HomeEntertainmentFilmသင်ထင်ထားတာထက် ပိုကြမ်းတမ်းတဲ့ Dr. Strange 2 ထဲက Professor X ရဲ့သေဆုံးမှု

သင်ထင်ထားတာထက် ပိုကြမ်းတမ်းတဲ့ Dr. Strange 2 ထဲက Professor X ရဲ့သေဆုံးမှု

Scarlet Witch ရဲ့စွမ်းအားတွေကိုတော့ Doctor Strange in the Multiverse of Madness ထဲမှာ အပြည့်အဝ မြင်တွေ့လိုက်ကြရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Scarlet Witch ရဲ့ ကြမ်းတမ်း ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရပြီး အဲဒီထဲမှာမှ Professor X ကို သတ်ဖြတ်ခဲ့ပုံကလည်း ပရိသတ်အများစု တွေးထင်ထားတာထက် ပိုပြီးကြမ်းတမ်းခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Scarlet Witch ဟာ Earth-838 က သူမ variant ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး dreamwalk ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ရည်မှန်းချက်ကို နှောင့်ယှက်မယ့် ဘယ်သူ့ကိုမဆို ရှင်းလင်းပစ်ဖို့ ဝန်မလေးတဲ့ Scarlet Witch ဟာ Earth-838 က Illuminati အဖွဲ့ဝင်တွေကိုလည်း ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ခဲ့ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Reed Richards ကိုတော့ တစ်ကိုယ်လုံး ဖဲကြိုးတွေလို ဖွာထွက်အောင် ပြုလုပ်ပြီး ဦးခေါင်းကိုလည်း ပေါက်ကွဲထွက်အောင် လုပ်ပစ်ခဲ့ပါတယ်။ Black Bolt ကိုတော့ ပါးစပ်ပေါက်မရှိတော့အောင် လုပ်လိုက်ပြီး သူ့ရဲ့အသံကြောင့် ဦးခေါင်းခွံနဲ့ ဦးနှောက်တွေ ပျော်ကျပျက်စီးသွားအောင် လုပ်လိုက်ပြန်ပါတယ်။ Captain Carter ကိုတော့ သူမရဲ့ဒိုင်းကိုပဲ ပြန်သုံးပြီး နှစ်ပိုင်းပိုင်းပစ်လိုက်ပါတယ်။ အလားတူပဲ Captain Marvel ကိုလည်း အဆောက်အဦးကြီးနဲ့ ဖိသတ်လိုက်ပါတယ်။

Professor X နဲ့ ရင်ဆိုင်တွေ့တဲ့အခါမှာတော့ သူဟာ Scarlet Witch ကို အနိုင်ယူနိုင်လုနီးပါး ဖြစ်ခဲ့ပြီးမှ ကျရှုံးခဲ့ရတာ ဖြစ်ပါတယ်။ Scarlet Witch ဟာ စွမ်းအားကြီးမားလွန်းတဲ့ မှော်ပညာတွေကို ပိုင်ဆိုင်ထားပေမယ့် အဲဒီအစွမ်းတွေကိုတော့ သူမရဲ့စိတ်မရှိဘဲ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ Professor X ကတော့ dreamwalk လုပ်စရာမလိုဘဲ လူတွေရဲ့စိတ်ထဲကို ဝင်ရောက်ကာ သူလိုအပ်သလို ကြိုးကိုင်နိုင်တဲ့အစွမ်း ရှိပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒါကြောင့်လည်း သူဟာ Scarlet Witch ရဲ့စိတ်ထဲကို ဝင်ရောက်ပြီး သူမကိုတားမြစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ Wanda Maximoff ကို ရှာတွေ့တဲ့အချိန်မှာတော့ သူမဟာ အဆောက်အဦးအပိုင်းအစတွေရဲ့ အောက်က ပိတ်ထားတဲ့ တံခါးချပ်နောက်မှာ ရှိနေပါတယ်။ Wanda ဟာ သူမကိုကူညီပေးဖို့ အကူအညီတောင်းခဲ့သလို Professor X ဟာလည်း Scarlet Witch ရဲ့ ကြမ်းတမ်းမှုတွေကို အဆုံးသတ်စေဖို့ရာ သူမကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

သို့သော်လည်း အဲဒီအဖြစ်အပျက်တွေဟာ Scarlet Witch ရဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့အတွက် Scarlet Witch ဟာလည်း ဒါတွေကို ထိန်းချုပ်နိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့်ပဲ အနီရောင်အခိုးအငွေ့တွေနဲ့အတူ Scarlet Witch ဟာ Professor X ရဲ့အနောက်ကနေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မျက်စိတမှိတ်အတွင်းမှာပဲ Professor X ကို သတ်ပစ်လိုက်တာ တွေ့ရပါတယ်။

အဲဒီအခိုက်အတန့်ကတော့ မြန်ဆန်လွန်းတာကြောင့် ပရိသတ်အများစုဟာ Scarlet Witch က Professor X ကို လည်လိမ်ချိုးပြီး သတ်ပစ်လိုက်တယ်လို့ပဲ မြင်မိကြမှာ ဖြစ်ပါတယ်။ သို့သော်လည်း တကယ်တမ်း Professor X ကို သူမ သတ်ဖြတ်ခဲ့တဲ့ပုံစံဟာ ဒီထက်ပိုပြီး ကြမ်းတမ်းရက်စက်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းကို pause နှိပ်ပြီး slow motion နဲ့ ပြန်ကြည့်ရင်တော့ သူမဟာ Professor X ရဲ့ ခေါင်းကို နဖူးနဲ့ ပါးစပ်ကနေ ကိုင်ပြီး လိမ်ချိုးလိုက်ပြီးမှ မျက်နှာကို နှစ်ခြမ်းဆွဲဖြဲပစ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Scarlet Witch ဟာ ပုံပျက်နေတဲ့ မျက်နှာကြီးနဲ့အတူ လွှသွားတွေလို ချွန်ထက်နေတဲ့ သွားတွေ၊ လက်သည်းရှည်ကြီးတွေနဲ့ classic evil witch တစ်ယောက်လို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကတော့ အမှတ်တမဲ့ ကြည့်လိုက်ရင် ဒီတိုင်းသတ်ပစ်လိုက်တယ်လို့ပဲ ထင်ရပေမယ့် တကယ်တမ်းမှာ Scarlet Witch ရဲ့ ဘယ်လောက်ထိ သွေးအေးပြီး ရက်စက် ကြမ်းတမ်းနေတယ်ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်ကို ပေါ်လွင်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular