HomeCharacterPolka-Dot Man ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Polka-Dot Man ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Suicide Squad ရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင် David Dastmalchian ဟာ Polka-Dot Man ဇာတ်ကောင်နေရာက ပါဝင်ခဲ့ပါတယ်။ Polka-Dot Man ကတော့ ဒီရုပ်ရှင်ထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ ကောမစ်ဗီလိန် တစ်ယောက် ဖြစ်ပြီး ကြောင်တောင်တောင် အနိုင်ဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။ The Suicide Squad ရုပ်ရှင်ကို ကြည့်ပြီးသွားတဲ့နောက်မှာ Polka-Dot Man ကို ကြိုက်နှစ်သက်သွားသူတွေအတွက် ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin
photo via screenrant

Polka-Dot Man ဟာ ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Comics #300 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Abner Krill ဖြစ်ပြီး မူလတုန်းက သူ့ရဲ့ Codename ဟာ Mister Polka-Dot ဖြစ်ကာ နောက်ပိုင်းမှ Polka-Dot Man ဆိုပြီး ပြောင်းလဲသွားတာပါ။

Abner ဟာ DC ကောမစ်ရဲ့ Silver Age မှာ Batman ရဲ့ ဗီလိန်အဖြစ် စတင်ပါဝင်လာတာ ဖြစ်ပြီး Batman ကိုလည်း အတော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ Abner ဟာ စစချင်းမှာတော့ The Ink Spot နဲ့ Domino Gaming Company တို့လို အစက်အပြောက်တွေနဲ့ ပတ်သက်ပြီး နာမည်ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဓားပြတိုက်ကာ ဂေါ်သမ်မြို့ရဲ့ ဗီလိန်လောကမှာ နာမည်ရလာအောင် ပြုလုပ်ခဲ့ပါတယ်။

သူဟာ Robin ကို ဖမ်းချုပ်ထားနိုင်ခဲ့ပြီး Robin ကို လာကယ်တဲ့ Batman နဲ့ တိုက်ခိုက်ရချိန်မှာတော့ ထုံးစံအတိုင်းပဲ Abner က ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာတော့ သူဟာ ဂေါ်သမ် ဗီလိန်လောက,ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားပြီး နောက်ပိုင်းမှာတော့ ပိုက်ဆံလိုအပ်နေတာကြောင့် အရင်လိုမျိူး ဗီလိန် ပြန်ဖြစ်လာပါတယ်။ ဒီတစ်ခါမှာတော့ သူဟာ Nightwing ၊ Batgirl တို့နဲ့ တိုက်ခိုက်ခဲ့ရပြီး အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Abner ဟာ ရဲတစ်ယောက်ကို ဘေ့စ်ဘောတုတ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စုံထောက်တစ်ယောက်ရဲ့ ပြန်လည် တိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ ဆေးရုံရောက်သွားပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ General Immortus ဖွဲ့စည်းထားတဲ့ Army of the Endangered ဗီလိန်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ General Immortus ဟာ ဒီအဖွဲ့ထဲက ဗီလိန်တွေကို ပိုမို စွမ်းအားကြီးမားအောင် ပြုလုပ်ပေးခဲ့ပြီး Abner ရဲ့ ဝတ်စုံကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ Abner ဟာ အချိန်တစ်ခုထိ အောင်မြင်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Army of the Endangered ထဲက အဖွဲ့ဝင် Human Flame ဟာ အဖွဲ့ကို သစ္စာဖောက်သွားပြီး Abner လည်း သူ့လက်ချက်နဲ့ အသက်သေဆုံးခဲ့ရပါတယ်။

စွမ်းအားများ
photo via screenrant

The Suicide Squad ထဲက Polka-Dot Man ဟာ မိခင်ဖြစ်သူရဲ့ စမ်းသပ်မှုကြောင့် ငယ်ဘဝကတည်းက စွမ်းအားတွေ ရရှိလာတယ်လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့စွမ်းအားကတော့ လက်ကနေ ပစ်လွှတ်လိုက်တဲ့ အဝိုင်းပြားလေးတွေဟာ ထိတွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေတာပါပဲ။ ဒါပေမယ့်လည်း ကောမစ်ထဲက Polka-Dot Man ဟာ ဒီရုပ်ရှင်ထဲကလိုမျိူး စွမ်းအားတွေ မရှိဘဲ နည်းပညာမြင့်ဝတ်စုံကို ဝတ်ထားတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ဝတ်စုံမှာ ကပ်ထားတဲ့ အဝိုင်းပြားလေးတွေ တစ်ခုချင်းစီတိုင်းဟာ မတူညီတဲ့အစွမ်းတွေ ရှိပါတယ်။ ဥပမာ – လည်နေတဲ့ လွှသွား၊ ဓာတ်ငွေ့တွေ ထုတ်လုပ်နိုင်တဲ့ အဝိုင်းပြား စသဖြင့် မတူညီတဲ့ လက်နက်တွေအဖြစ် ပြောင်းလဲသွားနိုင်သလို တယ်လီပို့လုပ်နိုင်တဲ့ အဝိုင်းပြားတောင် ရှိပါသေးတယ်။

ဒါတင်မကသေးဘဲ Floating Bubble နဲ့ Flying Saucer တို့လို တစ်နေရာနဲ့ တစ်နေရာကို သွားလာဖို့အတွက် အသုံးပြုနိုင်တဲ့ အဝိုင်းပြားတွေလည်း ရှိပါသေးတယ်။ အဲ့ဒီအဝိုင်းပြားလေးတွေဟာ သူ့ရဲ့ဝတ်စုံမှာ ကပ်ထားတဲ့အချိန်ဆို သေးသေးလေး ဖြစ်ပေမယ့်လည်း ခွာလိုက်တဲ့အချိန်ကျမှ အရွယ်အစား ကြီးမားသွားတာ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ အဲ့ဒီအဝိုင်းပြားလေးတွေကို အသုံးပြုပြီးသွားရင် အချိန်သတ်မှတ်ချက်တစ်ခုအတွင်းမှာ အသုံးပြုပြီးသား အဝိုင်းပြားတွေကို အရည်ပျော်ပြီး ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီးသွားရင် အဲ့ဒီမှုခင်းနေရာမှာ သူ ရှိနေခဲ့မှန်း ဘယ်သူမှ မသိအောင် သဲလွန်စတွေကို လွယ်လွယ်ကူကူ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

ဒါကတော့ Polka-Dot Man ရဲ့ ကောမစ် Origin နဲ့ စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးခဲ့တာပါ။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Suicide Squad ႐ုပ္ရွင္ထဲမွာေတာ့ သ႐ုပ္ေဆာင္ David Dastmalchian ဟာ Polka-Dot Man ဇာတ္ေကာင္ေနရာက ပါဝင္ခဲ့ပါတယ္။ Polka-Dot Man ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပထမဆုံးအႀကိမ္ ပါဝင္လာတဲ့ ေကာမစ္ဗီလိန္ တစ္ေယာက္ ျဖစ္ၿပီး ေၾကာင္ေတာင္ေတာင္ အႏိုင္ဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ဆိုလည္း မမွားပါဘူး။ The Suicide Squad ႐ုပ္ရွင္ကို ၾကည့္ၿပီးသြားတဲ့ေနာက္မွာ Polka-Dot Man ကို ႀကိဳက္ႏွစ္သက္သြားသူေတြအတြက္ ဒီတစ္ေခါက္မွာေတာ့ သူ႔ရဲ႕ေကာမစ္ထဲက Origin နဲ႔ စြမ္းအားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ Origin
photo via screenrant

Polka-Dot Man ဟာ ၁၉၆၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Detective Comics #300 ေကာမစ္ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ Abner Krill ျဖစ္ၿပီး မူလတုန္းက သူ႔ရဲ႕ Codename ဟာ Mister Polka-Dot ျဖစ္ကာ ေနာက္ပိုင္းမွ Polka-Dot Man ဆိုၿပီး ေျပာင္းလဲသြားတာပါ။

Abner ဟာ DC ေကာမစ္ရဲ႕ Silver Age မွာ Batman ရဲ႕ ဗီလိန္အျဖစ္ စတင္ပါဝင္လာတာ ျဖစ္ၿပီး Batman ကိုလည္း အေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ပါတယ္။ Abner ဟာ စစခ်င္းမွာေတာ့ The Ink Spot နဲ႔ Domino Gaming Company တို႔လို အစက္အေျပာက္ေတြနဲ႔ ပတ္သက္ၿပီး နာမည္ရွိေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ဓားျပတိုက္ကာ ေဂၚသမ္ၿမိဳ႕ရဲ႕ ဗီလိန္ေလာကမွာ နာမည္ရလာေအာင္ ျပဳလုပ္ခဲ့ပါတယ္။

သူဟာ Robin ကို ဖမ္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး Robin ကို လာကယ္တဲ့ Batman နဲ႔ တိုက္ခိုက္ရခ်ိန္မွာေတာ့ ထုံးစံအတိုင္းပဲ Abner က ရႈံးနိမ့္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ ၿပီးတဲ့ေနာက္မွာေတာ့ သူဟာ ေဂၚသမ္ ဗီလိန္ေလာက,ကေန အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္သြားၿပီး ေနာက္ပိုင္းမွာေတာ့ ပိုက္ဆံလိုအပ္ေနတာေၾကာင့္ အရင္လိုမ်ိဴး ဗီလိန္ ျပန္ျဖစ္လာပါတယ္။ ဒီတစ္ခါမွာေတာ့ သူဟာ Nightwing ၊ Batgirl တို႔နဲ႔ တိုက္ခိုက္ခဲ့ရၿပီး အျပတ္အသတ္ကို ရႈံးနိမ့္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Abner ဟာ ရဲတစ္ေယာက္ကို ေဘ့စ္ေဘာတုတ္နဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ စုံေထာက္တစ္ေယာက္ရဲ႕ ျပန္လည္ တိုက္ခိုက္မႈကို ခံခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ေဆး႐ုံေရာက္သြားပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ General Immortus ဖြဲ႕စည္းထားတဲ့ Army of the Endangered ဗီလိန္အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ပါတယ္။ General Immortus ဟာ ဒီအဖြဲ႕ထဲက ဗီလိန္ေတြကို ပိုမို စြမ္းအားႀကီးမားေအာင္ ျပဳလုပ္ေပးခဲ့ၿပီး Abner ရဲ႕ ဝတ္စုံကိုလည္း အဆင့္ျမႇင့္တင္ေပးခဲ့ပါတယ္။ Abner ဟာ အခ်ိန္တစ္ခုထိ ေအာင္ျမင္တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Army of the Endangered ထဲက အဖြဲ႕ဝင္ Human Flame ဟာ အဖြဲ႕ကို သစၥာေဖာက္သြားၿပီး Abner လည္း သူ႔လက္ခ်က္နဲ႔ အသက္ေသဆုံးခဲ့ရပါတယ္။

စြမ္းအားမ်ား
photo via screenrant

The Suicide Squad ထဲက Polka-Dot Man ဟာ မိခင္ျဖစ္သူရဲ႕ စမ္းသပ္မႈေၾကာင့္ ငယ္ဘဝကတည္းက စြမ္းအားေတြ ရရွိလာတယ္လို႔ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕စြမ္းအားကေတာ့ လက္ကေန ပစ္လႊတ္လိုက္တဲ့ အဝိုင္းျပားေလးေတြဟာ ထိေတြ႕သမွ် အရာအားလုံးကို ဖ်က္ဆီးပစ္ႏိုင္စြမ္း ရွိေနတာပါပဲ။ ဒါေပမယ့္လည္း ေကာမစ္ထဲက Polka-Dot Man ဟာ ဒီ႐ုပ္ရွင္ထဲကလိုမ်ိဴး စြမ္းအားေတြ မရွိဘဲ နည္းပညာျမင့္ဝတ္စုံကို ဝတ္ထားတဲ့ သာမန္လူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ဝတ္စုံမွာ ကပ္ထားတဲ့ အဝိုင္းျပားေလးေတြ တစ္ခုခ်င္းစီတိုင္းဟာ မတူညီတဲ့အစြမ္းေတြ ရွိပါတယ္။ ဥပမာ – လည္ေနတဲ့ လႊသြား၊ ဓာတ္ေငြ႕ေတြ ထုတ္လုပ္ႏိုင္တဲ့ အဝိုင္းျပား စသျဖင့္ မတူညီတဲ့ လက္နက္ေတြအျဖစ္ ေျပာင္းလဲသြားႏိုင္သလို တယ္လီပို႔လုပ္ႏိုင္တဲ့ အဝိုင္းျပားေတာင္ ရွိပါေသးတယ္။

ဒါတင္မကေသးဘဲ Floating Bubble နဲ႔ Flying Saucer တို႔လို တစ္ေနရာနဲ႔ တစ္ေနရာကို သြားလာဖို႔အတြက္ အသုံးျပဳႏိုင္တဲ့ အဝိုင္းျပားေတြလည္း ရွိပါေသးတယ္။ အဲ့ဒီအဝိုင္းျပားေလးေတြဟာ သူ႔ရဲ႕ဝတ္စုံမွာ ကပ္ထားတဲ့အခ်ိန္ဆို ေသးေသးေလး ျဖစ္ေပမယ့္လည္း ခြာလိုက္တဲ့အခ်ိန္က်မွ အ႐ြယ္အစား ႀကီးမားသြားတာ ျဖစ္ပါတယ္။

ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ သူဟာ အဲ့ဒီအဝိုင္းျပားေလးေတြကို အသုံးျပဳၿပီးသြားရင္ အခ်ိန္သတ္မွတ္ခ်က္တစ္ခုအတြင္းမွာ အသုံးျပဳၿပီးသား အဝိုင္းျပားေတြကို အရည္ေပ်ာ္ၿပီး ေပ်ာက္ကြယ္သြားေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ရာဇဝတ္မႈေတြကို က်ဴးလြန္ၿပီးသြားရင္ အဲ့ဒီမႈခင္းေနရာမွာ သူ ရွိေနခဲ့မွန္း ဘယ္သူမွ မသိေအာင္ သဲလြန္စေတြကို လြယ္လြယ္ကူကူ ေဖ်ာက္ဖ်က္ပစ္ႏိုင္ပါတယ္။

ဒါကေတာ့ Polka-Dot Man ရဲ႕ ေကာမစ္ Origin နဲ႔ စိတ္ဝင္စားစရာအခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာပါ။ အခုလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular