HomeCelebs Update NewsInternationalHorror သရုပ်ဆောင်တွေရဲ့ ပြင်ပဘဝက ပုံရိပ်များ 

Horror သရုပ်ဆောင်တွေရဲ့ ပြင်ပဘဝက ပုံရိပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ဇာတ်ကားတွေထဲက မကောင်းဆိုးဝါး၊ သရဲ၊ တစ္ဆေ၊ ဆိုက်ကိုလူသတ်သမားတွေဟာ ကြည့်ရှုသူပရိသတ်တွေကို ထိတ်လန့် ကြောက်ရွံ့အောင် ပြုစားနိုင်ကြပါတယ်။ ဒီလိုကြောက်စရာ ဇာတ်ကောင်နေရာက သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေဟာလည်း သူတို့ရဲ့ နဂိုမူရင်း ရုပ်ရည်ကို ဖျောက်ဖျက်ပြီး ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်မှုကို ပေးစွမ်းထားကြတာ ဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်တွေ့ရတဲ့ သူတို့ရဲ့ဇာတ်ကောင်တွေဟာ ကျောချမ်းစရာ ကောင်းလှပေမယ့် ပြင်ပဘဝက သရုပ်ဆောင်တွေရဲ့ တကယ့်ပုံရိပ်အစစ်တွေကတော့ သာမန်လူတွေနဲ့ မခြားလှပါဘူး။ တချို့ဆိုရင်တော့ ချောမောလှပပြီး ဆွဲဆောင်မှုရှိသူတွေတောင် ဖြစ်နေကြတာပါ။

Samara (Daveigh Chase) – The Ring
Photo via brightside

၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring ရုပ်ရှင်ထဲမှာတော့ Daveigh ဟာ Samara ဆိုတဲ့ မကောင်းဆိုးဝါးနေရာက သရုပ်ဆောင်ခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ကျိန်စာသင့်နေတဲ့ ဗွီဒီယို တိပ်ခွေကို ကြည့်မိသူဟာ ခုနှစ်ရက်အတွင်း ထူးဆန်းစွာ သေဆုံးသွားရတာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်ဖူးသူတွေဆိုရင် တီဗွီထဲက ထွက်ထွက်လာတဲ့ ဆံပင်ရှည်ကြီးနဲ့ မကောင်းဆိုးဝါးကို မှတ်မိနေကြဦးမှာပါ။ အဲဒီမကောင်းဆိုးဝါးကတော့ ပြင်ပဘဝမှာ ဒီလိုချောမောလှပတဲ့ မင်းသမီးလေး ဖြစ်နေပါတယ်။

Jason Voorhees (Ari Lehman) – Friday The 13th
Photo via brightside

လူသတ်ကားကြိုက်တဲ့ ပရိသတ်တွေဆိုရင် Jason Voorhees ကိုလည်း သေချာပေါက် ကြိုက်မှာပါ။ Jason ရဲ့ ကာရိုက်တာကိုတော့ သရုပ်ဆောင်ပေါင်းများစွာ သရုပ်ဆောင်ခဲ့ဖူးပေမယ့် Ari Lehman ကတော့ ပထမဆုံး သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ ပထမဆုံး Friday The 13th ဇာတ်ကားမှာ Ari ဟာ လူငယ် Jason အဖြစ် သရုပ်ဆောင်ခဲ့တာပါ။

သူဟာ ဒီဇာတ်ကားအတွက် သရုပ်ဆောင် ဝင်အရွေးခံတုန်းကဆိုရင် တွေ့တွေ့ချင်းပဲ အရွေးခံလိုက်ရတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ အရပ်အမြင့်ဟာ ဇာတ်ကောင် Jason နဲ့ ကိုက်ညီမှု ရှိနေတာကြောင့်လို့ ဆိုပါတယ်။ အဲဒီတုန်းက Ari ဟာ အသက်(၁၅)နှစ်ပဲ ရှိသေးပေမယ့် အရပ် ငါးပေ ကိုးလက်မခန့် ရှိနေတာ ဖြစ်ပါတယ်။

Freddy Krueger (Robert Englund) – A Nightmare on Elm Street
Photo via brightside

“One, two, Freddy’s coming for you … ” ဆိုတဲ့ စကားကို A Nightmare on Elm Street ဇာတ်ကား ကြည့်ဖူးသူတိုင်း အမှတ်ရနေကြဦးမှာပါ။ Freddy ကာရိုက်တာဟာ သရုပ်ဆောင် Robert Englund ရဲ့ သရုပ်ဆောင် သက်တမ်းတလျှောက် အထင်ရှားဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ပထမဆုံးဇာတ်ကားက စတင်ပြီး နောက်ထပ် ရှစ်ကားဆက်တိုက် Freddy နေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ ဒါဟာ မိန်းကာရိုက်တာနေရာကနေ ရှစ်ကား ဆက်တိုက် သရုပ်ဆောင်ခဲ့ရတဲ့ horror သရုပ်ဆောင်အဖြစ် စံချိန်တောင် တင်ခဲ့ပါသေးတယ်။

Valak (Bonnie Aarons) – The Conjuring 2
Photo via brightside

Bonnie Aarons ကတော့ သူမရဲ့ ထူးခြားတဲ့ ရုပ်ရည်ကြောင့် မတူကွဲပြားတဲ့ ဇာတ်ရုပ်တွေမှာ ကမ်းလှမ်းခံရလေ့ ရှိပါတယ်။ horror ဇာတ်ကားတွေကနေ ဟာသဇာတ်ကားတွေအထိ ကမ်းလှမ်းခံရသူ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ The Conjuring 2 ထဲမှာ နတ်ဆိုး Valak အဖြစ် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကြောင့် သူမဟာ သရုပ်ဆောင်လောကမှာ ပိုပြီးထင်ရှား ကျော်ကြားလာခဲ့တာလို့ ပြောလို့လည်း ရပါတယ်။

Pennywise (Bill Skarsgard) – It
Photo: billskarsgard_/ Instagram

Stephen King ရဲ့ It ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ Pennywise လူပြက်ကတော့ ကလေးတိုင်း ထိတ်လန့်ကြတဲ့ horror ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ ခေတ်သစ်ဗားရှင်းနဲ့ အသစ်ပြန်လည် ရိုက်ကူးထားတဲ့ It ကတော့ ၂၀၁၇ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပါတယ်။ ကြည့်ရှုသူတွေကို အထိတ်ထိတ် အလန့်လန့်ဖြစ်အောင် ပြုစားနိုင်ခဲ့တဲ့ Pennywise အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားသူကတော့ Bill Skarsgard ပဲ ဖြစ်ပါတယ်။

Michael Myers (Nick Castle) – Halloween
Photo via brightside

လူသတ်ကားပရိသတ်တွေဆိုရင် စုစုပေါင်း(၁၁)ကားတောင် ထွက်ရှိထားတဲ့ Halloween ဇာတ်ကားကိုလည်း မလွဲမသွေ ကြည့်ဖူးမှာပါ။ ဒီဇာတ်ကားဟာ ၁၉၇၈ခုနှစ်တုန်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး Michael Myers အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့သူကတော့ Nick Castle ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Nick ဟာ သရုပ်ဆောင်အလုပ်တွေ မလုပ်တော့ဘဲ ဇာတ်ညွှန်းရေးသားခြင်း၊ ဒါရိုက်တာအဖြစ် ကိုယ်ပိုင်ဇာတ်ကားများ ရိုက်ကူးခြင်းသာ လုပ်ဆောင်ပါတော့တယ်။

Pinhead (Doug Bradley) – Hellraiser
Photo via brightside

Hellraiser ကတော့ ၁၉၈၇ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ horror franchise တစ်ခုဖြစ်ပြီး စုစုပေါင်း (၁၀)ကား ထွက်ရှိထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ ပဟေဠိဆက်တဲ့ သေတ္တာလေးတစ်လုံးကနေ တခြားလောကတစ်ခုက ထူးဆန်းတဲ့ မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ပြီးနောက် ဖြစ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီထဲက မကောင်းဆိုးဝါးခေါင်းဆောင် Pinhead အဖြစ် သရုပ်ဆောင်ထားသူကတော့ Dough Bradley ဖြစ်ပါတယ်။

Jack Torrance (Jack Nicholson) – The Shining
Photo via brightside

၁၉၈၀ခုနှစ်တည်းက ထွက်ရှိခဲ့တဲ့ The Shining ရုပ်ရှင်ကတော့ horror ချစ်သူတွေအတွက် ရွှေလို့ သတ်မှတ်ထားရတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နှစ်ကာလတွေ များစွာ ကြာမြင့်ခဲပြီ ဖြစ်ပေမယ့် ယနေ့ထိတိုင် ဒီဇာတ်ကားကို ကြည့်ရှုနေကြဆဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကျောချမ်းဖို့ကောင်းတဲ့ ဇာတ်ကောင် Jack Torrance အဖြစ် မင်းသားကြီး Jack Nicholson က ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။

ဒါကတော့ horror ဇာတ်ကောင်တွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေရဲ့ လက်တွေ့ဘဝက ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ဇာတ္ကားေတြထဲက မေကာင္းဆိုးဝါး၊ သရဲ၊ တေစၦ၊ ဆိုက္ကိုလူသတ္သမားေတြဟာ ၾကည့္ရႈသူပရိသတ္ေတြကို ထိတ္လန႔္ ေၾကာက္႐ြံ႕ေအာင္ ျပဳစားႏိုင္ၾကပါတယ္။ ဒီလိုေၾကာက္စရာ ဇာတ္ေကာင္ေနရာက သ႐ုပ္ေဆာင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြဟာလည္း သူတို႔ရဲ႕ နဂိုမူရင္း ႐ုပ္ရည္ကို ေဖ်ာက္ဖ်က္ၿပီး ဇာတ္ေကာင္နဲ႔ လိုက္ဖက္မယ့္ သ႐ုပ္ေဆာင္မႈကို ေပးစြမ္းထားၾကတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ေတြ႕ရတဲ့ သူတို႔ရဲ႕ဇာတ္ေကာင္ေတြဟာ ေက်ာခ်မ္းစရာ ေကာင္းလွေပမယ့္ ျပင္ပဘဝက သ႐ုပ္ေဆာင္ေတြရဲ႕ တကယ့္ပုံရိပ္အစစ္ေတြကေတာ့ သာမန္လူေတြနဲ႔ မျခားလွပါဘူး။ တခ်ိဳ႕ဆိုရင္ေတာ့ ေခ်ာေမာလွပၿပီး ဆြဲေဆာင္မႈရွိသူေတြေတာင္ ျဖစ္ေနၾကတာပါ။

Samara (Daveigh Chase) – The Ring
Photo via brightside

၂၀၀၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Ring ႐ုပ္ရွင္ထဲမွာေတာ့ Daveigh ဟာ Samara ဆိုတဲ့ မေကာင္းဆိုးဝါးေနရာက သ႐ုပ္ေဆာင္ခဲ့တာပါ။ ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ က်ိန္စာသင့္ေနတဲ့ ဗြီဒီယို တိပ္ေခြကို ၾကည့္မိသူဟာ ခုႏွစ္ရက္အတြင္း ထူးဆန္းစြာ ေသဆုံးသြားရတာ ျဖစ္ပါတယ္။ ဒီကားကို ၾကည့္ဖူးသူေတြဆိုရင္ တီဗြီထဲက ထြက္ထြက္လာတဲ့ ဆံပင္ရွည္ႀကီးနဲ႔ မေကာင္းဆိုးဝါးကို မွတ္မိေနၾကဦးမွာပါ။ အဲဒီမေကာင္းဆိုးဝါးကေတာ့ ျပင္ပဘဝမွာ ဒီလိုေခ်ာေမာလွပတဲ့ မင္းသမီးေလး ျဖစ္ေနပါတယ္။

Jason Voorhees (Ari Lehman) – Friday The 13th
Photo via brightside

လူသတ္ကားႀကိဳက္တဲ့ ပရိသတ္ေတြဆိုရင္ Jason Voorhees ကိုလည္း ေသခ်ာေပါက္ ႀကိဳက္မွာပါ။ Jason ရဲ႕ ကာ႐ိုက္တာကိုေတာ့ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ သ႐ုပ္ေဆာင္ခဲ့ဖူးေပမယ့္ Ari Lehman ကေတာ့ ပထမဆုံး သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ၁၉၈၀ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ ပထမဆုံး Friday The 13th ဇာတ္ကားမွာ Ari ဟာ လူငယ္ Jason အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပါ။

သူဟာ ဒီဇာတ္ကားအတြက္ သ႐ုပ္ေဆာင္ ဝင္အေ႐ြးခံတုန္းကဆိုရင္ ေတြ႕ေတြ႕ခ်င္းပဲ အေ႐ြးခံလိုက္ရတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ အရပ္အျမင့္ဟာ ဇာတ္ေကာင္ Jason နဲ႔ ကိုက္ညီမႈ ရွိေနတာေၾကာင့္လို႔ ဆိုပါတယ္။ အဲဒီတုန္းက Ari ဟာ အသက္(၁၅)ႏွစ္ပဲ ရွိေသးေပမယ့္ အရပ္ ငါးေပ ကိုးလက္မခန႔္ ရွိေနတာ ျဖစ္ပါတယ္။

Freddy Krueger (Robert Englund) – A Nightmare on Elm Street
Photo via brightside

“One, two, Freddy’s coming for you … ” ဆိုတဲ့ စကားကို A Nightmare on Elm Street ဇာတ္ကား ၾကည့္ဖူးသူတိုင္း အမွတ္ရေနၾကဦးမွာပါ။ Freddy ကာ႐ိုက္တာဟာ သ႐ုပ္ေဆာင္ Robert Englund ရဲ႕ သ႐ုပ္ေဆာင္ သက္တမ္းတေလွ်ာက္ အထင္ရွားဆုံး ကာ႐ိုက္တာတစ္ခုလည္း ျဖစ္ပါတယ္။ သူဟာ ၁၉၈၄ခုႏွစ္က စတင္ထြက္ရွိခဲ့တဲ့ ပထမဆုံးဇာတ္ကားက စတင္ၿပီး ေနာက္ထပ္ ရွစ္ကားဆက္တိုက္ Freddy ေနရာကေန သ႐ုပ္ေဆာင္ခဲ့တာပါ။ ဒါဟာ မိန္းကာ႐ိုက္တာေနရာကေန ရွစ္ကား ဆက္တိုက္ သ႐ုပ္ေဆာင္ခဲ့ရတဲ့ horror သ႐ုပ္ေဆာင္အျဖစ္ စံခ်ိန္ေတာင္ တင္ခဲ့ပါေသးတယ္။

Valak (Bonnie Aarons) – The Conjuring 2
Photo via brightside

Bonnie Aarons ကေတာ့ သူမရဲ႕ ထူးျခားတဲ့ ႐ုပ္ရည္ေၾကာင့္ မတူကြဲျပားတဲ့ ဇာတ္႐ုပ္ေတြမွာ ကမ္းလွမ္းခံရေလ့ ရွိပါတယ္။ horror ဇာတ္ကားေတြကေန ဟာသဇာတ္ကားေတြအထိ ကမ္းလွမ္းခံရသူ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Conjuring 2 ထဲမွာ နတ္ဆိုး Valak အျဖစ္ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ေကာင္ေၾကာင့္ သူမဟာ သ႐ုပ္ေဆာင္ေလာကမွာ ပိုၿပီးထင္ရွား ေက်ာ္ၾကားလာခဲ့တာလို႔ ေျပာလို႔လည္း ရပါတယ္။

Pennywise (Bill Skarsgard) – It
Photo: billskarsgard_/ Instagram

Stephen King ရဲ႕ It ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္တဲ့ Pennywise လူျပက္ကေတာ့ ကေလးတိုင္း ထိတ္လန႔္ၾကတဲ့ horror ဇာတ္ေကာင္တစ္ခု ျဖစ္ပါတယ္။ ေခတ္သစ္ဗားရွင္းနဲ႔ အသစ္ျပန္လည္ ႐ိုက္ကူးထားတဲ့ It ကေတာ့ ၂၀၁၇ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ပါတယ္။ ၾကည့္ရႈသူေတြကို အထိတ္ထိတ္ အလန႔္လန႔္ျဖစ္ေအာင္ ျပဳစားႏိုင္ခဲ့တဲ့ Pennywise အျဖစ္ ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ထားသူကေတာ့ Bill Skarsgard ပဲ ျဖစ္ပါတယ္။

Michael Myers (Nick Castle) – Halloween
Photo via brightside

လူသတ္ကားပရိသတ္ေတြဆိုရင္ စုစုေပါင္း(၁၁)ကားေတာင္ ထြက္ရွိထားတဲ့ Halloween ဇာတ္ကားကိုလည္း မလြဲမေသြ ၾကည့္ဖူးမွာပါ။ ဒီဇာတ္ကားဟာ ၁၉၇၈ခုႏွစ္တုန္းက စတင္ထြက္ရွိခဲ့တာ ျဖစ္ၿပီး Michael Myers အျဖစ္ ပထမဆုံး သ႐ုပ္ေဆာင္ခဲ့သူကေတာ့ Nick Castle ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ Nick ဟာ သ႐ုပ္ေဆာင္အလုပ္ေတြ မလုပ္ေတာ့ဘဲ ဇာတ္ၫႊန္းေရးသားျခင္း၊ ဒါ႐ိုက္တာအျဖစ္ ကိုယ္ပိုင္ဇာတ္ကားမ်ား ႐ိုက္ကူးျခင္းသာ လုပ္ေဆာင္ပါေတာ့တယ္။

Pinhead (Doug Bradley) – Hellraiser
Photo via brightside

Hellraiser ကေတာ့ ၁၉၈၇ခုႏွစ္မွာ စတင္ထြက္ရွိခဲ့တဲ့ horror franchise တစ္ခုျဖစ္ၿပီး စုစုေပါင္း (၁၀)ကား ထြက္ရွိထားပါတယ္။ ဇာတ္လမ္းပုံစံကေတာ့ ပေဟဠိဆက္တဲ့ ေသတၱာေလးတစ္လုံးကေန တျခားေလာကတစ္ခုက ထူးဆန္းတဲ့ မေကာင္းဆိုးဝါးေတြကို ဆင့္ေခၚလိုက္ၿပီးေနာက္ ျဖစ္လာတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ျဖစ္ရပ္ေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီထဲက မေကာင္းဆိုးဝါးေခါင္းေဆာင္ Pinhead အျဖစ္ သ႐ုပ္ေဆာင္ထားသူကေတာ့ Dough Bradley ျဖစ္ပါတယ္။

Jack Torrance (Jack Nicholson) – The Shining
Photo via brightside

၁၉၈၀ခုႏွစ္တည္းက ထြက္ရွိခဲ့တဲ့ The Shining ႐ုပ္ရွင္ကေတာ့ horror ခ်စ္သူေတြအတြက္ ေ႐ႊလို႔ သတ္မွတ္ထားရတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ႏွစ္ကာလေတြ မ်ားစြာ ၾကာျမင့္ခဲၿပီ ျဖစ္ေပမယ့္ ယေန႔ထိတိုင္ ဒီဇာတ္ကားကို ၾကည့္ရႈေနၾကဆဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲက ေက်ာခ်မ္းဖို႔ေကာင္းတဲ့ ဇာတ္ေကာင္ Jack Torrance အျဖစ္ မင္းသားႀကီး Jack Nicholson က ပီျပင္စြာ သ႐ုပ္ေဆာင္ထားပါတယ္။

ဒါကေတာ့ horror ဇာတ္ေကာင္ေတြမွာ ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ လက္ေတြ႕ဘဝက ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular