HomeEntertainmentFilmAnimation ဇာတ်လမ်းတွဲအသစ် (၃) ခုကို ကြေညာလိုက်တဲ့ Pixar

Animation ဇာတ်လမ်းတွဲအသစ် (၃) ခုကို ကြေညာလိုက်တဲ့ Pixar

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney’s Investor Day မှာတော့ Disney ဟာ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေအများကြီးကို အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီပွဲအတွင်းမှာတော့ MCU ရဲ့ ဇာတ်လမ်းတွဲတွေလည်း ပါဝင်သလို Disney ရဲ့ လက်အောက်မှာ ရှိတဲ့ Pixar အတွက်လည်း ဇာတ်လမ်းတွဲ သုံးခုကို ကြေညာပေးခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲသုံးခုထဲက နှစ်ခုကတော့ Cars နဲ့ Up ရဲ့ Spin-off ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ သိပ်မကြာခင်တုန်းကတော့ Disney ဟာ အဲ့ဒီဇာတ်လမ်းတွဲသုံးခုကို ကြေညာပေးခဲ့ပြီး နာမည်တွေကတော့ Cars နဲ့ Dug Days ဆိုပြီးတော့ သိရပါတယ်။

photo via screenrant

Dug Days ကတော့ UP ရဲ့ spin-off ဇာတ်လမ်းတွဲဖြစ်ပြီး ဒီထဲမှာတော့ စကားပြောတတ်တဲ့ Dug ဆိုတဲ့ ခွေးလေးအကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ အရင်တုန်းကတော့ Paradise Falls မှာ နေထိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလည်း ဆိုတာ မြင်တွေ့ရမှာပါ။

Cars ဇာတ်လမ်းတွဲကတော့ ခရီးတစ်ခု သွားနေတဲ့ Lightning McQueen နဲ့ Mater တို့အကြောင်းကို မြင်တွေ့ရမှာပါ။ နောက်ဆုံးတစ်ခုကတော့ Pixar ရဲ့ ပထမဆုံး original ဇာတ်လမ်းတွဲ ဖြစ်ပြီးတော့ ဒီဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ Win or Lose လို့ ခေါ်ပါတယ်။ ဇာတ်လမ်းကတော့ အလယ်တန်းကျောင်း ဘတ်စကပ်ဘောအသင်းရဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ သူတို့အသင်းဟာ championship အတွက် ပြင်ဆင်နေတဲ့အချိန်မှာပဲ တစ်ပိုင်းချင်းဆီမှာ ဇာတ်ကောင်တစ်ယောက်ချင်းဆီကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီဇာတ်လမ်းတွဲ သုံးခုလုံးဟာ နောက်ထပ် သုံးနှစ်အတွင်းမှာ Disney+ ကနေ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ Dug Days က ပထမဆုံး ထွက်ရှိလာမှာ ဖြစ်ပြီး ၂၀၂၁ စက်တင်ဘာလောက်မှာ Disney+ က ပြသသွားမှာ ဖြစ်ပါတယ်။ Cars ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ် ဖြစ်ပြီးတေ‌ာ့ Win or Lose ကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်လာမှာ ဖြစ်ပါတယ်။ ဒါကလည်း Pixar က ထုတ်လုပ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် သတင်းကောင်း ဖြစ်စေမှာပါ။

Legos

Source : Screenrant

(Zawgyi Version)

Disney’s Investor Day မွာေတာ့ Disney ဟာ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြအမ်ားႀကီးကို အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ဒီပြဲအတြင္းမွာေတာ့ MCU ရဲ႕ ဇာတ္လမ္းတြဲေတြလည္း ပါဝင္သလို Disney ရဲ႕ လက္ေအာက္မွာ ရွိတဲ့ Pixar အတြက္လည္း ဇာတ္လမ္းတြဲ သုံးခုကို ေၾကညာေပးခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲသုံးခုထဲက ႏွစ္ခုကေတာ့ Cars နဲ႔ Up ရဲ႕ Spin-off ဇာတ္လမ္းေတြ ျဖစ္ပါတယ္။ သိပ္မၾကာခင္တုန္းကေတာ့ Disney ဟာ အဲ့ဒီဇာတ္လမ္းတြဲသုံးခုကို ေၾကညာေပးခဲ့ၿပီး နာမည္ေတြကေတာ့ Cars နဲ႔ Dug Days ဆိုၿပီးေတာ့ သိရပါတယ္။

photo via screenrant

Dug Days ကေတာ့ UP ရဲ႕ spin-off ဇာတ္လမ္းတြဲျဖစ္ၿပီး ဒီထဲမွာေတာ့ စကားေျပာတတ္တဲ့ Dug ဆိုတဲ့ ေခြးေလးအေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူဟာ အရင္တုန္းကေတာ့ Paradise Falls မွာ ေနထိုင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဆင္ေျခဖုံးရပ္ကြက္တစ္ခုကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူဟာ ဘယ္လိုအခက္အခဲေတြကို ႀကဳံေတြ႕ရမလည္း ဆိုတာ ျမင္ေတြ႕ရမွာပါ။

Cars ဇာတ္လမ္းတြဲကေတာ့ ခရီးတစ္ခု သြားေနတဲ့ Lightning McQueen နဲ႔ Mater တို႔အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ ေနာက္ဆုံးတစ္ခုကေတာ့ Pixar ရဲ႕ ပထမဆုံး original ဇာတ္လမ္းတြဲ ျဖစ္ၿပီးေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ နာမည္ကေတာ့ Win or Lose လို႔ ေခၚပါတယ္။ ဇာတ္လမ္းကေတာ့ အလယ္တန္းေက်ာင္း ဘတ္စကပ္ေဘာအသင္းရဲ႕ အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ သူတို႔အသင္းဟာ championship အတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ တစ္ပိုင္းခ်င္းဆီမွာ ဇာတ္ေကာင္တစ္ေယာက္ခ်င္းဆီကို ပုံေဖာ္သြားမွာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီဇာတ္လမ္းတြဲ သုံးခုလုံးဟာ ေနာက္ထပ္ သုံးႏွစ္အတြင္းမွာ Disney+ ကေန ထြက္ရွိလာမွာပဲ ျဖစ္ပါတယ္။ Dug Days က ပထမဆုံး ထြက္ရွိလာမွာ ျဖစ္ၿပီး ၂၀၂၁ စက္တင္ဘာေလာက္မွာ Disney+ က ျပသသြားမွာ ျဖစ္ပါတယ္။ Cars ဇာတ္လမ္းတြဲကေတာ့ ၂၀၂၂ ခုႏွစ္ ျဖစ္ၿပီးေတ‌ာ့ Win or Lose ကေတာ့ ၂၀၂၃ ခုႏွစ္မွာ ထြက္လာမွာ ျဖစ္ပါတယ္။ ဒါကလည္း Pixar က ထုတ္လုပ္တဲ့ ဇာတ္လမ္းေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ သတင္းေကာင္း ျဖစ္ေစမွာပါ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular