HomeHealthကိုရိုးနားဗိုင်းရပ်စ်ကို ကာကွယ်ဖို့ လူတိုင်းသိထားရမယ့် အခြေခံကာကွယ်မှုများ

ကိုရိုးနားဗိုင်းရပ်စ်ကို ကာကွယ်ဖို့ လူတိုင်းသိထားရမယ့် အခြေခံကာကွယ်မှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခုလက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် နိုင်ငံတိုင်းနီးပါး ရင်ဆိုင်နေရတဲ့ ကိုရိုးနားဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း ရောက်လာပြီ ဖြစ်ပါတယ်။ ကူးစက်မြန်လွန်းတဲ့ ရောဂါဖြစ်တာမို့ ဖြစ်လာမှ ကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အပိုင်းကို ဖိဖိစီးစီး၊ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ညွှန်ကြားထားတဲ့ အခြေခံကာကွယ်မှုနည်းလမ်းတွေကို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ရပါတယ်။

လက်ကို မကြာခဏ ဆေးကြောပါ။

တစ်စုံတစ်ခုနဲ့ ကိုင်တွယ်ပြီးတိုင်း၊ အစာမစားခင်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့ရေနဲ့ စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။ တကယ်လို့ ဆပ်ပြာနဲ့ဆေးဖို့ အဆင်မပြေတဲ့နေရာမျိုးမှာဆိုရင်တော့ အယ်လ်ကိုဟောအခြေခံ ပြုလုပ်ထားတဲ့ Hand-gel မျိုးနဲ့ ဆေးသင့်ပါတယ်။ ဆေးတဲ့နေရာမှာလည်း အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာအောင် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆေးကြောလိုက်ခြင်းအားဖြင့် သင့်လက်မှာ ကပ်ငြိနေနိုင်တဲ့ ရောဂါပိုးတွေကို ပယ်သတ်ပြီးသား ဖြစ်စေပါတယ်။

Photo by National Cancer Institute on Unsplash
လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေထိုင်ပါ။

Social distancing ဆိုတာဟာ လူစုလူဝေးကို ရှောင်ကျဉ်ရတာဖြစ်ပြီး မဖြစ်မနေ အပြင်သွားလာရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး သုံးပေခွာပြီး နေထိုင်ဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် နေထိုင်တဲ့အခါ ကိုယ့်ဘေးက လူတစ်ယောက်က နှာချေလိုက်ရင်ဖြစ်စေ၊ ချောင်းဆိုးလိုက်ရင်ဖြစ်စေ လေထဲကို လွင့်ထွက်လာနိုင်တဲ့ နှပ်ရည်၊ သလိပ်ရည်တွေဟာ သင့်ရဲ့အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ တကယ်လို့ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရသူက ချောင်းဆိုး၊ နှာချေလိုက်မယ်ဆိုရင် သင့်ဆီကို ဒီလိုနည်းလမ်းနဲ့ ကူးစက်နိုင်တာကြောင့် အနည်းဆုံးသုံးပေခွာပြီး နေခိုင်းတာ ဖြစ်ပါတယ်။

မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ပါ။

ကိုရိုးနားဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အဆုတ်ထဲကို ဝင်ရောက်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ သင့်ရဲ့လက်ဟာ အရာဝတ္ထုများစွာကို ထိတွေ့ကိုင်တွယ်နေတာဖြစ်လို့ လက်မှာလည်း ဗိုင်းရပ်စ်ပိုးက ကပ်ငြိတွယ်နေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်နဲ့ ထိတွေ့ကိုင်တွယ်တာ၊ ပွတ်သပ်တာတွေ လုပ်မယ်ဆိုရင် အဲ့ဒီ့ကနေတစ်ဆင့် ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး သင့်ရဲ့အဆုတ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မျက်နှာကို လက်နဲ့ထိတာ၊ ကိုင်တာမျိုး မလုပ်ဖို့ သတိပြုရပါမယ်။

Photo by Pille-Riin Priske on Unsplash
ချောင်းဆိုး၊ နှာချေတဲ့အခါ အကာအကွယ်နဲ့ အုပ်ထားပါ။

ချောင်းဆိုး၊ နှာချေချင်လာတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့အရင်အုပ်ပါ။ တကယ်လို့ တစ်သျှူးမရှိရင်တော့ လက်ရဲ့ တံတောင်ဆစ်ကွေးနဲ့ကာပြီး ချောင်းဆိုး၊ နှာချေတာ လုပ်လို့ ရပါတယ်။ တစ်သျှူးနဲ့အုပ်ပြီး ချောင်းဆိုး၊ နှာချေပြီးတဲ့အခါ စနစ်တကျ အမှိုက်ပုံးထဲကို စွန့်ပစ်ပါ။ လက်နဲ့အုပ်ပြီး ချောင်းဆိုးတာ၊ နှာချေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီစည်းကမ်းလေးဟာ သင့်ကိုရော၊ သင့်ဘေးပတ်ဝန်းကျင်က လူတွေအတွက်ကိုပါ ရောဂါပိုးကူးစက်ခံရမှုက ကာကွယ်ပေးနိုင်တာမို့ သတိထားပြီး လိုက်နာသင့်ပါတယ်။

အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်ခဲတာတွေ ခံစားလာရရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ပြသပါ။

မအီမသာနဲ့ နေမကောင်းဖြစ်လာပြီဆိုရင် အပြင်ကို လျှောက်မသွားဘဲ အိမ်မှာပဲ နားနားနေနေ အနားယူပါ။ အချို့သော ဖျားနာမှုတွေဟာ အိမ်မှာ ကောင်းကောင်းအနားယူလိုက်တာနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ တကယ်လို့ အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရ ခက်ခဲတာတွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ သွားရောက် ကုသမှု ခံယူသင့်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါမှာလည်း သင်ရော၊ သင့်မိသားစုရော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို နားစွင့်ထားပါ။

အခုလိုအခြေအနေမှာ အခြားသောနေရာက သတင်းတွေထက် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းတွေကိုပဲ နားထောင်ပြီး တိတိကျကျ လိုက်နာဆောင်ရွက်သင့်ပါတယ်။ မိမိနေထိုင်ရာ နေရာဒေသအလိုက် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းအားဖြင့် ဒီရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က တရားဝင်ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ တိကျစွာ လိုက်နာခြင်းအားဖြင့် သင်နဲ့အတူ သင့်ပတ်ဝန်းကျင်ကိုပါ ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ အားလုံးပဲ ကျန်းမာရွှင်လန်းစွာဖြင့် ကပ်ရောဂါဘေးမှ ကင်းလွတ်နိုင်ကြပါစေ။

LaNina

(Zawgyi Version)

ယခုလက္ရွိအခ်ိန္မွာ ကမာၻ႔ကပ္ေရာဂါအျဖစ္ ႏိုင္ငံတိုင္းနီးပါး ရင္ဆိုင္ေနရတဲ့ ကို႐ိုးနားဗိုင္းရပ္စ္ဟာ ျမန္မာႏိုင္ငံကိုလည္း ေရာက္လာၿပီ ျဖစ္ပါတယ္။ ကူးစက္ျမန္လြန္းတဲ့ ေရာဂါျဖစ္တာမို႔ ျဖစ္လာမွ ကုသတာထက္ မျဖစ္ခင္ ႀကိဳတင္ကာကြယ္တဲ့အပိုင္းကို ဖိဖိစီးစီး၊ တိတိက်က် လိုက္နာေဆာင္႐ြက္ဖို႔ လိုပါတယ္။ ဒါေၾကာင့္လည္း ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္း (WHO) က ၫႊန္ၾကားထားတဲ့ အေျခခံကာကြယ္မႈနည္းလမ္းေတြကို စာဖတ္သူတို႔အတြက္ မွ်ေဝေပးလိုက္ရပါတယ္။

လက္ကို မၾကာခဏ ေဆးေၾကာပါ။

တစ္စုံတစ္ခုနဲ႔ ကိုင္တြယ္ၿပီးတိုင္း၊ အစာမစားခင္တိုင္းမွာ လက္ကို ဆပ္ျပာနဲ႔ေရနဲ႔ စင္ၾကယ္စြာ ေဆးေၾကာသင့္ပါတယ္။ တကယ္လို႔ ဆပ္ျပာနဲ႔ေဆးဖို႔ အဆင္မေျပတဲ့ေနရာမ်ိဳးမွာဆိုရင္ေတာ့ အယ္လ္ကိုေဟာအေျခခံ ျပဳလုပ္ထားတဲ့ Hand-gel မ်ိဳးနဲ႔ ေဆးသင့္ပါတယ္။ ေဆးတဲ့ေနရာမွာလည္း အနည္းဆုံး စကၠန႔္ႏွစ္ဆယ္ၾကာေအာင္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ ဒီလိုေဆးေၾကာလိုက္ျခင္းအားျဖင့္ သင့္လက္မွာ ကပ္ၿငိေနႏိုင္တဲ့ ေရာဂါပိုးေတြကို ပယ္သတ္ၿပီးသား ျဖစ္ေစပါတယ္။

Photo by National Cancer Institute on Unsplash
လူတစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနထိုင္ပါ။

Social distancing ဆိုတာဟာ လူစုလူေဝးကို ေရွာင္က်ဥ္ရတာျဖစ္ၿပီး မျဖစ္မေန အျပင္သြားလာရတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ အနည္းဆုံး သုံးေပခြာၿပီး ေနထိုင္ဖို႔ကို ဆိုလိုတာ ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နီးနီးကပ္ကပ္ ေနထိုင္တဲ့အခါ ကိုယ့္ေဘးက လူတစ္ေယာက္က ႏွာေခ်လိုက္ရင္ျဖစ္ေစ၊ ေခ်ာင္းဆိုးလိုက္ရင္ျဖစ္ေစ ေလထဲကို လြင့္ထြက္လာႏိုင္တဲ့ ႏွပ္ရည္၊ သလိပ္ရည္ေတြဟာ သင့္ရဲ႕အသက္ရႉလမ္းေၾကာင္းထဲကို ဝင္ေရာက္သြားႏိုင္ပါတယ္။ တကယ္လို႔ ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံထားရသူက ေခ်ာင္းဆိုး၊ ႏွာေခ်လိုက္မယ္ဆိုရင္ သင့္ဆီကို ဒီလိုနည္းလမ္းနဲ႔ ကူးစက္ႏိုင္တာေၾကာင့္ အနည္းဆုံးသုံးေပခြာၿပီး ေနခိုင္းတာ ျဖစ္ပါတယ္။

မ်က္လုံး၊ ႏွာေခါင္းနဲ႔ ပါးစပ္တို႔ကို ထိေတြ႕ကိုင္တြယ္ျခင္းမွ ေရွာင္က်ဥ္ပါ။

ကို႐ိုးနားဗိုင္းရပ္စ္ဟာ အသက္ရႉလမ္းေၾကာင္းကေနတစ္ဆင့္ အဆုတ္ထဲကို ဝင္ေရာက္တဲ့ ေရာဂါပိုး ျဖစ္ပါတယ္။ သင့္ရဲ႕လက္ဟာ အရာဝတၳဳမ်ားစြာကို ထိေတြ႕ကိုင္တြယ္ေနတာျဖစ္လို႔ လက္မွာလည္း ဗိုင္းရပ္စ္ပိုးက ကပ္ၿငိတြယ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္လုံး၊ ႏွာေခါင္းနဲ႔ ပါးစပ္တို႔ကို လက္နဲ႔ ထိေတြ႕ကိုင္တြယ္တာ၊ ပြတ္သပ္တာေတြ လုပ္မယ္ဆိုရင္ အဲ့ဒီ့ကေနတစ္ဆင့္ ဗိုင္းရပ္စ္က အသက္ရႉလမ္းေၾကာင္းထဲကို ဝင္ေရာက္ၿပီး သင့္ရဲ႕အဆုတ္ကို ဒုကၡေပးႏိုင္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် မ်က္ႏွာကို လက္နဲ႔ထိတာ၊ ကိုင္တာမ်ိဳး မလုပ္ဖို႔ သတိျပဳရပါမယ္။

Photo by Pille-Riin Priske on Unsplash
ေခ်ာင္းဆိုး၊ ႏွာေခ်တဲ့အခါ အကာအကြယ္နဲ႔ အုပ္ထားပါ။

ေခ်ာင္းဆိုး၊ ႏွာေခ်ခ်င္လာတဲ့အခါ ပါးစပ္နဲ႔ ႏွာေခါင္းကို တစ္သွ်ဴးနဲ႔အရင္အုပ္ပါ။ တကယ္လို႔ တစ္သွ်ဴးမရွိရင္ေတာ့ လက္ရဲ႕ တံေတာင္ဆစ္ေကြးနဲ႔ကာၿပီး ေခ်ာင္းဆိုး၊ ႏွာေခ်တာ လုပ္လို႔ ရပါတယ္။ တစ္သွ်ဴးနဲ႔အုပ္ၿပီး ေခ်ာင္းဆိုး၊ ႏွာေခ်ၿပီးတဲ့အခါ စနစ္တက် အမႈိက္ပုံးထဲကို စြန႔္ပစ္ပါ။ လက္နဲ႔အုပ္ၿပီး ေခ်ာင္းဆိုးတာ၊ ႏွာေခ်တာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။ ဒီစည္းကမ္းေလးဟာ သင့္ကိုေရာ၊ သင့္ေဘးပတ္ဝန္းက်င္က လူေတြအတြက္ကိုပါ ေရာဂါပိုးကူးစက္ခံရမႈက ကာကြယ္ေပးႏိုင္တာမို႔ သတိထားၿပီး လိုက္နာသင့္ပါတယ္။

အဖ်ားတက္တာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႉရခက္ခဲတာေတြ ခံစားလာရရင္ နီးစပ္ရာ က်န္းမာေရးဌာနကို သြားေရာက္ျပသပါ။

မအီမသာနဲ႔ ေနမေကာင္းျဖစ္လာၿပီဆိုရင္ အျပင္ကို ေလွ်ာက္မသြားဘဲ အိမ္မွာပဲ နားနားေနေန အနားယူပါ။ အခ်ိဳ႕ေသာ ဖ်ားနာမႈေတြဟာ အိမ္မွာ ေကာင္းေကာင္းအနားယူလိုက္တာနဲ႔ ေပ်ာက္ကင္းသက္သာႏိုင္ပါတယ္။ တကယ္လို႔ အဖ်ားတက္တာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႉရ ခက္ခဲတာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ နီးစပ္ရာ က်န္းမာေရးဌာနေတြမွာ သြားေရာက္ ကုသမႈ ခံယူသင့္ပါတယ္။ ေနမေကာင္းျဖစ္တဲ့အခါမွာလည္း သင္ေရာ၊ သင့္မိသားစုေရာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္ေတြကို တိတိက်က် လိုက္နာေဆာင္႐ြက္ဖို႔ လိုအပ္ပါတယ္။

က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ သတင္းအခ်က္အလက္ေတြကို နားစြင့္ထားပါ။

အခုလိုအေျခအေနမွာ အျခားေသာေနရာက သတင္းေတြထက္ က်န္းမာေရးဝန္ႀကီးဌာနက တရားဝင္ ထုတ္ျပန္ထားတဲ့ သတင္းေတြကိုပဲ နားေထာင္ၿပီး တိတိက်က် လိုက္နာေဆာင္႐ြက္သင့္ပါတယ္။ မိမိေနထိုင္ရာ ေနရာေဒသအလိုက္ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာျခင္းအားျဖင့္ ဒီေရာဂါပိုး ကူးစက္ခံရျခင္းမွ ကာကြယ္ႏိုင္ပါတယ္။

ဒါကေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (WHO) က တရားဝင္ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္ေတြ ျဖစ္ပါတယ္။ တိက်စြာ လိုက္နာျခင္းအားျဖင့္ သင္နဲ႔အတူ သင့္ပတ္ဝန္းက်င္ကိုပါ ကာကြယ္ၿပီးသား ျဖစ္ေစမွာပါ။ အားလုံးပဲ က်န္းမာ႐ႊင္လန္းစြာျဖင့္ ကပ္ေရာဂါေဘးမွ ကင္းလြတ္ႏိုင္ၾကပါေစ။

LaNina

 

RELATED ARTICLES

Most Popular