HomeCharacterProfessor Charles Xavier နဲ့ ပတ်သက်တဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာများ

Professor Charles Xavier နဲ့ ပတ်သက်တဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Professor X လို့ခေါ်ကြတဲ့ Charles Xavier ဟာ ၁၉၆၃ခုနှစ်က ထွက်ရှိခဲ့တဲ့ The X-Men #1 ဆိုတဲ့ ကောမစ်ထဲမှာ ပထမဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ စွမ်းအားအကြီးဆုံး X-Men တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ တစ်ခြားသန္ဓေပြောင်းလူသားတွေကို ဖခင်သဖွယ် စောင့်ရှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်ထဲမှာတော့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပ်ပြီးတော့ ဖော်ပြထားတာ မရှိပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Professor X ရဲ့ဘဝနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သူဟာ အလွန်တော်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
photo via screenrant

Charles Xavier ဟာ အခုလိုမျိူး စူပါဟီးရိုးတစ်ယောက် ဖြစ်မလာခင် အချိန်တုန်းက ကမ္ဘာလှည့်ခရီးသည်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မေ့ပစ်ပြီး တစ်ခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ဗဟုသုတရစရာတွေကို သင်ယူချင်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အာရှဘက်ကို ရောက်လာခဲ့ပါတယ်။

အာရှတိုက်ကို ရောက်လာတဲ့ Charles Xavier ဟာ တကယ်တော်တဲ့ ကိုယ်ခံပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကိုယ်ခံပညာတွေကို သင်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ်ခံပညာတွေကို ကျွမ်းကျင်တတ်မြောက်လာတဲ့အပြင် သူ့ရဲ့စိတ်ဖတ်တဲ့စွမ်းအားကိုပါ အသုံးပြုပြီး တိုက်ခိုက်တတ်တာကြောင့် သူ့ကိုအနိုင်ရဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါတယ်။

သူဟာ X-Men တွေ အပါအဝင် တစ်ခြားသန္ဓေပြောင်းလူသားအားလုံးကို ဘယ်လိုသတ်ရမလည်းဆိုတဲ့ အစီအစဉ်ကို ပြုလုပ်ထားခဲ့ပါတယ်။
photo via screenrant

Batman ဟာ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပေမယ့်လည်း သူ့အဖွဲ့ဝင်တွေရဲ့ အားနည်းချက်တွေအားလုံးကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ အကြောင်းအမျိူးမျိူးကြောင့် ဗီလိန်တွေဖြစ်သွားခဲ့ရင် သူတို့ကို ဘယ်လိုသတ်ရမလည်းဆိုတဲ့ အစီအစဉ်တွေကိုပါ ကြိုတင်စီစဉ်ထားပါတယ်။

Professor X ဟာလည်း အလားတူပဲ Batman နဲ့ ဆင်တူတဲ့ အစီအစဉ်တွေကို ကြိုတင်ပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ထဲမှာတော့ X-Men အဖွဲ့ဝင်တွေအားလုံး ပါဝင်သလို တစ်ခြားသန္ဓေပြောင်းလူသားတွေလည်း ပါဝင်ပါတယ်။ သူတို့အားလုံးရဲ့ အားနည်းချက်တွေိကို မှတ်တမ်းတင်ထားပြီး သူ့တို့ကို ဘယ်လိုသတ်ရမလည်းဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကိုပါ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့အသိစိတ်ကို တစ်ခြားသက်ရှိတွေထဲကို လွှဲပြောင်းလို့ရပါတယ်။
photo via screenrant

Professor X ရဲ့ စိတ်စွမ်းအားဟာ ကိစ္စအရာအများစုကို ပြုလုပ်လို့ရပြီး Jean Grey ပြီးရင် သူ့ရဲ့စိတ်စွမ်းအားဟာ အကြမ်းဆုံးလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့စိတ်စွမ်းအားနဲ့ လုပ်နိုင်တဲ့ အရာတွေထဲက တစ်ခုကတော့ သူ့ရဲ့အသိစိတ်ကို တစ်ခြားသက်ရှိတွေထဲကို လွှဲပြောင်းပေးလို့ ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီစွမ်းအားကို အသုံးပြုပြီး တစ်ခြားကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူလိုက်ရင် သူဟာ အောက်ပိုင်းမသေတော့ဘဲ ကျန်းကျန်းမာမာ နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ် မသေဆုံးခင်မှာ သူ့ရဲ့အသိစိတ်ကို တစ်ခြားလူတစ်ယောက်ထဲကို လွှဲပြောင်းပြီး နေသွားမယ်ဆိုရင် မသေမျိူးတစ်ယောက်လိုတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီရည်ရွယ်ချက်နဲ့ သူ့ရဲ့စွမ်းအားတွေကို အသုံးပြုနေမယ်ဆိုရင် မကောင်းဘူးလို့ ယူဆတာကြောင့် အဲ့ဒီစွမ်းအားကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။

သူ့ရဲ့ အကြီးမားဆုံးရန်သူတွေကတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ အဖေတူအမေကွဲ ညီအစ်ကိုနဲ့ သူ့ရဲ့အမွှာတို့ပဲ ဖြစ်ပါတယ်။
photo via screenrant

Magneto ဟာ Professor X  ရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သလို အကြီးမားဆုံး ရန်သူဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့်လည်း X-Men အဖွဲ့ကို စတင်ဖန်တီးခဲ့တဲ့ ကနဦးကာလမှာတော့ သူဟာ Juggernaut နဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ လူတွေ သိပ်မသိသေးတဲ့အချက်ကတော့ Juggernaut နဲ့ Professor X တို့ဟာ အဖေတူအမေကွဲ ညီအစ်ကို တော်စပ်တာကိုပဲ ဖြစ်ပါတယ်။

Magneto နဲ့ Juggernaut တို့နှစ်ယောက်လုံးဟာ သူတို့ရဲ့ခေါင်းစွပ်တွေကို အသုံးပြုပြီး Professor X ရဲ့ စိတ်ဖတ်တဲ့အစွမ်းကို ကာကွယ်ထားကြပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ Cassandra Nova လို့ခေါ်တဲ့ သူ့ရဲ့အမွှာညီမ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံးဟာ မမွေးခင် အမေ့ဗိုက်ထဲမှာတည်းက တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Cassandra ဟာ Professor X လိုပဲ စွမ်းအားကြီးတဲ့အပြင် နောက်ပိုင်းမှာတော့ သူမဟာ စူပါဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

မူလက Professor X နဲ့ Magneto တို့ကို ညီအစ်ကိုအဖြစ် ဖန်တီးဖို့ စီစဉ်ထားခဲ့တာပါ။
photo via screenrant

သူတို့နှစ်ယောက်ဟာ Live Action ထဲမှာရော၊ ကောမစ်ထဲမှာပါ မကြာခဏ ရန်သူတွေဖြစ်လိုက်၊ မိတ်ဆွေတွေဖြစ်လိုက် ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်လုံးရဲ့ ပန်းတိုင်ဟာ တစ်ခုတည်းပါပဲ။ သို့ပေမယ့်လည်း အဲ့ဒီပန်းတိုင်ကို သွားချင်တဲ့ပုံစံချင်းပဲ ကွဲပြားသွားတာ ဖြစ်ပါတယ်။

Stan Lee ဟာ သူတို့နှစ်ယောက်ကို ညီအစ်ကိုအရင်းတွေအဖြစ် ဖန်တီးချင်ခဲ့ပြီး ဇာတ်လမ်းတစ်ခုမှာတော့ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ချပြချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချက်ဟာ အကြောင်းအမျိူးမျိူးကြောင့် ဖြစ်မလာတဲ့အပြင် အချိန်တွေ ကြာလာတာကြောင့် လူတွေကလည်း မေ့ပျောက်သွားကြပါတယ်။

ကောမစ်ထဲမှာ အကြိမ်ပေါင်းများစွာ သေဆုံးဖူးတဲ့ Professor X
photo via screenrant

ကောမစ်ထဲက ဇာတ်ကောင်တွေဟာ မကြာခဏ သေဆုံးတတ်ကြပြီး အများစုကတော့ နောက်ပိုင်းမှာ အကြောင်းတစ်မျိူးမျိူးကြောင့် ပြန်လည်ရှင်သန်လာတတ်ကြပါတယ်။ Professor X ဟာ အလားတူပဲ ကောမစ်ထဲမှာ မကြာခဏသေဆုံးခဲ့ပြီး ပြန်လည်ရှင်သန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုတွေထဲကတစ်ခုကတော့ Avengers Vs. X-Men ဆိုတဲ့ ကောမစ်စီးရီးထဲမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ထဲမှာတော့ Cyclops ဟာ အကြောင်းတစ်ခုကြောင့် Phoenix Force ကို ရရှိသွားခဲ့ပါတယ်။ Professor X ဟာ သူ့ကို တားဆီးဖို့ ကြိုးစားခဲ့တာကြောင့် Cyclops ဟာ Professor X ကို သတ်ပစ်လိုက်ပါတော့တယ်။ ဒီအဖြစ်အပျက်ကတော့ ၂၀၁၂ခုနှစ်တုန်းက ဖြစ်ခဲ့တာဖြစ်ပြီး သူဟာ အဆိုပါကောမစ်ထဲမှာ အချိန်အတော်ကြာ သေဆုံးနေခဲ့ပါတယ်။

ဒါကတော့ Professor X ခေါ် Charles Xavier နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးတွေကို အမြဲတမ်း ဖတ်နိုင်ဖို့ ဒီပေ့ချ်ကို Like & See First လုပ်ထားပေးပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Professor X လို႔ေခၚၾကတဲ့ Charles Xavier ဟာ ၁၉၆၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ The X-Men #1 ဆိုတဲ့ ေကာမစ္ထဲမွာ ပထမဆုံး ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ စြမ္းအားအႀကီးဆုံး X-Men ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ တစ္ျခားသေႏၶေျပာင္းလူသားေတြကို ဖခင္သဖြယ္ ေစာင့္ေရွာက္ေပးခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ုပ္ရွင္ထဲမွာေတာ့ သူနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို သိပ္ၿပီးေတာ့ ေဖာ္ျပထားတာ မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Professor X ရဲ႕ဘဝနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

သူဟာ အလြန္ေတာ္တဲ့ ကိုယ္ခံပညာရွင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။
photo via screenrant

Charles Xavier ဟာ အခုလိုမ်ိဴး စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္မလာခင္ အခ်ိန္တုန္းက ကမာၻလွည့္ခရီးသည္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕အတိတ္ကအေၾကာင္းေတြကို ေမ့ပစ္ၿပီး တစ္ျခားႏိုင္ငံေတြရဲ႕ ယဥ္ေက်းမႈေတြနဲ႔ ဗဟုသုတရစရာေတြကို သင္ယူခ်င္လို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အာရွဘက္ကို ေရာက္လာခဲ့ပါတယ္။

အာရွတိုက္ကို ေရာက္လာတဲ့ Charles Xavier ဟာ တကယ္ေတာ္တဲ့ ကိုယ္ခံပညာရွင္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး ကိုယ္ခံပညာေတြကို သင္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကိုယ္ခံပညာေတြကို ကြၽမ္းက်င္တတ္ေျမာက္လာတဲ့အျပင္ သူ႔ရဲ႕စိတ္ဖတ္တဲ့စြမ္းအားကိုပါ အသုံးျပဳၿပီး တိုက္ခိုက္တတ္တာေၾကာင့္ သူ႔ကိုအႏိုင္ရဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ ျဖစ္သြားပါတယ္။

သူဟာ X-Men ေတြ အပါအဝင္ တစ္ျခားသေႏၶေျပာင္းလူသားအားလုံးကို ဘယ္လိုသတ္ရမလည္းဆိုတဲ့ အစီအစဥ္ကို ျပဳလုပ္ထားခဲ့ပါတယ္။
photo via screenrant

Batman ဟာ Justice League အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း သူ႔အဖြဲ႕ဝင္ေတြရဲ႕ အားနည္းခ်က္ေတြအားလုံးကို မွတ္တမ္းတင္ထားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဗီလိန္ေတြျဖစ္သြားခဲ့ရင္ သူတို႔ကို ဘယ္လိုသတ္ရမလည္းဆိုတဲ့ အစီအစဥ္ေတြကိုပါ ႀကိဳတင္စီစဥ္ထားပါတယ္။

Professor X ဟာလည္း အလားတူပဲ Batman နဲ႔ ဆင္တူတဲ့ အစီအစဥ္ေတြကို ႀကိဳတင္ျပဳလုပ္ထားခဲ့ပါတယ္။ အဲ့ဒီအစီအစဥ္ထဲမွာေတာ့ X-Men အဖြဲ႕ဝင္ေတြအားလုံး ပါဝင္သလို တစ္ျခားသေႏၶေျပာင္းလူသားေတြလည္း ပါဝင္ပါတယ္။ သူတို႔အားလုံးရဲ႕ အားနည္းခ်က္ေတြိကို မွတ္တမ္းတင္ထားၿပီး သူ႔တို႔ကို ဘယ္လိုသတ္ရမလည္းဆိုတဲ့ အေသးစိတ္အစီအစဥ္ေတြကိုပါ ႀကိဳတင္ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

သူ႔ရဲ႕အသိစိတ္ကို တစ္ျခားသက္ရွိေတြထဲကို လႊဲေျပာင္းလို႔ရပါတယ္။
photo via screenrant

Professor X ရဲ႕ စိတ္စြမ္းအားဟာ ကိစၥအရာအမ်ားစုကို ျပဳလုပ္လို႔ရၿပီး Jean Grey ၿပီးရင္ သူ႔ရဲ႕စိတ္စြမ္းအားဟာ အၾကမ္းဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕စိတ္စြမ္းအားနဲ႔ လုပ္ႏိုင္တဲ့ အရာေတြထဲက တစ္ခုကေတာ့ သူ႔ရဲ႕အသိစိတ္ကို တစ္ျခားသက္ရွိေတြထဲကို လႊဲေျပာင္းေပးလို႔ ရတာပဲ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီစြမ္းအားကို အသုံးျပဳၿပီး တစ္ျခားက်န္းမာတဲ့ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို ယူလိုက္ရင္ သူဟာ ေအာက္ပိုင္းမေသေတာ့ဘဲ က်န္းက်န္းမာမာ ေနႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ခႏၶာကိုယ္ မေသဆုံးခင္မွာ သူ႔ရဲ႕အသိစိတ္ကို တစ္ျခားလူတစ္ေယာက္ထဲကို လႊဲေျပာင္းၿပီး ေနသြားမယ္ဆိုရင္ မေသမ်ိဴးတစ္ေယာက္လိုေတာင္ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္လည္း သူဟာ အဲ့ဒီရည္႐ြယ္ခ်က္နဲ႔ သူ႔ရဲ႕စြမ္းအားေတြကို အသုံးျပဳေနမယ္ဆိုရင္ မေကာင္းဘူးလို႔ ယူဆတာေၾကာင့္ အဲ့ဒီစြမ္းအားကို အသုံးျပဳခဲ့ျခင္း မရွိပါဘူး။

သူ႔ရဲ႕ အႀကီးမားဆုံးရန္သူေတြကေတာ့ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း၊ အေဖတူအေမကြဲ ညီအစ္ကိုနဲ႔ သူ႔ရဲ႕အမႊာတို႔ပဲ ျဖစ္ပါတယ္။
photo via screenrant

Magneto ဟာ Professor X  ရဲ႕အခ်စ္ဆုံး သူငယ္ခ်င္းတစ္ေယာက္ ျဖစ္သလို အႀကီးမားဆုံး ရန္သူဆိုလည္း ဟုတ္ပါတယ္။ ဒါေပမယ့္လည္း X-Men အဖြဲ႕ကို စတင္ဖန္တီးခဲ့တဲ့ ကနဦးကာလမွာေတာ့ သူဟာ Juggernaut နဲ႔ မၾကာခဏ ရင္ဆိုင္ခဲ့ရပါတယ္။ လူေတြ သိပ္မသိေသးတဲ့အခ်က္ကေတာ့ Juggernaut နဲ႔ Professor X တို႔ဟာ အေဖတူအေမကြဲ ညီအစ္ကို ေတာ္စပ္တာကိုပဲ ျဖစ္ပါတယ္။

Magneto နဲ႔ Juggernaut တို႔ႏွစ္ေယာက္လုံးဟာ သူတို႔ရဲ႕ေခါင္းစြပ္ေတြကို အသုံးျပဳၿပီး Professor X ရဲ႕ စိတ္ဖတ္တဲ့အစြမ္းကို ကာကြယ္ထားၾကပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ Cassandra Nova လို႔ေခၚတဲ့ သူ႔ရဲ႕အမႊာညီမ ျဖစ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ မေမြးခင္ အေမ့ဗိုက္ထဲမွာတည္းက တိုက္ခိုက္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Cassandra ဟာ Professor X လိုပဲ စြမ္းအားႀကီးတဲ့အျပင္ ေနာက္ပိုင္းမွာေတာ့ သူမဟာ စူပါဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

မူလက Professor X နဲ႔ Magneto တို႔ကို ညီအစ္ကိုအျဖစ္ ဖန္တီးဖို႔ စီစဥ္ထားခဲ့တာပါ။
photo via screenrant

သူတို႔ႏွစ္ေယာက္ဟာ Live Action ထဲမွာေရာ၊ ေကာမစ္ထဲမွာပါ မၾကာခဏ ရန္သူေတြျဖစ္လိုက္၊ မိတ္ေဆြေတြျဖစ္လိုက္ ျဖစ္ေနခဲ့ပါတယ္။ တကယ္ေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕ ပန္းတိုင္ဟာ တစ္ခုတည္းပါပဲ။ သို႔ေပမယ့္လည္း အဲ့ဒီပန္းတိုင္ကို သြားခ်င္တဲ့ပုံစံခ်င္းပဲ ကြဲျပားသြားတာ ျဖစ္ပါတယ္။

Stan Lee ဟာ သူတို႔ႏွစ္ေယာက္ကို ညီအစ္ကိုအရင္းေတြအျဖစ္ ဖန္တီးခ်င္ခဲ့ၿပီး ဇာတ္လမ္းတစ္ခုမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ညီအစ္ကိုျဖစ္တဲ့အေၾကာင္း ပရိသတ္ေတြကို ခ်ျပခ်င္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်က္ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ျဖစ္မလာတဲ့အျပင္ အခ်ိန္ေတြ ၾကာလာတာေၾကာင့္ လူေတြကလည္း ေမ့ေပ်ာက္သြားၾကပါတယ္။

ေကာမစ္ထဲမွာ အႀကိမ္ေပါင္းမ်ားစြာ ေသဆုံးဖူးတဲ့ Professor X
photo via screenrant

ေကာမစ္ထဲက ဇာတ္ေကာင္ေတြဟာ မၾကာခဏ ေသဆုံးတတ္ၾကၿပီး အမ်ားစုကေတာ့ ေနာက္ပိုင္းမွာ အေၾကာင္းတစ္မ်ိဴးမ်ိဴးေၾကာင့္ ျပန္လည္ရွင္သန္လာတတ္ၾကပါတယ္။ Professor X ဟာ အလားတူပဲ ေကာမစ္ထဲမွာ မၾကာခဏေသဆုံးခဲ့ၿပီး ျပန္လည္ရွင္သန္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

သူ႔ရဲ႕ေသဆုံးမႈေတြထဲကတစ္ခုကေတာ့ Avengers Vs. X-Men ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ ျဖစ္ပါတယ္။ အဲ့ဒီ့ထဲမွာေတာ့ Cyclops ဟာ အေၾကာင္းတစ္ခုေၾကာင့္ Phoenix Force ကို ရရွိသြားခဲ့ပါတယ္။ Professor X ဟာ သူ႔ကို တားဆီးဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ Cyclops ဟာ Professor X ကို သတ္ပစ္လိုက္ပါေတာ့တယ္။ ဒီအျဖစ္အပ်က္ကေတာ့ ၂၀၁၂ခုႏွစ္တုန္းက ျဖစ္ခဲ့တာျဖစ္ၿပီး သူဟာ အဆိုပါေကာမစ္ထဲမွာ အခ်ိန္အေတာ္ၾကာ ေသဆုံးေနခဲ့ပါတယ္။

ဒါကေတာ့ Professor X ေခၚ Charles Xavier နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေတြကို အၿမဲတမ္း ဖတ္ႏိုင္ဖို႔ ဒီေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦးလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular