lightning McQueen နဲ့ Mater တို့နှစ်ယောက်ဟာ Grand Prix ပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ခရီးထွက်လာကြရင်း မမျှော်လင့်ထားတဲ့ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ရတာကို မြင်တွေ့ရမှာပါ။ အသံသရုပ်ဆောင်တွေကတော့ John Lasseter ၊ Owen Wilson နဲ့ Larry the Cable Guy တို့ ပါဝင်ထားပါတယ်။

(4) Monster University

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာသန်း (၂၀၀) အသုံးပြုထားပါတယ်။ ဒီရုပ်ရှင်ကတော့ Monster Inc. ရဲ့ Prequel ဇာတ်လမ်းပဲ ဖြစ်ပြီး Mike နဲ့ Sully တို့ဟာ ကြောက်စရာအကောင်းဆုံး မွန်းစတားတွေ ဖြစ်လာဖို့ Monster University ကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိူး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Billy Crystal ၊ John Goodman နဲ့ John Krasinski တို့ ပါဝင်ထားပါတယ်။

(3) Toy Story 4

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာသန်း (၂၀၀) ကို ဘတ်ဂျက်အနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Forky လို့ခေါ်တဲ့ အရုပ်အသစ်လေးဟာ Woody တို့အုပ်စုထဲကို ရောက်လာပြီးနောက်မှာ သူတို့ရဲ့ပိုင်ရှင်အသစ်နဲ့အတူ ခရီးထွက်ခဲ့ကြပါတယ်။ အရုပ်အသစ်လေးနဲ့အတူ ခရီးသွားနေရင်း လမ်းမှာ ဖြစ်ပျက်ပုံတွေနဲ့ အရုပ်တစ်ရုပ်အတွက် ကမ္ဘာကြီးက ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကို ကြည့်ရှုရမှာပါ။ အသံသရုပ်ဆောင်တွေကတော့ Tom Hanks ၊ Tim Allen နဲ့ Tony Hale တို့ ပါဝင်ထားပါတယ်။

(2) Incredible 2

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာသန်း (၂၀၀)တောင် အသုံးပြုထားပါတယ်။ ဇာတ်လမ်းကတော့ Mr. Incredible တို့မိသားစုဟာ မစ်ရှင်တစ်ခုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အကြောင်းတစ်ခုကြောင့် နေရာတွေ ပြောင်းလဲကုန်ပြီးတော့ အမျိုးသမီးဖြစ်သူ Elastic girl က ကမ္ဘာကြီးကို ကယ်တင်နေတဲ့အချိန်မှာ Mr. Incredible ကတော့ အိမ်အလုပ်တွေကို လုပ်နေရပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Holly Hunter ၊ Craig T. Nelson နဲ့ Samuel L. Jackson တို့ ပါဝင်ထားပါတယ်။

(1) Lightyear

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်မှာပဲ ထွက်ရှိထားပြီး ဒီဇာတ်လမ်းဖြစ်လာဖို့အတွက် ဒေါ်လာသန်း (၂၀၀) အသုံးပြုထားရပါတယ်။ ဇာတ်လမ်းကတော့ ဂန္ထဝင် အာကာသသူရဲကောင်း Buzz Lightyear ဟာ သူ့ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Izzy ၊ Mo ၊ Darby တို့နဲ့အတူ ဂလက်ဆီတွေကြားမှာ စွန့်စားခန်းခရီး ထွက်လာပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ဟာ မိစ္ဆာကြီး Zurg ရဲ့ရန်ကနေ လွတ်မြောက်ဖို့ စုပေါင်းကြိုးစားကြရပါတော့တယ်။

အသံသရုပ်ဆောင်တွေကတော့ Chris Evans ၊ Taika Waititi နဲ့ Keke Palmer တို့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular