HomeCelebs Update NewsInternationalAbu Dhabi မြို့မှာ ကျင်းပသွားခဲ့တဲ့ တကယ့်အပြင်လောကရဲ့ Squid Game

Abu Dhabi မြို့မှာ ကျင်းပသွားခဲ့တဲ့ တကယ့်အပြင်လောကရဲ့ Squid Game

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Squid Game ထဲကအတိုင်း မှီငြမ်းပြီး သတ်ဖြတ်မှုတွေ မပါဝင်တဲ့ ကစားနည်းတွေကို Abu Dhabi မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Squid Game ထဲမှာတော့ လူပေါင်း (၄၅၆)ယောက်ဟာ ကလေးကစားနည်းတွေကို အသုံးပြုပြီး အသက်လုကြပုံကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စက်တင်ဘာလမှာ စတင်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကြီးလာတာ ဖြစ်ပါတယ်။

photo via screenrant

Squid Game ဟာ ထွက်ရှိလာတဲ့ ပထမအပတ်မှာတင် Netflix ရဲ့ လူကြည့်အများဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲ ထွက်ရှိလာပြီး (၂၈)ရက်အကြာမှာတော့ subscriber (၁၁၁)သန်း က ကြည့်ရှုထားပြီး Netflix ရဲ့ လူကြည့်အများဆုံးဖြစ်တဲ့ Bridgerton ကိုပါ ကျော်တက်သွားပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်များစွာကို ရရှိထားပြီး rating အနေနဲ့ IMDb (8.2) နဲ့ Rotten Tomatoes 91% ရရှိထားပါတယ်။

အခုချိန်မှာတော့ ဒီဇာတ်လမ်းတွဲဟာ အလွန်နာမည်ကြီးနေတာကြောင့် Abu Dhabi မြို့မှာရှိတဲ့ ကိုရီးယားယဉ်ကျေးမှုစင်တာမှာ လူသတ်မှုတွေ မပါဝင်တဲ့ Squid Game ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ Event ကိုတော့ အင်္ဂါနေ့မှာ Session နှစ်ခုခွဲပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လူ (၁၅)ယောက် အဖွဲ့နှစ်ဖွဲ့ဟာ Red Light Green Light ၊ Dalgona Candy Challenge ၊ Paper-Flipping Game ၊ Marbles နဲ့ Ddakji တို့ကို ဆော့ကစားခဲ့ကြပါတယ်။ Website မှာ ကြေညာခဲ့တဲ့အတိုင်း ဆိုရင်တော့ အနိုင်ရရှိတဲ့အသင်းဟာ ဆုကြေးငွေ ရရှိမှာဖြစ်ပြီး အနိုင်ရရှိသူတွေအနေနဲ့ ဆုကြေးငွေ ဘယ်လောက် ရရှိခဲ့လည်းဆိုတာကိုတော့ မသိရပါဘူး။

photo via screenrant

ပြိုင်ပွဲအတွင်းမှာတော့ ယှဉ်ပြိုင်သူတွေဟာ ဒီဇာတ်လမ်းတွဲထဲက လိုဂိုပါဝင်တဲ့ တီရှပ်တွေကို ဝတ်ဆင်ထားပြီး အစောင့်တွေကတော့ ဒီဇာတ်လမ်းတွဲထဲကအတိုင်း ဝတ်ဆင်ထားကြပါတယ်။ ဒီပြိုင်ပွဲဟာ Squid Game နဲ့ တပုံစံတည်းနီးပါး ကျင်းပခဲ့တာ ဖြစ်ပြီး မတူညီတဲ့အချက်ကတော့ အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေ မပါဝင်တာပဲ ဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာတော့ ဘယ်လ်ဂျီယမ်နိုင်ငံက ကျောင်းတစ်ခုမှာလည်း ကလေးတွေဟာ Red Light Green Light ကစားခဲ့ကြပြီး ရှုံးသွားတဲ့ ကလေးတွေကိုတော့ ကလေးအချင်းချင်း ထိုးကြိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Netflix ရဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ Squid Game ထဲကအတိုင္း မွီျငမ္းၿပီး သတ္ျဖတ္မွုေတြ မပါဝင္တဲ့ ကစားနည္းေတြကို Abu Dhabi ၿမိဳ႕မွာ က်င္းပခဲ့တယ္လို႔ သိရပါတယ္။

Squid Game ထဲမွာေတာ့ လူေပါင္း (၄၅၆)ေယာက္ဟာ ကေလးကစားနည္းေတြကို အသုံးျပဳၿပီး အသက္လုၾကပုံကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ စက္တင္ဘာလမွာ စတင္ျပသခဲ့ၿပီး တစ္ကမၻာလုံးမွာ နာမည္ႀကီးလာတာ ျဖစ္ပါတယ္။

photo via screenrant

Squid Game ဟာ ထြက္ရွိလာတဲ့ ပထမအပတ္မွာတင္ Netflix ရဲ့ လူၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲတစ္ခု ျဖစ္လာပါတယ္။ ဒီဇာတ္လမ္းတြဲ ထြက္ရွိလာၿပီး (၂၈)ရက္အၾကာမွာေတာ့ subscriber (၁၁၁)သန္း က ၾကည့္ရွုထားၿပီး Netflix ရဲ့ လူၾကည့္အမ်ားဆုံးျဖစ္တဲ့ Bridgerton ကိုပါ ေက်ာ္တက္သြားပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြရဲ့ ေကာင္းမြန္တဲ့ မွတ္ခ်က္မ်ားစြာကို ရရွိထားၿပီး rating အေနနဲ႔ IMDb (8.2) နဲ႔ Rotten Tomatoes 91% ရရွိထားပါတယ္။

အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းတြဲဟာ အလြန္နာမည္ႀကီးေနတာေၾကာင့္ Abu Dhabi ၿမိဳ႕မွာရွိတဲ့ ကိုရီးယားယဥ္ေက်းမွုစင္တာမွာ လူသတ္မွုေတြ မပါဝင္တဲ့ Squid Game ကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီ Event ကိုေတာ့ အဂၤါေန႔မွာ Session ႏွစ္ခုခြဲၿပီး က်င္းပခဲ့တာ ျဖစ္ပါတယ္။

လူ(၁၅)ေယာက္ အဖြဲ႕ႏွစ္ဖြဲ႕ဟာ Red Light Green Light ၊ Dalgona Candy Challenge ၊ Paper-Flipping Game ၊ Marbles နဲ႔ Ddakji တို႔ကို ေဆာ့ကစားခဲ့ၾကပါတယ္။ Website မွာ ေၾကညာခဲ့တဲ့အတိုင္း ဆိုရင္ေတာ့ အနိုင္ရရွိတဲ့အသင္းဟာ ဆုေၾကးေငြ ရရွိမွာျဖစ္ၿပီး အနိုင္ရရွိသူေတြအေနနဲ႔ ဆုေၾကးေငြ ဘယ္ေလာက္ ရရွိခဲ့လည္းဆိုတာကိုေတာ့ မသိရပါဘူး။

photo via screenrant

ၿပိဳင္ပြဲအတြင္းမွာေတာ့ ယွဥ္ၿပိဳင္သူေတြဟာ ဒီဇာတ္လမ္းတြဲထဲက လိုဂိုပါဝင္တဲ့ တီရွပ္ေတြကို ဝတ္ဆင္ထားၿပီး အေစာင့္ေတြကေတာ့ ဒီဇာတ္လမ္းတြဲထဲကအတိုင္း ဝတ္ဆင္ထားၾကပါတယ္။ ဒီၿပိဳင္ပြဲဟာ Squid Game နဲ႔ တပုံစံတည္းနီးပါး က်င္းပခဲ့တာ ျဖစ္ၿပီး မတူညီတဲ့အခ်က္ကေတာ့ အၾကမ္းဖက္မွုေတြနဲ႔ လူသတ္မွုေတြ မပါဝင္တာပဲ ျဖစ္ပါတယ္။ ဒီလအေစာပိုင္းမွာေတာ့ ဘယ္လ္ဂ်ီယမ္နိုင္ငံက ေက်ာင္းတစ္ခုမွာလည္း ကေလးေတြဟာ Red Light Green Light ကစားခဲ့ၾကၿပီး ရွုံးသြားတဲ့ ကေလးေတြကိုေတာ့ ကေလးအခ်င္းခ်င္း ထိုးႀကိတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular