HomeEntertainmentFilmReady or Not မင်းသမီး Samara Weaving ရဲ့ ရုပ်ရှင်အသစ် Azrael

Ready or Not မင်းသမီး Samara Weaving ရဲ့ ရုပ်ရှင်အသစ် Azrael

Ready or Not ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Samara Weaving ကတော့ Azrael ဆိုတဲ့ Horror ရုပ်ရှင်အသစ်မှာ ထပ်မံပါဝင်ထားပါတယ်။ မင်းသမီး Samara Weaving ဟာ Horror ရုပ်ရှင်တွေ အများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး The Babysitter ၊ The Babysitter: Killer Queen တို့မှာ ပါဝင်ခဲ့သလို အသစ်ထွက်ရှိလာမယ့် Scream VI ထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Azrael ရုပ်ရှင်ထဲမှာတော့ စကားလုံးဝမပြောဘဲ နေထိုင်ကြတဲ့ အမျိူးသမီးတွေ ဦးဆောင်တဲ့ Cult လို အဖွဲ့အစည်းတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ကတော့ အဲဒီအဖွဲ့အစည်းကနေ ထွက်ပြေးလာပြီး ကံခေစွာနဲ့ပဲ ပြန်လည်ဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရှေးကျတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရောက်မလာအောင် ယဇ်ပူဇော်ဖို့အတွက် အဲဒီကောင်မလေးကို ရွေးချယ်လိုက်ပါတော့တယ်။

photo via screenrant

ဒီကောင်မလေးကတော့ အရှုံးပေးလိုက်ဖို့ စိတ်ကူးမရှိတာကြောင့် ဘယ်လိုမျိူး ပြန်လည်လွတ်မြောက်အောင် ကြိုးစားမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Mossbank Inc. ရဲ့ အေးဂျင့်ဖြစ်တဲ့ Michael Rothstein ကတော့ ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို အခုလို ချီးကျူးထားပါသေးတယ်။

“ဒီဇာတ်ညွှန်းကို စဖတ်လိုက်ကတည်းက ကျွန်တော်တို့တွေ Azrael ဇာတ်လမ်းထဲမှာ မျောသွားတာပဲ။ E.l. katz နဲ့ Simon  Barrett တို့ကလည်း တကယ်ကို စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားကြတာပါ။ ပြီးတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေလည်း ကြိုက်ကြမယ်ဆိုတာ သံသယမရှိဘဲ ပြောနိုင်ပါတယ်။ Samara Weaving အတွက်လည်း ဒီထက်ပိုပြီး ပြီးပြည့်စုံတဲ့ ဇာတ်ကောင် ရှိဦးမယ်လို့ မထင်ပါဘူး …”

photo via screenrant

E.L. Katz ကတော့ ဒီဇာတ်လမ်းကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာဖြစ်ပြီး သူဟာ နာမည်ကြီး Horror ဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Haunting of Bly Manor ၊ Swamp Thing နဲ့ Scream: The TV Series တို့ရဲ့ အပိုင်းအချို့ကို ရိုက်ကူးခဲ့ဖူးပါတယ်။

ဒါ့အပြင် V/H/S Franchise ၊ Blair Witch တို့ရဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တဲ့ Simon Barrett ကလည်း ဇာတ်ညွှန်းကို ရေးသားထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး လောလောဆယ်မှာတော့ ထွက်ရှိလာမယ့် နေ့ရက်ကို မကြေညာသေးပါဘူး။ ဒါပေမယ့်လည်း ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာဖို့ ရာခိုင်နှုန်းများနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular