HomeEntertainmentFilmPixar စတူဒီယိုက အသစ်ထွက်ရှိလာဦးမယ့် Animation ကားသစ်များ

Pixar စတူဒီယိုက အသစ်ထွက်ရှိလာဦးမယ့် Animation ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Pixar စတူဒီယိုဆိုရင် animation ကားကောင်းတွေ ကြိုက်နှစ်သက်သူတိုင်း မသိသူ ရှားပါတယ်။ Pixar က နောက်ဆုံးထွက်ရှိထားတဲ့ animation ဇာတ်ကားကတော့ Luca ပဲ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ Pixar ဟာ Toy Story ကို ဖန်တီးခဲ့ပြီး ဟောလိဝုဒ်ရဲ့ Animation လောကကို များစွာပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့်လည်း Pixar ဟာ Animation လောကမှာ အခုချိန်ထိ အောင်မြင်နေတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Animation ပရိသတ်တွေအတွက် Pixar ကနေ အသစ်ထွက်ရှိလာမယ့် animation ကားသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

Turning Red
photo via screenrant

ဒီ Animation ကိုတော့ Pixar ရဲ့ Short Animation ဖြစ်တဲ့ Bao ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Domee Shi က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ (၁၃)နှစ်အရွယ် ကောင်မလေး Mei Lee ဟာ ခံစားချက်တွေ ပြင်းထန်လာတိုင်း အနီရောင်ပန်ဒါကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါဟာ သူမတို့မိသားစုရဲ့ ထူးခြားတဲ့အချက် ဖြစ်ပြီး သူမရဲ့ မိဘတွေကတော့ ဒီလျှို့ဝှက်ချက်ကို တခြားသူတွေ သိသွားမှာ ဆိုးတာကြောင့် သူမကိုတောင် မပြောပြထားခဲ့ပါဘူး။ ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပေမယ့်လည်း ဆယ်ကျော်သက်တွေရဲ့ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Animation ကတော့ ၂၀၂၂ ခုနှစ် မတ်လ (၁၁)ရက်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Lightyear
photo via screenrant

အခုခေတ်မှာတော့ Toy Story ကို မသိသူ မရှိသလောက်ပဲ ဖြစ်ပြီး ဒီ Animation ထဲမှာတော့ Buzz Lightyear အရုပ်ကို ဖန်တီးဖို့ မှီငြမ်းထားတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Buzz နေရာမှာတော့ နာမည်ကျော်မင်းသား Chris Evans က အသံသရုပ်ဆောင်ထားပါတယ်။ ဒီ Animation ကိုတော့ ၂၀၂၂ ခုနှစ် ဇွန်လ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး Toy Story ပရိသတ်တိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ Animation တစ်ခုဆိုလည်း မမှားပါဘူး။

တခြား Animation များ
photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ နှစ်ကားလိုပဲ Pixar ဟာ နောက်ထပ် ရုပ်ရှင်သုံးကားကို ကြေညာထားပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီရုပ်ရှင်သုံးကားရဲ့ နာမည်၊ ဇာတ်လမ်းအကျဉ်း၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်တို့ကိုတော့ မပြောပြထားပါဘူး။ ထွက်ရှိလာမယ့် နေ့ရက်တွေကိုသာ ကြေညာထားတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၁၆)ရက် ၊ ၂၀၂၄ ခုနှစ် မတ်လ (၁)ရက်နေ့နဲ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၄)ရက်တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်သုံးကားရဲ့ အကြောင်းကိုတော့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ထပ်မံသိရှိရမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Pixar စတူဒီယိုဆိုရင္ animation ကားေကာင္းေတြ ႀကိဳက္ႏွစ္သက္သူတိုင္း မသိသူ ရွားပါတယ္။ Pixar က ေနာက္ဆုံးထြက္ရွိထားတဲ့ animation ဇာတ္ကားကေတာ့ Luca ပဲ ျဖစ္ပါတယ္။ ၁၉၉၅ ခုႏွစ္မွာေတာ့ Pixar ဟာ Toy Story ကို ဖန္တီးခဲ့ၿပီး ေဟာလိဝုဒ္ရဲ့ Animation ေလာကကို မ်ားစြာေျပာင္းလဲေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း Pixar ဟာ Animation ေလာကမွာ အခုခ်ိန္ထိ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Animation ပရိသတ္ေတြအတြက္ Pixar ကေန အသစ္ထြက္ရွိလာမယ့္ animation ကားသစ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Turning Red
photo via screenrant

ဒီ Animation ကိုေတာ့ Pixar ရဲ့ Short Animation ျဖစ္တဲ့ Bao ကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ Domee Shi က ရိုက္ကူးထားပါတယ္။ ဇာတ္လမ္းကေတာ့ (၁၃)ႏွစ္အရြယ္ ေကာင္မေလး Mei Lee ဟာ ခံစားခ်က္ေတြ ျပင္းထန္လာတိုင္း အနီေရာင္ပန္ဒါႀကီးအျဖစ္ ေျပာင္းလဲသြားပါတယ္။ ဒါဟာ သူမတို႔မိသားစုရဲ့ ထူးျခားတဲ့အခ်က္ ျဖစ္ၿပီး သူမရဲ့ မိဘေတြကေတာ့ ဒီလၽွို႔ဝွက္ခ်က္ကို တျခားသူေတြ သိသြားမွာ ဆိုးတာေၾကာင့္ သူမကိုေတာင္ မေျပာျပထားခဲ့ပါဘူး။ ဒီဇာတ္လမ္းကေတာ့ စိတ္ကူးယဥ္ဇာတ္လမ္း ျဖစ္ေပမယ့္လည္း ဆယ္ေက်ာ္သက္ေတြရဲ့ ၾကဳံေတြ႕ရေလ့ရွိတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ Animation ကေတာ့ ၂၀၂၂ ခုႏွစ္ မတ္လ (၁၁)ရက္မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

Lightyear
photo via screenrant

အခုေခတ္မွာေတာ့ Toy Story ကို မသိသူ မရွိသေလာက္ပဲ ျဖစ္ၿပီး ဒီ Animation ထဲမွာေတာ့ Buzz Lightyear အ႐ုပ္ကို ဖန္တီးဖို႔ မွီျငမ္းထားတဲ့ လူပုဂၢိဳလ္တစ္ေယာက္အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Buzz ေနရာမွာေတာ့ နာမည္ေက်ာ္မင္းသား Chris Evans က အသံသ႐ုပ္ေဆာင္ထားပါတယ္။ ဒီ Animation ကိုေတာ့ ၂၀၂၂ ခုႏွစ္ ဇြန္လ (၁၇)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ၿပီး Toy Story ပရိသတ္တိုင္း မျဖစ္မေန ၾကည့္သင့္တဲ့ Animation တစ္ခုဆိုလည္း မမွားပါဘူး။

တျခား Animation မ်ား
photo via screenrant

အေပၚမွာ ေဖာ္ျပထားတဲ့ ႏွစ္ကားလိုပဲ Pixar ဟာ ေနာက္ထပ္ ႐ုပ္ရွင္သုံးကားကို ေၾကညာထားပါေသးတယ္။ ဒါေပမယ့္လည္း အဲ့ဒီ႐ုပ္ရွင္သုံးကားရဲ့ နာမည္၊ ဇာတ္လမ္းအက်ဥ္း၊ ဒါရိုက္တာနဲ႔ သ႐ုပ္ေဆာင္တို႔ကိုေတာ့ မေျပာျပထားပါဘူး။ ထြက္ရွိလာမယ့္ ေန႔ရက္ေတြကိုသာ ေၾကညာထားတာ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ဇြန္လ (၁၆)ရက္ ၊ ၂၀၂၄ ခုႏွစ္ မတ္လ (၁)ရက္ေန႔နဲ႔ ၂၀၂၄ ခုႏွစ္ ဇြန္လ (၁၄)ရက္တို႔ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္သုံးကားရဲ့ အေၾကာင္းကိုေတာ့ ၂၀၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္းေလာက္မွာ ထပ္မံသိရွိရမယ္လို႔ ယူဆရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular