HomeCelebs Update NewsInternationalဆယ်ကျော်သက်ရွယ်တွေကို လိင်အမြတ်ထုတ်မှုနဲ့ ထောင်အနှစ်(၃၀)ကျသွားတဲ့ အဆိုတော် R. Kelly

ဆယ်ကျော်သက်ရွယ်တွေကို လိင်အမြတ်ထုတ်မှုနဲ့ ထောင်အနှစ်(၃၀)ကျသွားတဲ့ အဆိုတော် R. Kelly

နာမည်ကျော် R&B အဆိုတော်နဲ့ တေးရေးဆရာ R. Kelly ဟာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်ရွယ် မိန်းကလေး၊ ယောက်ျားလေးနဲ့ အမျိုးသမီးငယ်တွေကို ဆယ်စုနှစ်နဲ့ချီပြီး လိင်အမြတ်ထုတ်မှုတွေကြောင့် ယနေ့မှာပဲ ယူအက်စ်ရဲ့ ဖက်ဒရယ်တရားရုံးမှာ ထောင်ဒဏ်နှစ်(၃၀) ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

R. Kelly ရဲ့အမှုကိုတော့ ပြီးခဲ့တဲ့နှစ်က စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ရက်သတ္တပတ်(၆)ပတ် ကြာမြင့်ခဲ့ပါတယ်။ ဘရွတ်ကလင်းမြို့က တရားရုံးမှာ စစ်ဆေးခဲ့တဲ့ အမှုကိုတော့ သက်သေပေါင်း(၄၅)ယောက်က ထွက်ဆိုခဲ့ကြပြီး R. Kelly ဟာ လိင်ကုန်သွယ်မှုဆန့်ကျင့်ရေးဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်တာ မြင်ရတဲ့အတွက် အပြစ်ရှိကြောင်း ဂျူရီလူကြီးမင်းတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo: rkellyfanpage/ Instagram

လက်ထောက်ရှေ့နေ Elizabeth Geddes ကတော့ အသက်(၅၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ R. Kelly ဟာ ကောင်လေးတွေ၊ ကောင်မလေးတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လိင်အမြတ်ထုတ်ရယူဖို့ အစီအစဉ်တကျ လုပ်ဆောင်ခဲ့တယ်လို့ ပြောထားပါတယ်။ Kelly တစ်ယောက် ယခုလို ထောင်ဒဏ်မကျခံရသေးခင်မှာတော့ သူ့ရဲ့သားကောင်အဖြစ်က လွတ်မြောက်ခဲ့သူတွေဟာ တရားခွင်မှာ စာတစ်စောင် ဖတ်ပြခွင့် ရရှိခဲ့ပါတယ်။

“ခင်ဗျားဟာ ခင်ဗျားရဲ့လိင်အာသာဆန္ဒ ပြည့်မြောက်ဖို့အတွက် ခင်ဗျားရဲ့ကျော်ကြားမှုနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အသက်မပြည့်သေးတဲ့ ကောင်မလေးတွေ၊ ကောင်လေးတွေကို တမင်ရည်ရွယ် ပျိုးထောင်ပြီး ခိုင်းစေခဲ့ပါတယ်။ ကျုပ်တို့ဟာ တစ်ချိန်က ခင်ဗျားဆီမှာ အလိုရှိတိုင်း အသုံးချခံခဲ့ရတဲ့ သားကောင်တွေ မဟုတ်ကြတော့ပါဘူး …” လို့ လွတ်မြောက်သူတွေက R. Kelly ကို ပြောခဲ့ကြပါတယ်။

Photo: rkellyfanpage/ Instagram

တကယ်တော့ R. Kelly ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်အမြတ်ထုတ်တယ်ဆိုတဲ့ သတင်းတွေ ပျံ့လွင့်နေခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်တုန်းကဆိုရင် ကလေးညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုနဲ့ စွပ်စွဲခံခဲ့ရပေမယ့် အမှုကနေ လွတ်မြောက်ခဲ့ပါသေးတယ်။

သို့သော်လည်း အလျှော့မပေးတဲ့ လွတ်မြောက်သူတွေရဲ့ ကြိုးပမ်းမှုကြောင့် ၂၀၁၉ ခုနှစ်မှသာ အမှုအကောင်အထည်ပေါ်ပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှုလိုက်ရှေ့နေရဲ့ စွပ်စွဲချက်အရ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တာဟာ R. Kelly တစ်ဦးတည်း မဟုတ်ဘဲ သူ့ရဲ့မန်နေဂျာတွေ၊ သက်တော်စောင့်တွေ၊ လက်ထောက်အရာရှိတွေ အပါအဝင် အဖွဲ့တစ်ခုလုံးက တက်ညီလက်ညီ ကျူးလွန်ခဲ့ကြတာလို့ ပြောပါတယ်။

Photo: rkellyfanpage/ Instagram

“R. Kelly နဲ့ သူ့ရဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုတခွင်မှာရော တခြားနိုင်ငံတွေကိုပါ နယ်လှည့်ဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီအတောအတွင်းမှာတော့ ဖျော်ဖြေရေးတစ်ခုတည်း လုပ်ခဲ့ကြတာ မဟုတ်ဘဲ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်ရွယ်တွေကို မြူဆွယ်ဖြားယောင်းကာ Kelly အတွက် တရားမဝင် လိင်ဖျော်ဖြေပေးဖို့ ခိုင်းစေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၉၉ ခုနှစ်လောက်တည်းက သူတို့တွေ လုပ်နေခဲ့ကြတဲ့ အရာတွေပါ …” လို့ အမှုလိုက်ရှေ့နေက ပြောပါတယ်။

“I Believe I Can Fly” သီချင်းရှင် Kelly ဟာ သူ့ရဲ့သားကောင်တွေကို သူ့ရဲ့အမိန့်နာခံလာအောင် ပုံသွင်းထားတာ ဖြစ်ပြီး သားကောင်တွေအနေနဲ့ စည်းမျဉ်းပေါင်းများစွာကို မဖြစ်မနေ လိုက်နာရတယ်လို့ သိရပါတယ်။ အဲဒါကတော့ သူတို့ရဲ့အခန်းထဲကနေ Kelly ရဲ့ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့်မရသလို၊ ရေချိုးခန်း၊ အိမ်သာသွားချင်ရင်တောင် သူ့ဆီက ခွင့်ပြုချက်ရပြီးမှ သွားခွင့်ရှိတယ်လို့ ဆိုပါတယ်။ အစားအသောက်ဆိုရင်လည်း သူခွင့်ပြုမှ စားခွင့်ရှိသလို တခြားအမျိုးသားတွေကို လုံးဝကြည့်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကိုတော့ “ဒယ်ဒီ”လို့ ခေါ်ခိုင်းတယ်လို့လည်း သိရပါတယ်။

Photo: rkellyfanpage/ Instagram

Kelly ကို စွပ်စွဲထားတဲ့ အမှုတွေထဲမှာတော့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်ရွယ်တွေကို လိင်အမြတ်ထုတ်ရာက တချို့တွေမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတွေကိုပါ ခံစားကြရတယ်လို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပစ်မှတ်အတွင်း ကျရောက်ရတဲ့ ဆယ်ကျော်သက်တွေကိုတော့ သူတစ်ယောက်တည်း အာသာဖြေရုံတင် မဟုတ်ဘဲ ကလေးညစ်ညမ်းရုပ်ရှင်တွေကိုပါ ထုတ်လုပ်သေးတယ်လို့လည်း ဆိုပါတယ်။

“R. Kelly လုပ်ငန်းစုဟာ ဂီတတစ်ခုတည်း လုပ်နေခဲ့တာ မဟုတ်ပါဘူး။ ဆယ်စုနှစ် နှစ်ခုကြာမြင့်အောင် ဒီအဖွဲ့ဟာ R. Kelly ရဲ့ လမ်းညွှန်မှုနဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်ရွယ်တွေနဲ့ အမျိုးသမီးငယ်တွေကို ထောင်ချောက်ဆင်ခဲ့ကြတာပါ။ နာမည်ကြီး စူပါစတားတစ်ယောက်ကို တွေ့မြင်ချင်ကြတဲ့ ကလေးတွေရဲ့သဘာဝကို ခုတုံးလုပ်ပြီး အဓမ္မပြုကျင့်မှု၊ ကလေးညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုနဲ့ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေကို ကျူးလွန်ခဲ့ကြတာပါ …” လို့ Homeland Security Investigation က အရာရှိ Angel Melendez က ပြောထားပါတယ်။

Kelly ဟာ လက်ရှိမှာ ထောင်ဒဏ်နှစ်(၃၀) ချမှတ်ခံလိုက်ရသလို သူ့မှာ ဆက်လက် ရင်ဆိုင်ရဦးမယ့် နောက်ထပ် အမှုသုံးခုလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular