HomeCelebs Update NewsInternationalMCU ကို Agents of Shield ထဲက Quake ပြန်လာတော့မှာလား?

MCU ကို Agents of Shield ထဲက Quake ပြန်လာတော့မှာလား?

ယခုအချိန်မှာတော့ ABC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Agents of Shield ဇာတ်လမ်းတွဲထဲမှာ Sky ၊ Daisy Johnson ၊ Quake အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Chloe Bennet ဟာ MCU ကို Quake အနေနဲ့ ပြန်လာတော့မှာလားဆိုပြီး ပရိသတ်တွေကြားမှာ မေးခွန်းထုတ်နေကြပါတယ်။ အကြောင်းကတော့ မကြာသေးခင်ကပဲ Chole ဟာ တွစ်တာပေါ်မှာ Tweet တစ်ခု တင်ခဲ့လို့ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ Murphy’s Multiverse ဆိုတဲ့ Website ကို ဦးဆောင်နေတဲ့ Charles Murphy ဆိုသူဟာ တွစ်တာပေါ်မှာ Agents of Shield ထဲက Chloe Bennet ရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို Gif အဖြစ်တင်ခဲ့ရာက ဒီကိစ္စတွေ စတင်လာတာ ဖြစ်ပါတယ်။ ဒီ Gif ကြောင့်ပဲ Charles Murphy နဲ့ တွစ်တာအသုံးပြုသူတွေဟာ Chloe ရဲ့ သရုပ်ဆောင်ကောင်းမကောင်းကို ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်းမှာတော့ Charles Murphy ဟာ “ဇာတ်လမ်းတွဲတစ်ခုထဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တာလောက်ကို အရေးပါတဲ့ အောင်မြင်မှုကြီးလို့ ပြောလို့မရပါဘူး …” လို့ Tweet ထားပါတယ်။

Chloe Bennet ကတော့ ဒီစာကို မြင်ပြီးနောက်မှာ ပြန်လည်ချေပခဲ့ပါတယ်။ “ဒီမှာဟေ့လူ … ရှင်က ရိုင်းစိုင်းတဲ့ အရှုံးသမားတစ်ယောက်နဲ့ တူတယ်။ ရှင့်ရဲ့ Tweet က အချိန်ကြာကြာတော့ မှန်နေမယ် မထင်ဘူး …” လို့ ပြန်ပြောထားပါတယ်။ ပရိသတ်တွေကလည်း Chloe ကို ဝိုင်းဝန်းထောက်ခံနေကြပြီး သူမ ပြောသွားတဲ့ “မင်းရဲ့ Tweet က အချိန်ကြာကြာတော့ မှန်နေမယ် မထင်ဘူး” ဆိုတဲ့စကားဟာ ပရိသတ်တွေအတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။

Murphy ကတော့ “ဇာတ်လမ်းတွဲတစ်ခုထဲက အကောင်းဆုံး Acting ဟာ အရေးပါတဲ့ အောင်မြင်မှုမျိူး မဟုတ်ဘူး” လို့ ပြောထားတာပါ။ Chloe ကတော့ “ဒီ Tweet က ကြာကြာမှန်နေမယ် မထင်ဘူး” လို့ ပြောထားတာကြောင့် သူမဟာ အနာဂတ်မှာ နာမည်ကြီးရုပ်ရှင်တွေထဲမှာ ပါဝင်လာတော့မှာကို ဆိုလိုတယ်လို့ ပရိသတ်အချို့က ယူဆနေကြပါတယ်။ ဒါကြောင့်ပဲ Chloe ကိုတော့ MCU မှာ Quake အနေနဲ့ ပြန်မြင်ရတော့မှာလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular