HomeCelebs Update NewsInternationalရုပ်ရှင်ရုံထဲမှာ The Batman ရုပ်ရှင် ပြသနေတုန်း တကယ့်လင်းနို့တွေ ဝင်ရောက်လာခဲ့

ရုပ်ရှင်ရုံထဲမှာ The Batman ရုပ်ရှင် ပြသနေတုန်း တကယ့်လင်းနို့တွေ ဝင်ရောက်လာခဲ့

The Batman ရုပ်ရှင်ကို ပြသနေရင်း ရုပ်ရှင်ရုံထဲကို တကယ့်လင်းနို့တွေ ဝင်ရောက်လာတဲ့ ဗွီဒီယိုတစ်ခု တွစ်တာစာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။ The Batman ရုပ်ရှင်ကို ကြည့်ရှုနေရင်း ရုံထဲကို တကယ့် လင်းနို့တွေ ဝင်ရောက်လာတဲ့အတွက် ရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ ရယ်မောစရာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာတော့ The Batman ရုပ်ရှင်ကို ကမ္ဘာအနှံ့က ရုပ်ရှင်ရုံတွေမှာ ပရိသတ်အများအပြား သွားရောက် ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Batman franchise ရဲ့ reboot ဖြစ်ပြီး Bruce Wayne နေရာမှာတော့ မင်းသား Robert Pattinson က သရုပ်ဆောင်ထားပါတယ်။

photo via screenrant

ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Matt Reeves ဖြစ်ပြီး ဂေါ်သမ်မြို့ထဲမှာ လူတွေကို ဒုက္ခလိုက်ပေးနေတဲ့ ဗီလိန် Riddler နေရာမှာတော့ Paul Dano က သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ညှို့အားပြင်းထန်လွန်းတဲ့ Cat Woman အဖြစ် Zoë Kravitz က သရုပ်ဆောင်ထားပြီး Bruce Wayne ရဲ့ သစ္စာရှိလူယုံ အထိန်းတော်ကြီး Alfred အဖြစ်ကိုတော့ Andy Serkis က သရုပ်ဆောင်ထားပါတယ်။

Batman ရုပ်ရှင် ပြသနေရင်း လင်းနို့တွေ ဝင်လာတဲ့ အခိုက်အတန့်ကိုတော့ ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်က ဗွီဒီယိုရိုက်ယူထားပြီး သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာတော့ ရုပ်ရှင်ရုံထဲမှာ မီးတွေလည်း ဖွင့်ထားပြီး ပြလက်စ ရုပ်ရှင်ကိုတော့ ခေတ္တ pause လုပ်ထားပုံ ရပါတယ်။ ဗွီဒီယိုရဲ့နောက်ခံအသံမှာတော့ “Batman ရုပ်ရှင်လာကြည့်တာ ရုပ်ရှင်ရုံထဲမှာ လင်းနို့တွေပါ ရောက်လာတယ် … ” ဆိုတဲ့ စကားပြောသံတစ်ခုလည်း ပါဝင်ပါတယ်။ လင်းနို့တွေကတော့ ရုပ်ရှင်ရုံထဲမှာ ဝဲပျံနေပြီး ရုပ်ရှင်ကြည့် ပရိသတ်တွေလည်း ဒီတိုက်ဆိုင်တဲ့ အခိုက်အတန့်ကို ပြုံးရယ်နေကြတာ တွေ့ရပါတယ်။

ဖြစ်နိုင်ချေကတော့ တစုံတယောက်က prank လုပ်တဲ့အနေနဲ့ ရုံထဲကို လင်းနို့တွေ ထည့်သွင်းလိုက်တာ ဖြစ်နိုင်ပါတယ်။ ရုံထဲမှာ မီးတွေပါ လင်းနေတဲ့အတွက် တယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ပြောင်လိုက်တာ ဖြစ်နိုင်သလို တကယ့် တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်ကို ပရိုမုတ် လုပ်တဲ့အနေနဲ့ မားကတ်တင်းအဖွဲ့က ကြံစည်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် The Batman ရုပ်ရှင်ကတော့ ရုံစတင်တဲ့ ပထမအပတ်အတွင်း ယူအက်စ် တစ်နိုင်ငံတည်းမှာတင် ဒေါ်လာ(၁၂၀)သန်းခန့် ဝင်ငွေ ရရှိနေပြီ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular