HomeEntertainmentFilmPugsley က ဘာကြောင့် Wednesday နဲ့အတူ Nevermore ကို မတက်ခဲ့တာလဲ?

Pugsley က ဘာကြောင့် Wednesday နဲ့အတူ Nevermore ကို မတက်ခဲ့တာလဲ?

ဒီဇာတ်လမ်းတွဲထဲမှာတော့ Addams Family ဟာ Wednesday ကို Nevermore Academy ကို ပို့ခဲ့ပေမယ့်လည်း သူမရဲ့မောင်ဖြစ်တဲ့ Pugsley ကတော့ မပါဝင်ခဲ့ပါဘူး။ ဇာတ်လမ်းအစမှာတော့ သူတို့မောင်နှမ နှစ်ယောက်လုံးဟာ သာမန်လူတွေ တက်ကြတဲ့ ကျောင်းမှာ တက်ရောက်ခဲ့ပြီး Pugsley ဟာ အနိုင်ကျင့်ခံနေရတာကြောင့် Wednesday ဟာ သူ့မောင်ကို အနိုင်ကျင့်သွားတဲ့သူတွေကို အသားစားငါးတွေနဲ့ တိုက်ခိုက်စေခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Wednesday ဟာ ကျောင်းထုတ်ခံခဲ့ရပြီး Nevermore Academy ကို ရောက်ရှိလာခဲ့ပါတယ်။

photo via screenrant

ဒီအချိန်မှာ မေးစရာ ရှိလာတာကတော့ Addams မိသားစုဟာ ဘာကြောင့် Pugsley ကိုရော Nevermore မှာ မတက်ရောက်စေခဲ့တာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကတော့ အများကြီး ရှိပါတယ်။ ပထမတစ်ခုကတော့ Nevermore Academy ဟာ အလွန်ဈေးကြီးတဲ့ ကျောင်းတစ်ခု ဖြစ်နေပြီး မိသားစုတစ်ခုတည်းရဲ့ သားသမီးတွေ အကုန်လုံးကို လက်မခံတဲ့ စည်းကမ်း ရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ Nevermore Academy မှာ မြင်တွေ့ခဲ့ရတဲ့ ကျောင်းသားကျောင်းသူ အားလုံးက ဆယ်ကျော်သက်အရွယ်တွေ ဖြစ်နေကြပြီး Pugsley ကတော့ အသက်မပြည့်သေးတာကြောင့် တက်ရောက်ခွင့် မရသေးတာလို့ ယူဆရပါတယ်။

ဒါ့အပြင် Nevermore Academy ဟာ စွမ်းအားတွေ ပိုင်ဆိုင်ထားသူတွေပဲ တက်ရောက်ကြတဲ့ ကျောင်းဖြစ်ပြီး Season 1 တလျှောက်လုံးမှာ Pugsley က ဘာစွမ်းအားမှ ထုတ်မပြခဲ့ပါဘူး။ ဒါကြောင့်ပဲ Pugsley ဟာ စွမ်းအားမရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်နေတာကြောင့် တက်ရောက်ခွင့် မရတာပါလို့ ပြောလို့ရပေမယ့်လည်း တကယ်တော့ ဒီအချက်ဟာ မှားယွင်းနေပါတယ်။ အကြောင်းကတော့ Pugsley ဟာ စွမ်းအားမရှိတဲ့ သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Wednesday တောင် အသက်(၁၅)နှစ်အရွယ်မှ စွမ်းအားတွေ စတင်ရလာခဲ့တာ ဖြစ်ပြီး Pugsley ဟာလည်း အဲဒီအသက်အရွယ်ရောက်မှ စွမ်းအားတွေ ရလာမှာ ဖြစ်နိုင်ပါတယ်။

photo via screenrant

Nevermore Academy ဟာ Wednesday ရဲ့ ဘဝကို ပြောင်းလဲသွားစေတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် Addams မိသားစုကလည်း Pugsley ကို အလားတူပဲ ဖြစ်စေချင်ကြမှာပါ။ ဒါကြောင့်ပဲ Pugsley စွမ်းအားတွေ ရလာမယ့်အချိန်မှာတော့ သူဟာလည်း Nevermore Academy ရဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ Wednesday နဲ့ Pugsley တို့ဟာ အသက်အတိအကျ ဘယ်လောက်ကွာတယ် ဆိုတာ မသိရပေမယ့်လည်း နှစ်အနည်းငယ်သာ ကွာခြားပုံ ရပါတယ်။ ဒါကြောင့်ပဲ Wednesday ဇာတ်လမ်းတွဲရဲ့ နောက်ပိုင်း Season တွေမှာတော့ Pugsley ကလည်း Nevermore Academy ကို ရောက်ရှိလာပြီး ပိုမိုအဓိကကျတဲ့ နေရာက ပါဝင်လာနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular