HomeEntertainmentFilmLive Action Movie အဖြစ် ရှုစားရဖွယ်ရှိနေတဲ့ Rapunzel 

Live Action Movie အဖြစ် ရှုစားရဖွယ်ရှိနေတဲ့ Rapunzel 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ တစ်ခဲနက်အားပေးနှစ်ခြိုက်ခဲ့ကြတဲ့ Tangled ရုပ်ရှင်ထွက်ရှိပြီး ဆယ်နှစ်အကြာမှာတော့ Disney ဟာ Rapunzel ကို Live Action ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူး ထုတ်လုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးမှုရရှိခဲ့ပြီး အန်နီမေးရှင်းရုပ်ရှင်တွေအတွက် ခေတ်သစ်တစ်ခုကို အစပြုစေနိုင်ခဲ့တဲ့ Tangled ရုပ်ရှင်ဇာတ်ကားကို Walt Disney စတူဒီယိုက ထုတ်လုပ်ခဲ့တာ ယခုဆို ဆယ်နှစ်တောင် ပြည့်သွားခဲ့ပြီဆိုတာ မယုံနိုင်စရာပါပဲ။ Mandy Moore နဲ့ Zachary Levi တို့ ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတဲ့ Tangled ဇာတ်ကားဟာ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Walt Disney ရဲ့ ပထမဆုံးသော CGI နည်းပညာအသုံးပြုထားတဲ့ အန်နီးမေးရှင်းဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ကြည့်ရှုသူတွေရဲ့ အပြုသဘောဆောင်တဲ့ ကောင်းချီးဩဘာတွေကို ရရှိခဲ့တဲ့အတွက် နောက်ပိုင်းနှစ်တွေမှာ Disney က ထုတ်လုပ်တဲ့ အန်နီမေးရှင်းရုပ်ရှင်တွေမှာ နည်းပညာနဲ့ ဇာတ်လမ်းပုံစံတွေ သိသိသာသာ ပြောင်းလဲလာခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

©Walt Disney Pictures

ဒီဘက်နှစ်ပိုင်းမှာ လူကြိုက်များတဲ့ ကာတွန်းရုပ်ရှင်တွေကို လူနဲ့သရုပ်ဆောင်တဲ့ live action ရုပ်ရှင်တွေအဖြစ် Disney က ပြန်လည်ရိုက်ကူးနေတာကိုတော့ လူတိုင်းသိကြပြီး ဖြစ်မှာပါ။ The Jungle Book ၊ Aladdin ၊ The Lion King ၊ Dumbo ၊ Beauty and the Beast နဲ့ Cinderella ရုပ်ရှင်တွေဟာလည်း live action နဲ့ အောင်မြင်မှုတေွ ရရှိထားပါတယ်။ တကယ်တော့ Rapunzel ဟာ Brothers Grimm က ရေးသားထုတ်ဝေထားတဲ့ ဂျာမန်နတ်သမီးပုံပြင် ဖြစ်ပါတယ်။ ဒါကြောင့် Disney က Live action ပြန်လည်ရိုက်ကူးရာမှာလည်း Tangled ရဲ့ ဇာတ်ကျောရိုးပေါ်မှာ ရိုက်မှာလား၊ မူလဂျာမန်ပုံပြင်ရဲ့ ကျောရိုးပေါ်မှာ အခြေခံမှာလားဆိုတာ အတည်မပြုနိုင်သေးပါဘူး။

©Walt Disney Pictures

ဒီ live action ဇာတ်ကားကို ပြသရာမှာလည်း Disney+ streaming service မှာ ပြသမှာမဟုတ်ဘဲ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်တဲ့အတွက် Disney ကတော့ ပရော့ဂျက်ကြီးကြီးနဲ့ ခြေလှမ်းကြီးကြီးလှမ်းနေပြီဆိုတာ သိသာပါတယ်။ အခုလောလောဆယ်မှာတော့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘယ်သူက ရိုက်ကူးမယ်၊ ဘယ်သူတွေ ခေါင်းဆောင်ပါဝင်မယ်ဆိုတဲ့ သတင်းတွေ မသိကြရသေးပါဘူး။ ပရိသတ်တွေကတော့ Mother Gothel နေရာမှာ နာမည်ကျော်အဆိုတော် Cher နဲ့ Rapunzel နေရာမှာ Amanda Seyfried တို့ကို သရုပ်ဆောင်ခိုင်းဖို့ အကြံပြုထားကြပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ တစ္ခဲနက္အားေပးႏွစ္ၿခိဳက္ခဲ့ၾကတဲ့ Tangled ႐ုပ္ရွင္ထြက္ရွိၿပီး ဆယ္ႏွစ္အၾကာမွာေတာ့ Disney ဟာ Rapunzel ကို Live Action ႐ုပ္ရွင္အျဖစ္ ေျပာင္းလဲ႐ိုက္ကူး ထုတ္လုပ္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ပရိသတ္ေတြရဲ႕ ဝက္ဝက္ကြဲ အားေပးမႈရရွိခဲ့ၿပီး အန္နီေမးရွင္း႐ုပ္ရွင္ေတြအတြက္ ေခတ္သစ္တစ္ခုကို အစျပဳေစႏိုင္ခဲ့တဲ့ Tangled ႐ုပ္ရွင္ဇာတ္ကားကို Walt Disney စတူဒီယိုက ထုတ္လုပ္ခဲ့တာ ယခုဆို ဆယ္ႏွစ္ေတာင္ ျပည့္သြားခဲ့ၿပီဆိုတာ မယုံႏိုင္စရာပါပဲ။ Mandy Moore နဲ႔ Zachary Levi တို႔ ဦးေဆာင္ၿပီး အသံသ႐ုပ္ေဆာင္ထားတဲ့ Tangled ဇာတ္ကားဟာ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး Walt Disney ရဲ႕ ပထမဆုံးေသာ CGI နည္းပညာအသုံးျပဳထားတဲ့ အန္နီးေမးရွင္းဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ ၾကည့္ရႈသူေတြရဲ႕ အျပဳသေဘာေဆာင္တဲ့ ေကာင္းခ်ီးဩဘာေတြကို ရရွိခဲ့တဲ့အတြက္ ေနာက္ပိုင္းႏွစ္ေတြမွာ Disney က ထုတ္လုပ္တဲ့ အန္နီေမးရွင္း႐ုပ္ရွင္ေတြမွာ နည္းပညာနဲ႔ ဇာတ္လမ္းပုံစံေတြ သိသိသာသာ ေျပာင္းလဲလာခဲ့တာကို ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

©Walt Disney Pictures

ဒီဘက္ႏွစ္ပိုင္းမွာ လူႀကိဳက္မ်ားတဲ့ ကာတြန္း႐ုပ္ရွင္ေတြကို လူနဲ႔သ႐ုပ္ေဆာင္တဲ့ live action ႐ုပ္ရွင္ေတြအျဖစ္ Disney က ျပန္လည္႐ိုက္ကူးေနတာကိုေတာ့ လူတိုင္းသိၾကၿပီး ျဖစ္မွာပါ။ The Jungle Book ၊ Aladdin ၊ The Lion King ၊ Dumbo ၊ Beauty and the Beast နဲ႔ Cinderella ႐ုပ္ရွင္ေတြဟာလည္း live action နဲ႔ ေအာင္ျမင္မႈေတြ ရရွိထားပါတယ္။ တကယ္ေတာ့ Rapunzel ဟာ Brothers Grimm က ေရးသားထုတ္ေဝထားတဲ့ ဂ်ာမန္နတ္သမီးပုံျပင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ Disney က Live action ျပန္လည္႐ိုက္ကူးရာမွာလည္း Tangled ရဲ႕ ဇာတ္ေက်ာ႐ိုးေပၚမွာ ႐ိုက္မွာလား၊ မူလဂ်ာမန္ပုံျပင္ရဲ႕ ေက်ာ႐ိုးေပၚမွာ အေျခခံမွာလားဆိုတာ အတည္မျပဳႏိုင္ေသးပါဘူး။

©Walt Disney Pictures

ဒီ live action ဇာတ္ကားကို ျပသရာမွာလည္း Disney+ streaming service မွာ ျပသမွာမဟုတ္ဘဲ ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသမွာ ျဖစ္တဲ့အတြက္ Disney ကေတာ့ ပေရာ့ဂ်က္ႀကီးႀကီးနဲ႔ ေျခလွမ္းႀကီးႀကီးလွမ္းေနၿပီဆိုတာ သိသာပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး ဘယ္သူက ႐ိုက္ကူးမယ္၊ ဘယ္သူေတြ ေခါင္းေဆာင္ပါဝင္မယ္ဆိုတဲ့ သတင္းေတြ မသိၾကရေသးပါဘူး။ ပရိသတ္ေတြကေတာ့ Mother Gothel ေနရာမွာ နာမည္ေက်ာ္အဆိုေတာ္ Cher နဲ႔ Rapunzel ေနရာမွာ Amanda Seyfried တို႔ကို သ႐ုပ္ေဆာင္ခိုင္းဖို႔ အႀကံျပဳထားၾကပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular