HomeEntertainmentFilmNetflix ရဲ့ ကြည့်ရှုသူအများဆုံး စံချိန်သစ်တင်သွားတဲ့ Queen's Gambit ဇာတ်လမ်းတွဲ

Netflix ရဲ့ ကြည့်ရှုသူအများဆုံး စံချိန်သစ်တင်သွားတဲ့ Queen’s Gambit ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix က ထုတ်လုပ်ခဲ့တဲ့ Queen’s Gambit ဇာတ်လမ်းတွဲဟာ Netflix ရဲ့ ကြည့်ရှုသူအများဆုံး စံချိန်ကို ချိူးဖျက်ခဲ့ပြီးတော့ အလွန်အောင်မြင်နေပါတယ်။ အဲ့ဒါကြောင့် အခုချိန်မှာတော့ Queen’s Gambit ဟာ Netflix ရဲ့ လူကြည့်အများဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အောက်တိုဘာလ (၂၃)ရက်နေ့မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး Anya Taylor-Joy ဟာ Beth Harmon ဆိုတဲ့ စစ်တုရင်ကစားနည်းမှာ ပါရမီပါလာတဲ့ မိဘမဲ့ ကောင်မလေးတစ်ယောက်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Walter Tevis ရေးသားခဲ့ပြီး ၁၉၈၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Queen’s Gambit ဆိုတဲ့ ဝတ္ထုစာအုပ်ကို အခြေခံပြီးတော့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်လမ်းတွဲဟာ စတင်ထွက်ရှိခဲ့တဲ့ အချိန်ကတည်းက ဝေဖန်ချက်ကောင်းကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဝေဖန်သူတွေရဲ့ ပြောစကားအရဆိုရင်လည်း Anya Taylor-Joy ရဲ့ သရုပ်ဆောင်မှုတွေဟာ ဟောလိဝုဒ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေလိုပဲလို့ ဆိုထားကြပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တကယ့်အပြင်မှာရှိတဲ့ ထိပ်တန်း စစ်တုရင်ကစားသူတွေရဲ့ ချီးမွမ်းမှုတွေကိုပါ ရရှိထားပါတယ်။ အကြောင်းကတော့ စစ်တုရင်ကစားပွဲတွေကို ရိုက်ပြတဲ့အချိန်မှာ အလွန်တိကျနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Photo via IMDb

Netflix ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ အလွန်အောင်မြင်နေပြီး စတင်ထွက်ရှိခဲ့တဲ့ ပထမဆုံး (၂၈)ရက်အတွင်းမှာတင် အိမ်ထောင်စုပေါင်း (၆၂)သန်းကျော်က ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ Netflix ရဲ့ ရေပန်းအစားဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် Walter Tevis ရေးသားခဲ့တဲ့ Queen’s Gambit ဝတ္ထုကလည်း အခုချိန်မှာ New York Times ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းထဲကို ပြန်လည်ပါဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာက စစ်တုရင်ကစားနည်းအကြောင်း ဖြစ်တာကြောင့် အစတုန်းကတော့ သိပ်ပြီးလူကြိုက်များမယ်လို့ မထင်ခဲ့ကြပါဘူး။ တကယ်တမ်းမှာတော့ စစ်တုရင်အကြောင်းဟာ ဒီဇာတ်လမ်းရဲ့ တစ်ခုတည်းသော အကြောင်းအရာ မဟုတ်ဘဲ Beth ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆေးစွဲတာတွေ အပါအဝင် တစ်ခြားအကြောင်းအရာတွေလည်း ပါဝင်နေပါသေးတယ်။ သာမန် စစ်တုရင်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလိုမျိူး ဆိုရင်တော့ အခုလောက် အောင်မြင်လာမှာ မဟုတ်ဘဲ တကယ်ကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာကြောင့် အခုလိုအောင်မြင်နေတာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Netflix က ထုတ္လုပ္ခဲ့တဲ့ Queen’s Gambit ဇာတ္လမ္းတြဲဟာ Netflix ရဲ႕ ၾကည့္ရႈသူအမ်ားဆုံး စံခ်ိန္ကို ခ်ိဴးဖ်က္ခဲ့ၿပီးေတာ့ အလြန္ေအာင္ျမင္ေနပါတယ္။ အဲ့ဒါေၾကာင့္ အခုခ်ိန္မွာေတာ့ Queen’s Gambit ဟာ Netflix ရဲ႕ လူၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲတစ္ခု ျဖစ္လာပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ေအာက္တိုဘာလ (၂၃)ရက္ေန႔မွာ စတင္ျပသခဲ့တာ ျဖစ္ၿပီး Anya Taylor-Joy ဟာ Beth Harmon ဆိုတဲ့ စစ္တုရင္ကစားနည္းမွာ ပါရမီပါလာတဲ့ မိဘမဲ့ ေကာင္မေလးတစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲဟာ Walter Tevis ေရးသားခဲ့ၿပီး ၁၉၈၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Queen’s Gambit ဆိုတဲ့ ဝတၳဳစာအုပ္ကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo via IMDb

ဒီဇာတ္လမ္းတြဲဟာ စတင္ထြက္ရွိခဲ့တဲ့ အခ်ိန္ကတည္းက ေဝဖန္ခ်က္ေကာင္းေကာင္းေတြလည္း ရရွိခဲ့ပါတယ္။ ေဝဖန္သူေတြရဲ႕ ေျပာစကားအရဆိုရင္လည္း Anya Taylor-Joy ရဲ႕ သ႐ုပ္ေဆာင္မႈေတြဟာ ေဟာလိဝုဒ္ရဲ႕ အေကာင္းဆုံးသ႐ုပ္ေဆာင္မႈေတြလိုပဲလို႔ ဆိုထားၾကပါတယ္။ ဒီဇာတ္လမ္းတြဲဟာ တကယ့္အျပင္မွာရွိတဲ့ ထိပ္တန္း စစ္တုရင္ကစားသူေတြရဲ႕ ခ်ီးမြမ္းမႈေတြကိုပါ ရရွိထားပါတယ္။ အေၾကာင္းကေတာ့ စစ္တုရင္ကစားပြဲေတြကို ႐ိုက္ျပတဲ့အခ်ိန္မွာ အလြန္တိက်ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

Photo via IMDb

Netflix ရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ အလြန္ေအာင္ျမင္ေနၿပီး စတင္ထြက္ရွိခဲ့တဲ့ ပထမဆုံး (၂၈)ရက္အတြင္းမွာတင္ အိမ္ေထာင္စုေပါင္း (၆၂)သန္းေက်ာ္က ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲဟာ Netflix ရဲ႕ ေရပန္းအစားဆုံးနဲ႔ အေအာင္ျမင္ဆုံး ဇာတ္လမ္းတြဲတစ္ခု ျဖစ္လာပါတယ္။ ဒါ့အျပင္ Walter Tevis ေရးသားခဲ့တဲ့ Queen’s Gambit ဝတၳဳကလည္း အခုခ်ိန္မွာ New York Times ရဲ႕ အေရာင္းရဆုံး စာအုပ္စာရင္းထဲကို ျပန္လည္ပါဝင္လာခဲ့တယ္လို႔လည္း သိရပါတယ္။

ဒီဇာတ္လမ္းရဲ႕ အဓိက အေၾကာင္းအရာက စစ္တုရင္ကစားနည္းအေၾကာင္း ျဖစ္တာေၾကာင့္ အစတုန္းကေတာ့ သိပ္ၿပီးလူႀကိဳက္မ်ားမယ္လို႔ မထင္ခဲ့ၾကပါဘူး။ တကယ္တမ္းမွာေတာ့ စစ္တုရင္အေၾကာင္းဟာ ဒီဇာတ္လမ္းရဲ႕ တစ္ခုတည္းေသာ အေၾကာင္းအရာ မဟုတ္ဘဲ Beth ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြနဲ႔ ေဆးစြဲတာေတြ အပါအဝင္ တစ္ျခားအေၾကာင္းအရာေတြလည္း ပါဝင္ေနပါေသးတယ္။ သာမန္ စစ္တုရင္အေၾကာင္းကို ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းလိုမ်ိဴး ဆိုရင္ေတာ့ အခုေလာက္ ေအာင္ျမင္လာမွာ မဟုတ္ဘဲ တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းေအာင္ ႐ိုက္ကူးထားတာေၾကာင့္ အခုလိုေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular