HomeEntertainmentFilmEaster Egg တွေနဲ့ ဇာတ်ကားအသစ်တွေကို ချိတ်ဆက်ထားတဲ့ Pixar ရဲ့ animation များ

Easter Egg တွေနဲ့ ဇာတ်ကားအသစ်တွေကို ချိတ်ဆက်ထားတဲ့ Pixar ရဲ့ animation များ

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Pixar စတူဒီယိုဟာ Monsters Inc ကစတင်ပြီး Animation တိုင်းမှာ အနည်းဆုံး Easter Egg တစ်ခုစီတော့ ထည့်သွင်းလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ Pixar က ထုတ်လုပ်ထားတဲ့ Animation တွေမှာတော့ Easter Egg တွေ ထည့်သွင်းထားတာဟာ အခုဆိုရင် အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ အဲ့ဒီထဲကမှ တချို့ Animation တွေမှာဆိုရင် အနာဂတ်မှာ ထွက်ရှိလာမယ့် Animation တွေကို Easter Egg အနေနဲ့ ထည့်သွင်းထားတာတွေတောင် ရှိပါသေးတယ်။

(1) Monsters Inc
photo via screenrant

Monsters Inc ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲ့ဒီ Animation ထဲမှာတော့ Sulley နဲ့ Mike Wazowski တို့က အဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီ Animation ရဲ့ အဆုံးသတ်မှာတော့ Sulley ဟာ Boo ကို အိမ်ပြန်ပို့ပေးနိုင်ခဲ့ပြီး Boo ဟာ သူမရဲ့ အရုပ်တွေကို ပြသခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ရုပ်ကတော့ နောက်ပိုင်းမှာ နာမည်ကြီးလာမယ့် Nemo ငါးလေးပဲ ဖြစ်ပါတယ်။ Finding Nemo ကတော့ ၂၀၀၃ ခုနှစ်မှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

(2) Finding Nemo
photo via screenrant

ဒီ Animation ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Nigel ဟာ သွားဆရာဝန်တစ်ယောက်ကို တိုက်ခိုက်ဖို့ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ ဆရာဝန်နဲ့ ပြဖို့ စောင့်ဆိုင်းနေတဲ့ ကလေးတစ်ယောက်ဟာ ကာတွန်းစာအုပ်တစ်အုပ်ကို ဖတ်နေပါတယ်။ အဲ့ဒီကာတွန်းစာအုပ်ကတော့ The Incredibles ရုပ်ရှင်ထဲက Mr. Incredible ရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ The Incredibles ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီသွားဆေးခန်းထဲက ထွက်ပြေးလာတဲ့အချိန်မှာလည်း Cars ထဲက Luigi ကို မြင်တွေ့ခဲ့ရပါတယ်။ Cars ကတော့ ၂၀၀၆ ခုနှစ်ကျမှ ထွက်ရှိလာခဲ့ပါတယ်။

(3) The Incredibles
photo via screenrant

ဒီ Animation ထဲမှာလည်း ၂၀၀၆ ခုနှစ်မှာ ထွက်ရှိလာမယ့် Cars ဇာတ်ကားကို Easter Egg အဖြစ် ထည့်သွင်းထားပါသေးတယ်။ ဒီ Animation ရဲ့ အဆုံးသတ်မှာတော့ Parr မိသားစုနဲ့ Syndrome တို့ရဲ့ နောက်ဆုံးတိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ Cars ထဲက Doc Hudson ကို မြင်တွေ့ခဲ့ရပါတယ်။

(4) Ratatouille
photo via screenrant

ဒီ Animation ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိထားပြီး ၂၀၀၈ မှာ ထွက်ရှိလာမယ့် Wall-E ကို Easter Egg အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ ပထမတစ်ခုကတော့ Linguini ရဲ့ အိမ်နံရံမှာ Wall-E ထဲက ပိုးဟပ်လေးဖြစ်တဲ့ Hal ပါဝင်ခဲ့ပါတယ်။ ဒီအချက်ကတော့ တိုက်ဆိုင်မှုသက်သက်လို့ပဲ ပြောလို့ရပေမယ့်လည်း Ratatouille ရဲ့ Animation အတိုဖြစ်တဲ့ Your Friend The Rat ထဲမှာတော့ Wall-E ကိုယ်တိုင်က မားစ်ဂြိုဟ်ပေါ်မှာ ယာဉ်တစ်ခုကို စီးနင်းနေတာ ပြသသွားခဲ့ပါတယ်။ Your Friend The Rat ကလည်း ၂၀၀၇ ခုနှစ်မှာပဲ ထွက်ရှိခဲ့တာပါ။

(5) Wall-E
photo via screenrant

Wall-E ကတော့ သူ့ဘဝရဲ့ အချိန်အများစုကို အမှိုက်တွေကြားမှာပဲ ကုန်ဆုံးခဲ့ပါတယ်။ အဲ့ဒီအမှိုက်တွေထဲမှာမှ သူရဲ့စိတ်ကြိုက်ပစ္စည်းတချို့ကိုတော့ စုဆောင်းထားတာ တွေ့ရပါတယ်။ အဲ့ဒီပစ္စည်းတွေထဲက တစ်ခုကတော့ Up ထဲက အဘိုးအို Carl ရဲ့ တင်းနစ်ဘောလုံးတွေ တပ်ထားတဲ့ လမ်းလျှောက်တုတ် ဖြစ်နေတာကို မြင်ခဲ့ရပါတယ်။ Up ကတော့ ၂၀၀၉ ခုနှစ်မှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

(6) Up
photo via screenrant

Up ထဲမှာတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာမယ့် Toy Story 3 ရဲ့ Easter Egg ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အစပိုင်း  Carl ရဲ့ အိမ်ကြီး လေပေါ်ပျံခါစအချိန်မှာတော့ ကလေးမလေးတစ်ယောက်ရဲ့ အခန်းဘေးက ဖြတ်သွားတဲ့အခန်း ပါဝင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ ကလေးမလေးရဲ့ အိပ်ရာဘေးမှာ Toy Story 3 ရဲ့ အဓိကဗီလိန်ဖြစ်တဲ့ ပန်းရောင်ဝက်ဝံရုပ်ကို မြင်တွေ့ခဲ့ရပါတယ်။

(7) Toy Story 3
photo via screenrant

ဒီ Animation ထဲမှာတော့ Cars 2 ကို ရည်ညွှန်းထားတဲ့ Easter Egg နှစ်ခု ပါဝင်နေပါတယ်။ ပထမတစ်ခုကတော့ Andy ရဲ့ အခန်းထဲမှာ Finn McMissile ရဲ့ ပိုစတာကို မြင်တွေ့ခဲ့ရပါတယ်။ Finn McMissile ကတော့ Cars 2 မှာမှ စတင်ပါဝင်လာတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Sunnyside မူကြိုမှာ Lightning McQueen ပုံစံတူအရုပ်လေး ပါဝင်ခဲ့ပါတယ်။ Cars 2 ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(8) Cars 2
photo via screenrant

ဒီ Animation ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ရုပ်ပုံတစ်ခုကို ချိတ်ဆွဲထားတာ တွေ့ခဲ့ရပြီး အဲ့ဒီရုပ်ပုံဟာ Brave ထဲမှာ ပါဝင်လာမယ့် Merida မိသားစုကို ကားဗားရှင်းပုံစံနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီပုံထဲမှာတော့ Merida အပါအဝင် သူမရဲ့မိဘတွေနဲ့ သူမရဲ့ သုံးမြွှာပူးမောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ Brave ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ Animation တစ်ကားပဲ ဖြစ်ပါတယ်။

(9) Brave
photo via screenrant

Brave ထဲမှာတော့ Monsters University ထဲမှာ ပြန်လည်ပါဝင်လာမယ့် Sulley ရဲ့ ပုံကို သစ်သားတုံးတစ်ခုမှာ ထွင်းထုထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ပုံကို ထွင်းထုခဲ့သူကတော့ စုန်းမတစ်ယောက်ပဲ ဖြစ်ပြီး ဒီ Easter Egg ကြောင့်ပဲ Fan Theory တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသီအိုရီကတော့ ဒီ Animation ထဲက စုန်းမကြီးဟာ တကယ်တော့ Boo အသက်ကြီးသွားတာ ဖြစ်ပြီး အတိတ်ကို အချိန်ခရီးသွားကာ Sulley ကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ Monsters University ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(10) Monsters University
photo via screenrant

Monsters University ထွက်လာပြီးနောက်မှာတော့ Inside Out နဲ့ The Good Dinosaur တို့ ထွက်လာခဲ့ပါတယ်။ အစတုန်းကတော့ ဒီနှစ်ကားလုံးဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ထွက်ရှိလာမှာ ဖြစ်သလို The Good Dinosaur က လပိုင်းစောပြီး ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် The Good Dinosaur ဟာ ၂၀၁၅ ခုနှစ်မှ ထွက်ရှိလာနိုင်ခဲ့ပါတယ်။

ဒီအချက်ကြောင့်ပဲ Monsters University ထဲမှာတော့ Inside Out အတွက် Easter Egg မပါဝင်ဘဲ The Good Dinosaur ရဲ့ Easter Egg ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Monsters University ထဲမှာတော့ Scare Game ရဲ့ နောက်ဆုံး Event မှာ The Good Dinosaur ထဲက Arlo ရဲ့ ပုံစံတူ အရုပ်လေးတွေကို မြင်တွေ့ခဲ့ရပါတယ်။

(11) Inside Out
photo via screenrant

ဒီထဲကဇာတ်ဝင်ခန်းတစ်ခုမှာတော့ စိတ်ခံစားချက်တွေဟာ Riley ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေကြတဲ့အချိန်မှာ Riley တို့ မိသားစုဟာ San Francisco ကို ခရီးထွက်ပြီး Arlo နဲ့ Woodbush တို့နဲ့ တစ်ပုံစံတည်း တူညီတဲ့ ရုပ်တုတွေနဲ့ ဓာတ်ပုံရိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

(12) The Good Dinosaur
photo via screenrant

ဒီ Animation ထဲမှာတော့ Finding Dory နဲ့ ပတ်သက်တဲ့ Easter Egg ကို ထည့်သွင်းခဲ့ပါတယ်။ အဲဒါကတော့ Arlo ရေကူးသင်နေတဲ့ အခန်းမှာ ရေဘဝဲ Hank ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ Hank ကတော့ Finding Dory မှာမှ ပါဝင်လာတဲ့ ဇာတ်ကောင်အသစ်ပဲ ဖြစ်ပါတယ်။ Finding Dory ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(13) Finding Dory
photo via screenrant

Hank နဲ့ Dory တို့နှစ်ယောက်ဟာ အဏ္ဏဝါပြတိုက်ကနေ လွတ်မြောက်လာပြီး Hank ဟာ ကားတစ်စီးအပေါ်မှာ ကျသွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ သေချာကြည့်မယ်ဆိုရင် ကားမောင်းနေတဲ့ ဒရိုင်ဘာရဲ့ လက်မှာ ပလာစတာကပ်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီပလာစတာမှာတော့ Cars ထဲက Lightning McQueen ပုံ ပါဝင်နေပြီး Cars 3 ထွက်လာမှာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Cars 3 ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(14) Cars 3
photo via screenrant

ဒီ Animation ထဲမှာတော့ Coco ကို ရည်ညွှန်းထားတဲ့ Easter Egg နှစ်ခု ပါဝင်နေပါတယ်။ ပထမတစ်ခုကတော့ Cruz Ramirez ဟာ အိမ်လွမ်းနေတဲ့ အလုပ်သင်လေးကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ ပြသခဲ့တဲ့ ဗွီဒီယိုဟာ Coco ထဲက Santa Cecilia ဆိုတဲ့နေရာ ဖြစ်နေပါတယ်။ ဒါ့အပြင် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Miguel ရဲ့ ဂစ်တာကို နံရံမှာ ချိတ်ဆွဲထားတာ မြင်တွေ့ခဲ့ရပါတယ်။ Coco ကလည်း ၂၀၁၇ ခုနှစ်မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း လပိုင်းတော့ ကွာခြားပါတယ်။

(15) Coco
photo via screenrant

ဒီ Animation ထဲမှာတော့ The Incredibles 2 အတွက် Easter Egg ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Miguel ဟာ တမလွန်လောကကို ရောက်သွားပြီး ဇာတ်ဝင်ခန်းတစ်ခုမှာတော့ နံရံပေါ်မှာ The Incredibles 2 ရဲ့ ပိုစတာကို အရိုးခေါင်းဗားရှင်းနဲ့ မြင်တွေ့ခဲ့ရပါတယ်။ The Incredibles 2 ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(16) The Incredibles 2
photo via screenrant

ဒီ Animation ထဲမှာတော့ Toy Story 4 ထဲမှာ အသစ်ပါဝင်လာမယ့် ဇာတ်ကောင်ကို ပုံစံတူအရုပ်အနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ ဇာတ်ဝင်ခန်းတစ်ခုမှာ ဆော့ကစားနေတဲ့ Jack-Jack ရဲ့ ဘေးမှာ Keanu Reeves အသံသရုပ်ဆောင်ထားတဲ့ Duke Caboom အရုပ်လေးကို မြင်တွေ့ခဲ့ရပါတယ်။ Toy Story 4 ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။

(17) Toy Story 4
photo via screenrant

ဒီ Animation ထဲက ကစားကွင်းတစ်ခုမှာတော့ အဆောက်အဦးတစ်ခုကို မကြာခဏ ပြသသွားပါတယ်။ အကြောင်းကတော့ အဲ့ဒီအဆောက်အဦးမှာ မြင်းပျံပုံစံလေး ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Onward ထဲက Barley ရဲ့ ကားမှာလည်း အလားတူပဲ မြင်းပျံပုံစံ ပါဝင်နေခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ ပရိသတ်တွေဟာ ဒီ Easter Egg ရှာတွေ့ဖို့ အချိန်အတော်ကြာခဲ့ပါတယ်။

(18) Onward
photo via screenrant

ဒီ Animation ထွက်လာတဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ Pixar ရဲ့ နောက်ထပ်ပရောဂျက်ဟာ ဘယ်ဟာဖြစ်မလည်းဆိုပြီး ဝိုင်းဝန်းရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီ Easter Egg ကတော့ Lightfoot မိသားစု စုဆောင်းထားတဲ့ အယ်လ်ဘမ်တွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ ၂၀၂၀ ခုနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ Soul ထဲက Dorothea Williams ရဲ့ အယ်လ်ဘမ်တစ်ခု ပါဝင်နေတာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပရိသတ်တွေဟာ Soul ထဲက Easter Egg ကို ရှာဖွေနေဆဲပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular