HomeEntertainmentFilmPeacemaker စီးရီးထဲမှာ Arrow အသစ်ပါလာမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ James Gunn

Peacemaker စီးရီးထဲမှာ Arrow အသစ်ပါလာမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ James Gunn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Suicide Squad ရဲ့ ဒါရိုက်တာ James Gunn ဟာ Peacemaker စီးရီးထဲမှာ Arrow အသစ် ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်လိုက်ပါတယ်။ Guardians of the Galaxy ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Gunn ဟာ လာမယ့်နှစ်မှာတော့ DC ရဲ့ Suicide Squad ကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့်လည်း Task Force X အသစ်ဟာ နာဇီခေတ်က ဓာတ်ခွဲခန်းတစ်ခုထဲက အရာတစ်ခုခုကို ခိုးယူဖို့၊ ဒါမဟုတ် ဖျက်ဆီးဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒါတင် မဟုတ်သေးဘဲ James Gunn နဲ့ John Cena တို့ ပူးပေါင်းပြီးတော့ Peacemaker ဆိုတဲ့ spin-off စီးရီးကိုလည်း ရိုက်ကူးသွားဖို့ ရှိပါသေးတယ်။ အဲ့ဒီစီးရီးထဲမှာတော့ Peacemaker ရဲ့ origin ကို မြင်တွေ့ရမှာ ဖြစ်ပြီး Suicide Squad ထဲက ဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီအချက်တွေကြောင့်လည်း ဒီစီးရီးထဲမှာတော့ Green Arrow အသစ် ထပ်မံပါဝင်လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း James Gunn ဟာ အဲ့ဒီသတင်းတွေက “အဓိပ္ပာယ်မရှိဘူး …” လို့ ငြင်းဆိုလိုက်ပါတယ်။

အဲ့ဒါတင် မဟုတ်သေးဘဲ “ကလေးဘဝတုန်းက ကျွန်တော်ဟာ Green Arrow ကို အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်နဲ့ Justice League လုပ်တမ်း ကစားကြတဲ့အချိန်မှာလည်း ကျွန်တော်က Green Arrow ပဲ လုပ်ခဲ့ပါတယ်။ တစ်ညတုန်းကဆိုရင် ညဘက်မအိပ်ဘဲ ဦးထုပ်အသေးလေးကို ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ကျွန်တော်ရဲ့ အကြိုက်ဆုံးအရုပ်ကလည်း Green Arrow ပဲ ဖြစ်ပါတယ် ….” လို့လည်း ပြောခဲ့ပါသေးတယ်။

photo via screenrant

အသစ်ထွက်လာမယ့် Peacemaker စီးရီးဟာ DC ဇာတ်ကောင်တွေ အများကြီး ပါဝင်လာမှာ ဖြစ်ပေမယ့်လည်း သေချာတာကတော့ Green Arrow ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ James Gunn ရဲ့ ပြောကြားချက်အရဆိုရင်တော့ သူကိုယ်တိုင်က Green Arrow ကို ကြိုက်နှစ်သက်ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမှာ မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ Peacemaker ဇာတ်လမ်းတွဲကတော့ လောလောဆယ်မှာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၆)ရက်နေ့မှာ HBO Max မှာ ပြသသွားမယ်လို့ သိရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Suicide Squad ရဲ႕ ဒါ႐ိုက္တာ James Gunn ဟာ Peacemaker စီးရီးထဲမွာ Arrow အသစ္ ပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလေတြကို ျငင္းပယ္လိုက္ပါတယ္။ Guardians of the Galaxy ႐ုပ္ရွင္ေတြကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ James Gunn ဟာ လာမယ့္ႏွစ္မွာေတာ့ DC ရဲ႕ Suicide Squad ကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီးေတာ့ အေသးစိတ္ အခ်က္အလက္ေတြကို မသိရေသးေပမယ့္လည္း Task Force X အသစ္ဟာ နာဇီေခတ္က ဓာတ္ခြဲခန္းတစ္ခုထဲက အရာတစ္ခုခုကို ခိုးယူဖို႔၊ ဒါမဟုတ္ ဖ်က္ဆီးဖို႔ ႀကိဳးစားၾကမွာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒါတင္ မဟုတ္ေသးဘဲ James Gunn နဲ႔ John Cena တို႔ ပူးေပါင္းၿပီးေတာ့ Peacemaker ဆိုတဲ့ spin-off စီးရီးကိုလည္း ႐ိုက္ကူးသြားဖို႔ ရွိပါေသးတယ္။ အဲ့ဒီစီးရီးထဲမွာေတာ့ Peacemaker ရဲ႕ origin ကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး Suicide Squad ထဲက ဇာတ္ေကာင္ေတြလည္း ျပန္လည္ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒီအခ်က္ေတြေၾကာင့္လည္း ဒီစီးရီးထဲမွာေတာ့ Green Arrow အသစ္ ထပ္မံပါဝင္လာမယ္ဆိုၿပီး ေကာလာဟလေတြ ထြက္လာတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း James Gunn ဟာ အဲ့ဒီသတင္းေတြက “အဓိပၸာယ္မရွိဘူး …” လို႔ ျငင္းဆိုလိုက္ပါတယ္။

အဲ့ဒါတင္ မဟုတ္ေသးဘဲ “ကေလးဘဝတုန္းက ကြၽန္ေတာ္ဟာ Green Arrow ကို အလြန္ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ ကြၽန္ေတာ္နဲ႔ Justice League လုပ္တမ္း ကစားၾကတဲ့အခ်ိန္မွာလည္း ကြၽန္ေတာ္က Green Arrow ပဲ လုပ္ခဲ့ပါတယ္။ တစ္ညတုန္းကဆိုရင္ ညဘက္မအိပ္ဘဲ ဦးထုပ္အေသးေလးကို ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ္ရဲ႕ အႀကိဳက္ဆုံးအ႐ုပ္ကလည္း Green Arrow ပဲ ျဖစ္ပါတယ္ ….” လို႔လည္း ေျပာခဲ့ပါေသးတယ္။

photo via screenrant

အသစ္ထြက္လာမယ့္ Peacemaker စီးရီးဟာ DC ဇာတ္ေကာင္ေတြ အမ်ားႀကီး ပါဝင္လာမွာ ျဖစ္ေပမယ့္လည္း ေသခ်ာတာကေတာ့ Green Arrow ပါဝင္လာေတာ့မွာ မဟုတ္ပါဘူး။ James Gunn ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ေတာ့ သူကိုယ္တိုင္က Green Arrow ကို ႀကိဳက္ႏွစ္သက္ေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမွာ မဟုတ္ဘူးဆိုတာကို ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ပါတယ္။ Peacemaker ဇာတ္လမ္းတြဲကေတာ့ ေလာေလာဆယ္မွာ ၂၀၂၁ခုႏွစ္ ဩဂုတ္လ (၆)ရက္ေန႔မွာ HBO Max မွာ ျပသသြားမယ္လို႔ သိရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular