HomeCharacterPeacemaker ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

Peacemaker ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Suicide Squad ရုပ်ရှင်ထဲမှာတော့ နာမည်ကြီး WWE စတားတစ်ယောက် ဖြစ်တဲ့ John Cena ဟာ Peacemaker ဇာတ်ကာင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာလည်း သူ့ရဲ့ Spin-Off ဇာတ်လမ်းတွဲ ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Peacemaker ဟာ ဒီရုပ်ရှင်ရဲ့ အဓိကကျဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီး သူဟာ ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုရင် အမျိူးသမီးတွေနဲ့ ကလေးတွေကိုတောင် သတ်ပစ်ဖို့ ဝန်မလေးသူ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Peacemaker ရဲ့ အကြောင်းကို ပိုမိုသိချင်သူတွေအတွက် ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲက Origin

Peacemaker ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Charlton ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်လောက်မှာမှ DC ကောမစ်ဟာ ဒီဇာတ်ကောင်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Christopher Smith ဖြစ်ပြီး ဩစတေးလျနိုင်ငံသားတစ်ယောက်ရဲ့ သား ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့ဖခင်ဟာ နာဇီ ဖြစ်နေတာကို သိလိုက်ရပြီး တစ်ရက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားပါတယ်။ Christopher ကလည်း သူ့အဖေ သတ်သေသွားတာကို မြင်တွေ့လိုက်ရပြီး စိတ်ဒဏ်ရာရသွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထင်ယောင်ထင်မှားတွေ မြင်ယောင်တတ်တဲ့ စိတ်ရောဂါတစ်ခုပါ ရသွားပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ Christopher ဟာ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့စိတ်ရောဂါကြောင့် သေဆုံးသွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို သူ့မျက်စိထဲမှာ အမြဲလိုလို မြင်နေရပါတယ်။ အဲဒီနောက် သူ မြင်ယောင်နေတဲ့ ဖခင်လုပ်သူရဲ့ စေခိုင်းမှုကြောင့် အပြစ်မဲ့ရွာသားတွေ နေထိုင်တဲ့ တစ်ရွာလုံးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ထောင်ကျသွားပြီး ထောင်က လွတ်လာတဲ့အချိန်မှာတော့ အစိုးရက ပြုလုပ်တဲ့ Peacemaker ပရောဂျက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းတစ်ခုကြောင့် အစိုးရက အဲ့ဒီပရောဂျက်ကို ပိတ်သိမ်းခဲ့ပါတယ်။

ဒါကြောင့် သူဟာ ဩစတေးလျကို ပြန်သွားပြီး စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် Pax Institute ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ အဲ့ဒီပရဟိတကို ဗန်းပြပြီး နောက်ကွယ်မှာ Peacemaker ပရောဂျက်ကို ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူ့ရဲ့စိတ်အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ငြိမ်းချမ်းရေးကို အလွန်စွဲလမ်းလာပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် အမျိူးသမီးနဲ့ ကလေးတွေကိုတောင် သတ်ပစ်ဖို့ ဝန်မလေးသူ ဖြစ်လာပါတော့တယ်။

သူ့ရဲ့ ကြောင်ကြောင်ကျားကျားနိုင်တဲ့ ခေါင်းစွပ်ကို စွပ်ထားရတဲ့အကြောင်းကလည်း ထူးဆန်းပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာ လက်တွေ့ဘဝမှာ သေဆုံးသွားပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့စိတ်ထဲမှာတော့ မသေဆုံးသေးပါဘူး။ ဖခင်ဖြစ်သူကို အမြဲလိုလို မြင်နေရတဲ့အပြင် သူ လုပ်သမျှအရာတိုင်းကို သူ့ဖခင်က လိုက်လံဝေဖန်ပြီး အကြံဉာဏ်တွေ ပေးနေတတ်တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း ဆိုးရွားလာပြီး အစွန်းရောက် အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန်လာတာ ဖြစ်ပါတယ်။ ဒီမှာတင် သူ သတ်လိုက်သမျှ လူတွေရဲ့ ဝိဉာဉ်တွေဟာ သူ့ရဲ့ ခေါင်းစွပ်ထဲကို ဝင်ရောက်လာကြပြီး သူ့ကို အကြံဉာဏ်တွေ ပေးကြတယ်လို့ ယုံကြည်နေတဲ့အတွက် ဒီခေါင်းစွပ်ကို မချွတ်တမ်း စွပ်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ အစွမ်းများ
photo via screenrant

Peacemaker ဟာ စူပါ,ပါဝါတွေ မရှိပေမယ့်လည်း လူသားတစ်ယောက်ရဲ့ အမြင့်မားဆုံး ခွန်အားနဲ့ စွမ်းအင်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ကောမစ်ထဲက Peacemaker ဟာလည်း John Cena လိုမျိူး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး Superman တို့လို လူတွေနဲ့ မယှဉ်နိုင်ပေမယ့်လည်း သာမန်လူအချင်းချင်းဆို ဘယ်သူနဲ့မဆို တိုက်ခိုက်နိုင်ပါတယ်။

သူဟာ လက်နက်မျိူးစုံကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သလို လက်ဗလာ တိုက်ခိုက်တဲ့နေရာမှာလည်း ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ကျွမ်းကျင်တဲ့ လေယာဉ်မောင်းတစ်ယောက်လည်း ဖြစ်ပြီး ဗျူဟာချတဲ့နေရာမှာလည်း ကျွမ်းကျင်ပါတယ်။ အတိုပြောရရင်တော့ Peacemaker ဟာ Captain America ရဲ့ Anti-Hero ဗားရှင်းလို့တောင် ပြောလို့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Suicide Squad ႐ုပ္ရွင္ထဲမွာေတာ့ နာမည္ႀကီး WWE စတားတစ္ေယာက္ ျဖစ္တဲ့ John Cena ဟာ Peacemaker ဇာတ္ကာင္မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလထဲမွာလည္း သူ႔ရဲ႕ Spin-Off ဇာတ္လမ္းတြဲ ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

Peacemaker ဟာ ဒီ႐ုပ္ရွင္ရဲ႕ အဓိကက်ဆုံး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ၿပီး သူဟာ ၿငိမ္းခ်မ္းေရးကို ရရွိဖို႔ဆိုရင္ အမ်ိဴးသမီးေတြနဲ႔ ကေလးေတြကိုေတာင္ သတ္ပစ္ဖို႔ ဝန္မေလးသူ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Peacemaker ရဲ႕ အေၾကာင္းကို ပိုမိုသိခ်င္သူေတြအတြက္ ေကာမစ္ထဲက Origin နဲ႔ စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ထဲက Origin
photo via screenrant

Peacemaker ဟာ ၁၉၆၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Charlton ေကာမစ္ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ ၁၉၈၀ ေက်ာ္ေလာက္မွာမွ DC ေကာမစ္ဟာ ဒီဇာတ္ေကာင္ကို ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ Christopher Smith ျဖစ္ၿပီး ဩစေတးလ်ႏိုင္ငံသားတစ္ေယာက္ရဲ႕ သား ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဖခင္ဟာ နာဇီ ျဖစ္ေနတာကို သိလိုက္ရၿပီး တစ္ရက္မွာေတာ့ ဖခင္ျဖစ္သူဟာ သူ႔ကိုယ္သူ သတ္ေသသြားပါတယ္။ Christopher ကလည္း သူ႔အေဖ သတ္ေသသြားတာကို ျမင္ေတြ႕လိုက္ရၿပီး စိတ္ဒဏ္ရာရသြားပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ထင္ေယာင္ထင္မွားေတြ ျမင္ေယာင္တတ္တဲ့ စိတ္ေရာဂါတစ္ခုပါ ရသြားပါတယ္။

ဒီလိုနဲ႔ အ႐ြယ္ေရာက္လာတဲ့ အခ်ိန္မွာေတာ့ Christopher ဟာ စစ္တပ္ထဲ ဝင္ေရာက္ခဲ့ပါတယ္။ သို႔ေသာ္လည္း သူ႔ရဲ႕စိတ္ေရာဂါေၾကာင့္ ေသဆုံးသြားၿပီျဖစ္တဲ့ ဖခင္ျဖစ္သူကို သူ႔မ်က္စိထဲမွာ အၿမဲလိုလို ျမင္ေနရပါတယ္။ အဲဒီေနာက္ သူ ျမင္ေယာင္ေနတဲ့ ဖခင္လုပ္သူရဲ႕ ေစခိုင္းမႈေၾကာင့္ အျပစ္မဲ့႐ြာသားေတြ ေနထိုင္တဲ့ တစ္႐ြာလုံးကို သတ္ျဖတ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ ေထာင္က်သြားၿပီး ေထာင္က လြတ္လာတဲ့အခ်ိန္မွာေတာ့ အစိုးရက ျပဳလုပ္တဲ့ Peacemaker ပေရာဂ်က္ထဲမွာ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းတစ္ခုေၾကာင့္ အစိုးရက အဲ့ဒီပေရာဂ်က္ကို ပိတ္သိမ္းခဲ့ပါတယ္။

ဒါေၾကာင့္ သူဟာ ဩစေတးလ်ကို ျပန္သြားၿပီး စစ္ေျပးဒုကၡသည္ေတြကို ကူညီေပးဖို႔အတြက္ Pax Institute ကို တည္ေထာင္ခဲ့ပါတယ္။ တကယ္ေတာ့ သူဟာ အဲ့ဒီပရဟိတကို ဗန္းျပၿပီး ေနာက္ကြယ္မွာ Peacemaker ပေရာဂ်က္ကို ျပန္လည္ျပဳလုပ္ခဲ့ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ သူ႔ရဲ႕စိတ္အေျခအေနဟာ ပိုမိုဆိုး႐ြားလာၿပီး ၿငိမ္းခ်မ္းေရးကို အလြန္စြဲလမ္းလာပါေတာ့တယ္။ ဒါေၾကာင့္ပဲ သူဟာ ၿငိမ္းခ်မ္းေရး ရရွိဖို႔အတြက္ဆိုရင္ အမ်ိဴးသမီးနဲ႔ ကေလးေတြကိုေတာင္ သတ္ပစ္ဖို႔ ဝန္မေလးသူ ျဖစ္လာပါေတာ့တယ္။

သူ႔ရဲ႕ ေၾကာင္ေၾကာင္က်ားက်ားႏိုင္တဲ့ ေခါင္းစြပ္ကို စြပ္ထားရတဲ့အေၾကာင္းကလည္း ထူးဆန္းပါတယ္။ သူ႔ရဲ႕ဖခင္ျဖစ္သူဟာ လက္ေတြ႕ဘဝမွာ ေသဆုံးသြားၿပီ ျဖစ္ေပမယ့္လည္း သူ႔ရဲ႕စိတ္ထဲမွာေတာ့ မေသဆုံးေသးပါဘူး။ ဖခင္ျဖစ္သူကို အၿမဲလိုလို ျမင္ေနရတဲ့အျပင္ သူ လုပ္သမွ်အရာတိုင္းကို သူ႔ဖခင္က လိုက္လံေဝဖန္ၿပီး အႀကံဉာဏ္ေတြ ေပးေနတတ္တာ ျဖစ္ပါတယ္။

ဒီလိုနဲ႔ တျဖည္းျဖည္း ဆိုး႐ြားလာၿပီး အစြန္းေရာက္ အၾကမ္းဖက္တဲ့လုပ္ရပ္ေတြကို က်ဴးလြန္လာတာ ျဖစ္ပါတယ္။ ဒီမွာတင္ သူ သတ္လိုက္သမွ် လူေတြရဲ႕ ဝိဉာဥ္ေတြဟာ သူ႔ရဲ႕ ေခါင္းစြပ္ထဲကို ဝင္ေရာက္လာၾကၿပီး သူ႔ကို အႀကံဉာဏ္ေတြ ေပးၾကတယ္လို႔ ယုံၾကည္ေနတဲ့အတြက္ ဒီေခါင္းစြပ္ကို မခြၽတ္တမ္း စြပ္ထားတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အစြမ္းမ်ား
photo via screenrant

Peacemaker ဟာ စူပါ,ပါဝါေတြ မရွိေပမယ့္လည္း လူသားတစ္ေယာက္ရဲ႕ အျမင့္မားဆုံး ခြန္အားနဲ႔ စြမ္းအင္တို႔ကို ပိုင္ဆိုင္ထားပါတယ္။ ေကာမစ္ထဲက Peacemaker ဟာလည္း John Cena လိုမ်ိဴး ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး Superman တို႔လို လူေတြနဲ႔ မယွဥ္ႏိုင္ေပမယ့္လည္း သာမန္လူအခ်င္းခ်င္းဆို ဘယ္သူနဲ႔မဆို တိုက္ခိုက္ႏိုင္ပါတယ္။

သူဟာ လက္နက္မ်ိဴးစုံကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳႏိုင္သလို လက္ဗလာ တိုက္ခိုက္တဲ့ေနရာမွာလည္း ထူးခြၽန္သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ကြၽမ္းက်င္တဲ့ ေလယာဥ္ေမာင္းတစ္ေယာက္လည္း ျဖစ္ၿပီး ဗ်ဴဟာခ်တဲ့ေနရာမွာလည္း ကြၽမ္းက်င္ပါတယ္။ အတိုေျပာရရင္ေတာ့ Peacemaker ဟာ Captain America ရဲ႕ Anti-Hero ဗားရွင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular