HomeCelebs Update NewsInternationalMCU နဲ့ ပတ်သက်ပြီး အလွမ်းဆုံးအရာကို ပြောပြလာတဲ့ Robert Downey Jr.

MCU နဲ့ ပတ်သက်ပြီး အလွမ်းဆုံးအရာကို ပြောပြလာတဲ့ Robert Downey Jr.

Robert Downey Jr. ကတော့ Marvel Cinematic Universe (MCU)ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သူပါဝင်ခဲ့ရတဲ့ အမှတ်တရတွေ၊ အတွေ့အကြုံတွေ များစွာထဲက သူ့အတွက် အလွမ်းဆွတ်ဆုံး ဖြစ်စေတဲ့အရာတစ်ခုကို ပြောပြလာပါတယ်။ RDJ ဟာ MCU ရဲ့အစ ဖြစ်လာစေမယ့် Iron Man ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် စတင်ပါဝင်ခဲ့သူဖြစ်ပြီး တလျှောက်လုံးမှာလည်း ဇာတ်ကောင်အရရော၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ကြီးမားတဲ့ လွှမ်းမိုးမှုရှိခဲ့သူ ဖြစ်ပါတယ်။

RDJ ဟာ ဉာဏ်ကြီးရှင် ဘီလျံနာတစ်ယောက်ဖြစ်သူ Tony Stark အဖြစ် Iron Man ရုပ်ရှင်သုံးကားနဲ့ Avengers ရုပ်ရှင်လေးကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး MCU ရဲ့အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပရိသတ်သန်းပေါင်းများစွာရဲ့ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ MCU ထဲမှာ (၁၁)နှစ်ကြာ ပါဝင်သရုပ်ဆောင်ပြီးနောက် Avengers: Endgame ရုပ်ရှင်နဲ့ MCU ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သို့သော်လည်း ယနေ့ထိတိုင် စူပါဟီးရိုးပရိသတ်တွေကြားထဲမှာ Tony Stark ဟာ ရေပန်းစားနေဆဲ ဖြစ်ပြီး ပရိသတ်ပေါင်းများစွာကလည်း သူ့ကိုပြန်လာစေချင်နေကြတုန်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မကြာသေးခင်က Deadline သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Robert Downey Jr. ဟာ MCU နဲ့ ပတ်သက်လို့ သူ့အတွက် သတိတရအဖြစ်ရဆုံး အရာကို ပြောပြသွားပါတယ်။

RDJ ကတော့ Marvel စတူဒီယိုရဲ့ ဥက္ကဌ Kevin Feige နဲ့အတူ ကားအိမ်ကြီးတွေထဲမှာ နှစ်တွေအကြာကြီး နေခဲ့ရတာကို သတိရမိသလို Iron Man ရုပ်ရှင်တစ်ကားချင်းစီကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာတွေကိုလည်း သတိရမိတယ်လို့ ပြောသွားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“ကျွန်တော် အလွမ်းဆုံးအရာလား။ Kevin Feige နဲ့ ကားအိမ်ကြီးတွေမှာ တောက်လျှောက် ရိုက်ကွင်းထဲ နေခဲ့ရတာတွေ။ ပြီးတော့ စစချင်းမှာ Jon Favreau နဲ့ တွေ့ခဲ့ရတာတွေပေါ့။ အခုတွေးကြည့်ရင် တကယ့်လှပတဲ့ အိပ်မက်တစ်ခုလိုပါပဲ …”

“ပြီးတော့ အလယ်ပိုင်းမှာဆိုရင် Iron Man 3 ကို Shane Black နဲ့ ရိုက်ခဲ့ရတာပေါ့။ ကျွန်တော်တို့ ရိုက်ကွင်းအများစုကို North Carolina က Wilmington မှာ ရိုက်ခဲ့ကြတာ။ ပျော်ဖို့လည်းကောင်းတယ်။ အစီအစဉ်ကျဖို့လည်း မနည်းလုပ်ခဲ့ကြရတယ် …”

“ပြီးတော့ နောက်ဆုံးပိုင်းကို ပြောရရင် MCU သရုပ်ဆောင်တွေထဲမှာ တကယ့်အနီးကပ် သူငယ်ချင်း၊ မိတ်ဆွေတွေပါ ရရှိလာတာကို သတိပြုမိလိုက်တဲ့အချိန်ပေါ့။ အဲဒီအချိန်ကတော့ Russo Brothers က ကျွန်တော့်ရဲ့ Tony arc ကို လှလှပပလေး ဖြစ်အောင် ကူညီပေးခဲ့ကြတာပါပဲ …”လို့ RDJ က ပြောသွားပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular