HomeEntertainmentFilmRaya and the Last Dragon animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Raya and the Last Dragon animated ရုပ်ရှင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Raya and the Last Dragon ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) rating ရရှိထားတဲ့ Disney Animation တစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မျိူးတုန်းနေပြီဖြစ်တဲ့ နဂါးတွေကို အလွန်ကြိုက်နှစ်သက်တဲ့ Raya ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို မြင်တွေ့ရမှာပါ။ တစ်ရက်မှာတော့ သူမဟာ တကယ့်နဂါးအစစ်နဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ဒီ Animation နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ဒီ Animation ထဲက တိုက်ခိုက်တဲ့ ပုံစံတွေဟာ အရှေ့တောင်အာရှရဲ့ ကိုယ်ခံပညာ(၆)ခုကို အခြေခံထားတာပါ။

photo via screenrant

ဒီ Animation ထဲမှာတော့ Fight Scene တွေများစွာ ပါဝင်ပြီး အဲဒီဇာတ်ဝင်ခန်းတွေထဲက တိုက်ခိုက်တဲ့ ပုံစံတွေကတော့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကိုယ်ခံပညာ(၆)ခုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီကိုယ်ခံပညာတွေကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Pencak Silat ၊ ထိုင်းနိုင်ငံရဲ့ Muay Thai ၊ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာနပမ်း၊ ဖိလစ်ပိုင်နိုင်ငံရဲ့ Arnis နဲ့ Kali တို့အပြင် ထိုင်းနိုင်ငံရဲ့ Krabi Krabong တို့ပဲ ဖြစ်ပါတယ်။

ဇာတ်ညွှန်းရေးဆရာ Qui Nguyen ကိုယ်တိုင်ကလည်း ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်ပြီး ဒီ Animation ထဲမှာ အသုံးပြုထားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ကိုယ်ခံပညာတွေကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေအနေနဲ့လည်း ဒီ Animation ကို ကြည့်ပြီး ဒီကိုယ်ခံပညာတွေကို စိတ်ဝင်စားရင် သင်ယူနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Animator တွေဟာ ဒီ Animation ကိုတော့ အိမ်မှာပဲ ဖန်တီးခဲ့ကြတာပါ။

photo via screenrant

Animator တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ ဒီ Animation ရဲ့ ဇာတ်ဝင်ခန်းအများစုကို သူတို့ရဲ့နေအိမ်တွေမှာပဲ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်ကာလမှာ ကိုဗစ်ရောဂါ ဖြစ်ပွားနေတာကြောင့် ယခင်လို စတူဒီယိုမှာ အဖွဲ့လိုက် လုပ်ဆောင်လို့မရဘဲ နေအိမ်တွေမှာပဲ ဖန်တီးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Carlos Lopez Estrada ကတော့ ကိုဗစ်ကာလထဲမှာပဲ လူပေါင်း (၄၀၀)ကျော်လောက်က သူတို့ရဲ့ နေအိမ်တွေကနေ ဒီဇာတ်ကားကို ဖန်တီးခဲ့ကြတာဖြစ်ကြောင်း ပြောပြထားပါတယ်။

Kumandra ဆိုတဲ့ နေရာတစ်ခု ဖြစ်လာဖို့ မလွယ်လှပါဘူး။

photo via screenrant

ဒီ Animation ဇာတ်အိမ်တည်ထားတဲ့ နေရာကတော့ Kumandra ဆိုတဲ့ စိတ်ကူးယဉ် နေရာတစ်ခုမှာပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ အပိုင်းတွေထပ်ကွဲနေပြီး မတူညီတဲ့ လူမျိုးစုတွေ နေထိုင်ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီနေရာကြီးဟာ အလွန်ကြီးမားကျယ်ပြန့်တဲ့ နေရာတစ်ခု ဖြစ်ပြီး Animator တွေဟာ အသေးစိတ်အထိ ဖန်တီးထားရတာ ဖြစ်ပါတယ်။ ဒီစိတ်ကူးယဉ်နေရာကြီး အသက်ဝင်လာဖို့အတွက် Animator တွေဟာ လူသားတွေအပါအဝင် တခြားတိရစာ္ဆန်တွေနဲ့ ဆက်တင်ပေါင်း (၇၂၀၀၀)ကျော်ကို ဖန်တီးခဲ့ရပါတယ်။

Tuk Tuk

photo via screenrant

ဒီ Animation ထဲက Raya ရဲ့ အချစ်တော်ကောင်လေး ဖြစ်တဲ့ Tuk Tuk ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ တကယ်တော့ ဒီဇာတ်ကောင်ကို Tuk Tuk လို့ခေါ်တဲ့ သုံးဘီးယာဉ်တစ်ခုကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်သလို အမည်ကိုလည်း Tuk Tuk လို့ပဲ ပေးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘန်ကောက်မှာ အသုံးများတဲ့ ယာဉ်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ သုံးဘီးဆိုင်ကယ်၊ ဒါမှမဟုတ် တုတ်တုတ်လို့ ခေါ်ဆိုကြပါတယ်။

Raya ဟာ (၁၃)ယောက်မြောက် Disney Princess ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာတော့ Raya ဟာ Kumandra ထဲက Heart Land ရဲ့ ခေါင်းဆောင် Benja ရဲ့ သမီးအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ အရိုက်အရာဆက်ခံသူ ဖြစ်တာကြောင့် Raya ဟာ ကလေးဘဝကတည်းက သူမရဲ့အဖေနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး Dragon Gem ရဲ့ စောင့်ရှောက်သူအသစ် ဖြစ်လာအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။ သူမကတော့ Disney ရဲ့(၁၃)ယောက်မြောက် Princess ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Princess လည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular