HomeCharacterTeen Titans အဖွဲ့ဝင် Raven ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

Teen Titans အဖွဲ့ဝင် Raven ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Raven ဟာ ၁၉၈၀ ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ DC Comics Presents #26 ဆိုတဲ့ကောမစ်မှာ ပထမဆုံး DC ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူမဟာ Titans အဖွဲ့ထဲက နာမည်အကြီးဆုံးဇာတ်ကောင်နဲ့ စွမ်းအားအကြီးဆုံးဇာတ်ကောင်လို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် သူဟာ Titans အဖွဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ Raven နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူမဟာ Teen Titans အဖွဲ့ရဲ့ မူလအဖွဲ့ဝင်တစ်ယောက် မဟုတ်ပါဘူး။
photo via screenrant

၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Teen Titans animated စီးရီးထဲမှာ ပါတဲ့ အဖွဲ့ဝင်တွေကတော့ Robin ၊ Starfire ၊ Cyborg ၊ Raven နဲ့ Beast Boy တို့ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီစီးရီးဟာ အရမ်းကိုအောင်မြင်ခဲ့တာကြောင့် လူတွေတော်တော်များများဟာ သူတို့ကို မူလအဖွဲ့ဝင်တွေလို့ ထင်ခဲ့ကြပါတယ်။

Teen Titans အဖွဲ့ဟာ ၁၉၆၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Brave and the Bold #52 ဆိုတဲ့ကောမစ်မှာ စတင်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းခဲ့တုန်းကတော့ အဖွဲ့ဝင်သုံးယောက်ပဲရှိသေးပြီး သူတို့ကတော့ Robin ၊ Kid Flash နဲ့ Aqualad တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တဲ့အချိန်တုန်းကတော့ တစ်ခြားဟီးရိုးတွေရဲ့ sidekick တွေအတွက် သူတို့ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ဖန်တီးဖို့အတွက် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

သူမမှာ မောင်နှမတွေလည်း ရှိပါသေးတယ်။
photo via screenrant

Raven ဟာ Trigon ရဲ့သမီးဖြစ်တယ်ဆိုတာကို အားလုံးသိကြမှာပါ။ ဒါပေမယ့်လည်း သူမဟာ Trigon ရဲ့တစ်ဦးတည်းသော သားသမီးမဟုတ်ဘဲနဲ့ သူမမှာ တစ်ခြားမောင်နှမတွေလည်း ရှိပါသေးတယ်။ အဲ့ဒါကိုတော့ ကောမစ်ထဲမှာ ပြခဲ့ပြီးတော့ Trigon မှာ Raven အပြင် နောက်ထပ်သားသုံးယောက် ရှိပါသေးတယ်။

သူတို့မောင်နှမလေးယောက်ထဲမှာ Raven တစ်ယောက်တည်းကပဲ လူသားဆန်တာဖြစ်ပြီး Trigon အပါအဝင် သူ့ရဲ့သားသုံးယောက်ဟာလည်း နတ်ဆိုးတွေလို့ပြောရလောက်အောင် ရက်စက်ကြမ်းကြုတ်ပါတယ်။ တစ်ရက်မှာတော့ သူတို့ဟာ Teen Titans တွေကို လာပြီးတိုက်ခိုက်တာကြောင့် Raven ဟာ တစ်ခြားသူတွေကို မထိခိုက်အောင် အဖွဲ့ကနေဝေးရာကိုထွက်သွားပြီးတော့ သူတို့မိသားစုအချင်းချင်း မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဖြေရှင်းကြပါတော့တယ်။

Flashpoint က Raven ဟာသူ့အဖေကို မမုန်းပါဘူး။
photo via screenrant

Flashpoint ဆိုတာကတော့ Barry ဟာသူ့ရဲ့မိဘတွေကိုကယ်ဖို့အတွက် အချိန်ခရီးသွားရင်းနဲ့ ဖြစ်ပေါ်လာတဲ့ timeline အသစ်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ timeline ထဲမှာတော့ အရာတွေအကုန်လုံးဟာ ပြောင်းပြန်တွေဖြစ်ကုန်ပြီးတော့ နောက်ဆုံးမှာတော့ Barry ဟာ timeline ကိုထပ်ပြီး ပြင်ခဲ့ရပါတော့ပါတယ်။

Raven ဟာပုံမှန်ဆိုရင် သူ့ရဲ့အဖေဖြစ်သူ Trigon ကိုအရမ်းမုန်းသူဖြစ်ပြီး သူ့အဖေရဲ့မကောင်းတဲ့လုပ်ရပ်တွေကို အမြဲတမ်းတားဆီးဖို့ ကြိုးစားနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ timeline ထဲမှာတော့ Raven ဟာ မှော်ပညာရှင်တွေဖွဲ့စည်းထားတဲ့ Secret Seven အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးတော့ သူ့အဖေကိုလည်း မမုန်းတော့ပါဘူး။ အဲ့ဒီ timeline ထဲမှာတော့ Raven ဟာသူ့အဖေနဲ့တည့်နေပြီး Zatanna ကတော့ သူ့အဖေကို မုန်းတီးနေခဲ့ပါတယ်။

သူမဟာ Nightwing နဲ့ Starfire တို့ရဲ့မင်္ဂလာဆောင်ကိုလည်း ဖျက်စီးခဲ့ဖူးပါသေးတယ်။
photo via screenrant

Raven ဟာတစ်ခါတစ်လေကျရင် ထိန်းချုပ်လို့မရတော့ဘဲ အသိစိတ်လွတ်သွားပြီး ဗီလိန်တစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ အဲ့လိုအချိန်တွေဆိုရင် သူ့ကိုထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်ပြီး တော်တော်လေးကို စွမ်းအားကြီးသွားပါတယ်။ ၁၉၉၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ New Titans #100 ဆိုတဲ့ကောမစ်ထဲမှာတော့ Nightwing နဲ့ Starfire တို့ဟာ မင်္ဂလာဆောင်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ Batman ဟာလည်း Bane နဲ့တိုက်ပွဲအပြီးမှာ ခါးရိုးကျိုးနေတာကြောင့် သူတို့ရဲ့မင်္ဂလာပွဲကို မလာနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူတို့မင်္ဂလာအခမ်းအနားပြီးခါနီးမှာပဲ Raven အသိစိတ်လွတ်နေပြီးတော့ တစ်ခြားဗီလိန်တွေနဲ့အတူ မင်္ဂလာပွဲကို ရောက်လာပြီးတော့ ဖျက်စီးခဲ့ပါတယ်။

သူမဟာ Kid Flash နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။
photo via screenrant

သူမဟာ Teen Titans ကောမစ်စီးရီးထဲမှာ Wally West နဲ့လည်း အချိန်ခဏလောက် တွဲခဲ့ဖူးပါတယ်။ အဲ့လိုတွဲခဲ့ရတဲ့အကြောင်းကတော့ သူမဟာ Wally အတွက် ခံစားချက်တွေရှိနေတာကြောင့် မဟုတ်ဘဲ ဒီအတိုင်းအပျော်တွဲခဲ့ပြီး Teen Titans အဖွဲ့ထဲကို ဝင်စေချင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ Wally ဟာ အစကတော့ Teen Titans အဖွဲ့ထဲကိုဝင်ဖို့အတွက် စိတ်ဝင်စားမှုမရှိခဲ့ပေမယ့်လည်း သူဟာ Raven အပေါ်မှာ ခံစားချက်တွေအနည်းငယ်ရှိနေတာကြောင့် Raven ရဲ့စွဲဆောင်မှုမှာ နစ်မြောသွားပြီး အဲ့ဒီအဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ခဏလေးပဲ ဖြစ်ခဲ့ပြီးတော့  နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေအဖြစ်နဲ့ပဲ နေထိုင်ခဲ့ကြပါတယ်။

DC Rebirth ကောမစ်စီးရီးထဲမှာလည်း သူမဟာ Wally West နဲ့ တွဲခဲ့ပါသေးတယ်။ ဒီတစ်ခါမှာတော့ အရင်လိုမဟုတ်တော့ဘဲ သူမကိုယ်တိုင်ကိုက ခံစားချက်အနည်းငယ်ရှိနေတာကြောင့် တွဲခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သူတို့နှစ်ယောက်ဟာ အချိန်ခဏလေးပဲ တွဲခဲ့ပေမယ့်လည်း အဲ့ဒီအချိန်ခဏလေးအတွင်းမှာပဲ သူတို့နှစ်ယောက်လုံးဟာ ပျော်ရွှင်စရာတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ Beast Boy နဲ့လောက်တော့ မကြီးမားခဲ့ပါဘူး။

သူမတကယ်ချစ်ရတဲ့သူကတော့ Beast Boy ပဲဖြစ်ပါတယ်။
photo via screenrant

Raven နဲ့ Beast Boy တို့ဟာ ကောမစ်တွေတော်တော်များများမှာ တွဲခဲ့ကြဖူးပြီး သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ခံစားချက်တွေရှိကြပြီးတော့ အရမ်းကို လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို သဘောတူကြပြီး အဲ့လိုမျိုးချစ်သူတွေဖြစ်သွားတဲ့အချိန်မှာတော့ ပရိသတ်တွေဟာ ပိုပြီးတော့ ပျော်ရွှင်ခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းကောင်းတစ်ခုကတော့ အခုလက်ရှိထွက်နေတဲ့ Titans စီးရီးထဲမှာလည်း သူတို့နှစ်ယောက်ကို နောက်ပိုင်းကျရင်တွဲဖို့အတွက် အခုချိန်ကတည်းက သူတို့နှစ်ယောက်ကြားက ခံစားချက်တွေ တဖြည်းဖြည်းနဲ့ အားကောင်းလာတာကို ရိုက်ပြသွားမယ်လို့လည်း သိရပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Raven ဟာ ၁၉၈၀ ခုႏွစ္မွာထုတ္လုပ္ခဲ့တဲ့ DC Comics Presents #26 ဆိုတဲ့ေကာမစ္မွာ ပထမဆုံး DC ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူမဟာ Titans အဖြဲ႕ထဲက နာမည္အႀကီးဆုံးဇာတ္ေကာင္နဲ႔ စြမ္းအားအႀကီးဆုံးဇာတ္ေကာင္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ သူဟာ Titans အဖြဲ႕အတြက္ မရွိမျဖစ္လိုအပ္တဲ့ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သလို လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ ဒီတစ္ခါမွာေတာ့ Raven နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမဟာ Teen Titans အဖြဲ႕ရဲ႕ မူလအဖြဲ႕ဝင္တစ္ေယာက္ မဟုတ္ပါဘူး။
photo via screenrant

၂၀၀၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Teen Titans animated စီးရီးထဲမွာ ပါတဲ့ အဖြဲ႕ဝင္ေတြကေတာ့ Robin ၊ Starfire ၊ Cyborg ၊ Raven နဲ႔ Beast Boy တို႔ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီစီးရီးဟာ အရမ္းကိုေအာင္ျမင္ခဲ့တာေၾကာင့္ လူေတြေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ကို မူလအဖြဲ႕ဝင္ေတြလို႔ ထင္ခဲ့ၾကပါတယ္။

Teen Titans အဖြဲ႕ဟာ ၁၉၆၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Brave and the Bold #52 ဆိုတဲ့ေကာမစ္မွာ စတင္ၿပီး ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။ စတင္ဖြဲ႕စည္းခဲ့တုန္းကေတာ့ အဖြဲ႕ဝင္သုံးေယာက္ပဲရွိေသးၿပီး သူတို႔ကေတာ့ Robin ၊ Kid Flash နဲ႔ Aqualad တို႔ပဲ ျဖစ္ပါတယ္။ ဒီအဖြဲ႕ကိုစတင္ဖြဲ႕စည္းခဲ့တဲ့အခ်ိန္တုန္းကေတာ့ တစ္ျခားဟီး႐ိုးေတြရဲ႕ sidekick ေတြအတြက္ သူတို႔ကိုယ္ပိုင္အဖြဲ႕အစည္းတစ္ခုအျဖစ္ ဖန္တီးဖို႔အတြက္ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

သူမမွာ ေမာင္ႏွမေတြလည္း ရွိပါေသးတယ္။
photo via screenrant

Raven ဟာ Trigon ရဲ႕သမီးျဖစ္တယ္ဆိုတာကို အားလုံးသိၾကမွာပါ။ ဒါေပမယ့္လည္း သူမဟာ Trigon ရဲ႕တစ္ဦးတည္းေသာ သားသမီးမဟုတ္ဘဲနဲ႔ သူမမွာ တစ္ျခားေမာင္ႏွမေတြလည္း ရွိပါေသးတယ္။ အဲ့ဒါကိုေတာ့ ေကာမစ္ထဲမွာ ျပခဲ့ၿပီးေတာ့ Trigon မွာ Raven အျပင္ ေနာက္ထပ္သားသုံးေယာက္ ရွိပါေသးတယ္။

သူတို႔ေမာင္ႏွမေလးေယာက္ထဲမွာ Raven တစ္ေယာက္တည္းကပဲ လူသားဆန္တာျဖစ္ၿပီး Trigon အပါအဝင္ သူ႔ရဲ႕သားသုံးေယာက္ဟာလည္း နတ္ဆိုးေတြလို႔ေျပာရေလာက္ေအာင္ ရက္စက္ၾကမ္းၾကဳတ္ပါတယ္။ တစ္ရက္မွာေတာ့ သူတို႔ဟာ Teen Titans ေတြကို လာၿပီးတိုက္ခိုက္တာေၾကာင့္ Raven ဟာ တစ္ျခားသူေတြကို မထိခိုက္ေအာင္ အဖြဲ႕ကေနေဝးရာကိုထြက္သြားၿပီးေတာ့ သူတို႔မိသားစုအခ်င္းခ်င္း မၿပီးျပတ္ေသးတဲ့ ျပႆနာေတြကို ေျဖရွင္းၾကပါေတာ့တယ္။

Flashpoint က Raven ဟာသူ႔အေဖကို မမုန္းပါဘူး။
photo via screenrant

Flashpoint ဆိုတာကေတာ့ Barry ဟာသူ႔ရဲ႕မိဘေတြကိုကယ္ဖို႔အတြက္ အခ်ိန္ခရီးသြားရင္းနဲ႔ ျဖစ္ေပၚလာတဲ့ timeline အသစ္တစ္ခု ျဖစ္ပါတယ္။ အဲ့ဒီ timeline ထဲမွာေတာ့ အရာေတြအကုန္လုံးဟာ ေျပာင္းျပန္ေတြျဖစ္ကုန္ၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ Barry ဟာ timeline ကိုထပ္ၿပီး ျပင္ခဲ့ရပါေတာ့ပါတယ္။

Raven ဟာပုံမွန္ဆိုရင္ သူ႔ရဲ႕အေဖျဖစ္သူ Trigon ကိုအရမ္းမုန္းသူျဖစ္ၿပီး သူ႔အေဖရဲ႕မေကာင္းတဲ့လုပ္ရပ္ေတြကို အၿမဲတမ္းတားဆီးဖို႔ ႀကိဳးစားေနတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ timeline ထဲမွာေတာ့ Raven ဟာ ေမွာ္ပညာရွင္ေတြဖြဲ႕စည္းထားတဲ့ Secret Seven အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနၿပီးေတာ့ သူ႔အေဖကိုလည္း မမုန္းေတာ့ပါဘူး။ အဲ့ဒီ timeline ထဲမွာေတာ့ Raven ဟာသူ႔အေဖနဲ႔တည့္ေနၿပီး Zatanna ကေတာ့ သူ႔အေဖကို မုန္းတီးေနခဲ့ပါတယ္။

သူမဟာ Nightwing နဲ႔ Starfire တို႔ရဲ႕မဂၤလာေဆာင္ကိုလည္း ဖ်က္စီးခဲ့ဖူးပါေသးတယ္။
photo via screenrant

Raven ဟာတစ္ခါတစ္ေလက်ရင္ ထိန္းခ်ဳပ္လို႔မရေတာ့ဘဲ အသိစိတ္လြတ္သြားၿပီး ဗီလိန္တစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတတ္ပါတယ္။ အဲ့လိုအခ်ိန္ေတြဆိုရင္ သူ႔ကိုထိန္းခ်ဳပ္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ျဖစ္ၿပီး ေတာ္ေတာ္ေလးကို စြမ္းအားႀကီးသြားပါတယ္။ ၁၉၉၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ New Titans #100 ဆိုတဲ့ေကာမစ္ထဲမွာေတာ့ Nightwing နဲ႔ Starfire တို႔ဟာ မဂၤလာေဆာင္ဖို႔အတြက္ စီစဥ္ခဲ့ၾကပါတယ္။ Batman ဟာလည္း Bane နဲ႔တိုက္ပြဲအၿပီးမွာ ခါး႐ိုးက်ိဳးေနတာေၾကာင့္ သူတို႔ရဲ႕မဂၤလာပြဲကို မလာႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ သူတို႔မဂၤလာအခမ္းအနားၿပီးခါနီးမွာပဲ Raven အသိစိတ္လြတ္ေနၿပီးေတာ့ တစ္ျခားဗီလိန္ေတြနဲ႔အတူ မဂၤလာပြဲကို ေရာက္လာၿပီးေတာ့ ဖ်က္စီးခဲ့ပါတယ္။

သူမဟာ Kid Flash နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။
photo via screenrant

သူမဟာ Teen Titans ေကာမစ္စီးရီးထဲမွာ Wally West နဲ႔လည္း အခ်ိန္ခဏေလာက္ တြဲခဲ့ဖူးပါတယ္။ အဲ့လိုတြဲခဲ့ရတဲ့အေၾကာင္းကေတာ့ သူမဟာ Wally အတြက္ ခံစားခ်က္ေတြရွိေနတာေၾကာင့္ မဟုတ္ဘဲ ဒီအတိုင္းအေပ်ာ္တြဲခဲ့ၿပီး Teen Titans အဖြဲ႕ထဲကို ဝင္ေစခ်င္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ Wally ဟာ အစကေတာ့ Teen Titans အဖြဲ႕ထဲကိုဝင္ဖို႔အတြက္ စိတ္ဝင္စားမႈမရွိခဲ့ေပမယ့္လည္း သူဟာ Raven အေပၚမွာ ခံစားခ်က္ေတြအနည္းငယ္ရွိေနတာေၾကာင့္ Raven ရဲ႕စြဲေဆာင္မႈမွာ နစ္ေျမာသြားၿပီး အဲ့ဒီအဖြဲ႕ထဲကို ဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ခဏေလးပဲ ျဖစ္ခဲ့ၿပီးေတာ့  ေနာက္ပိုင္းမွာေတာ့ သူငယ္ခ်င္းေတြအျဖစ္နဲ႔ပဲ ေနထိုင္ခဲ့ၾကပါတယ္။

DC Rebirth ေကာမစ္စီးရီးထဲမွာလည္း သူမဟာ Wally West နဲ႔ တြဲခဲ့ပါေသးတယ္။ ဒီတစ္ခါမွာေတာ့ အရင္လိုမဟုတ္ေတာ့ဘဲ သူမကိုယ္တိုင္ကိုက ခံစားခ်က္အနည္းငယ္ရွိေနတာေၾကာင့္ တြဲခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္ခဏေလးပဲ တြဲခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္ခဏေလးအတြင္းမွာပဲ သူတို႔ႏွစ္ေယာက္လုံးဟာ ေပ်ာ္႐ႊင္စရာေတြ ရရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ဇာတ္လမ္းဟာ Beast Boy နဲ႔ေလာက္ေတာ့ မႀကီးမားခဲ့ပါဘူး။

သူမတကယ္ခ်စ္ရတဲ့သူကေတာ့ Beast Boy ပဲျဖစ္ပါတယ္။
photo via screenrant

Raven နဲ႔ Beast Boy တို႔ဟာ ေကာမစ္ေတြေတာ္ေတာ္မ်ားမ်ားမွာ တြဲခဲ့ၾကဖူးၿပီး သူတို႔ႏွစ္ေယာက္လုံးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ခံစားခ်က္ေတြရွိၾကၿပီးေတာ့ အရမ္းကို လွပတဲ့အခ်စ္ဇာတ္လမ္းေလးတစ္ခု ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကလည္း သူတို႔ႏွစ္ေယာက္ကို သေဘာတူၾကၿပီး အဲ့လိုမ်ိဳးခ်စ္သူေတြျဖစ္သြားတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ ပိုၿပီးေတာ့ ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။

ဒါ့အျပင္ သတင္းေကာင္းတစ္ခုကေတာ့ အခုလက္ရွိထြက္ေနတဲ့ Titans စီးရီးထဲမွာလည္း သူတို႔ႏွစ္ေယာက္ကို ေနာက္ပိုင္းက်ရင္တြဲဖို႔အတြက္ အခုခ်ိန္ကတည္းက သူတို႔ႏွစ္ေယာက္ၾကားက ခံစားခ်က္ေတြ တျဖည္းျဖည္းနဲ႔ အားေကာင္းလာတာကို ႐ိုက္ျပသြားမယ္လို႔လည္း သိရပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular