HomeCelebs Update NewsInternationalမြင်မြင်ချင်း ချစ်မိခဲ့တယ်ဆိုတဲ့ ချစ်သူမိန်းကလေးကို ထုတ်ပြလာတဲ့ Rebel Wilson

မြင်မြင်ချင်း ချစ်မိခဲ့တယ်ဆိုတဲ့ ချစ်သူမိန်းကလေးကို ထုတ်ပြလာတဲ့ Rebel Wilson

မင်းသမီး Rebel Wilson ကတော့ သူမရဲ့အချစ်ရေး အခြေအနေနဲ့ သူမရဲ့ identity ကိုပါ ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်။ Rebel ဟာ တချိန်လုံး Disney Prince ကို ရှာဖွေနေခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမ လိုအပ်နေတာဟာ Princess လေးသာ ဖြစ်ပါတယ်လို့ ဆိုပြီး သူမရဲ့အချစ်ရေးကို လှစ်ဟပြလိုက်တာ ဖြစ်ပါတယ်။

Rebel Wilson ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇွန်လ(၉)ရက်နေ့မှာပဲ သူမကို ပျော်ရွှင်စေတဲ့ ချစ်သူကို ပရိသတ်တွေဆီ အသိပေးလိုက်တာ ဖြစ်ပါတယ်။ Rebel ရဲ့ချစ်သူကတော့ Ramona Agruma လို့ခေါ်ပြီး ဖက်ရှင်နဲ့ လက်ဝတ်ရတနာ ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ ခြောက်လခန့်က ကြားထဲက မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ စတင်တွေ့ဆုံခဲ့ကြတာလို့ သိရပါတယ်။

နီးစပ်တဲ့ အတွင်းသတင်းတွေရဲ့ ပြောစကားအရ Rebel ဟာ Ramona နဲ့ မြင်မြင်ချင်း ချစ်မိသွားခဲ့တာဖြစ်ပြီး စတွေ့တဲ့အချိန်ကနေ ယခုအချိန်ထိ မခွဲဘဲ တတွဲတွဲရှိနေကြတယ်လို့ ဆိုပါတယ်။

Photo: rebelwilson/ Instagram

“ပြောရရင် သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်မိသွားကြတာပါပဲ။ အဲဒီတည်းကစပြီး နှစ်ယောက်သား ခွဲလို့ကိုမရတော့တာ။ သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အပြန်အလှန် တွေ့ပြီးသွားကြပါပြီ။ ပြီးတော့ ခရီးတွေလည်း အများကြီးပဲ အတူတူ ထွက်ပြီးကြပါပြီ။ Ramona ကလေ Rebel ကို အကောင်းဆုံးဖြစ်အောင် စိတ်ကူးစိတ်သန်းတွေ ပေးတဲ့သူပါ။ သူတို့ work out တူတူလုပ်ကြတယ်။ ဟင်းတွေတူတူချက်ကြတယ်။ ပြောရရင် (၂၄)နာရီ၊ (၇)ရက်ပတ်လုံး အတူတူရှိနေကြတာပါပဲ …” လို့ အဆိုပါ အတွင်းသတင်းက ဆိုပါတယ်။

တကယ်တော့ Rebel ဟာ Ramona နဲ့ တွေ့ဆုံပြီးတည်းက ဘဝကို ပုံစံသစ်၊ ရှုထောင့်သစ်နဲ့ ရှုမြင်တတ်လာခဲ့ပြီး ယခင်ကထက် များစွာပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ချစ်သူ Ramona ကို ကမ္ဘာကြီးဆီ မိတ်ဆက်ပေးဖို့ အချိန်တစ်ခုယူခဲ့ပေမယ့် သူမရဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထဲမှာတော့ သူတို့နှစ်ယောက်အကြောင်းကို အားလုံးက သိရှိထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo: rebelwilson/ Instagram

“Rebel အနေနဲ့ အခုလို ဘွင်းဘွင်းကြီး come out လုပ်ဖို့ အချိန်တစ်ခုယူခဲ့ပေမယ့် သူမနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက လူတွေကိုတော့ ဖုံးကွယ်မထားခဲ့ပါဘူး။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုစွဲလန်းချစ်ခင်နေကြတာပါ။ သူတို့ကို ကြည့်ရတာလည်း အတော်လေး ချစ်ဖို့ကောင်းပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူတို့ရဲ့အချစ်ကို ခံစားနိုင်ပါတယ်။ ပြောရရင် ဒါက မှော်ဆန်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို သိကြားမင်းတောင် ဆင်းတားလို့ရမယ် မထင်ပါဘူး …” လို့ Rebel နဲ့နီးစပ်တဲ့ အတွင်းသတင်းက ပြောပြထားပါတယ်။

Rebel Wilson ဟာ ပရိသတ်တွေကြားမှာတော့ fat Amy အဖြစ် နာမည်ကျော်ကြားခဲ့ပေမယ့် သူမရဲ့ကိုယ်အလေးချိန်ကို သိသိသာသာကြီး ချပစ်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်တွေအတွင်းမှာတော့ သူမဟာ ကျန်းမာရေးကို ပိုမိုလိုက်စားလာပြီး ယခင်ကထက် ပိုမိုပျော်ရွှင်တဲ့ဘဝကို ရရှိလာတယ်လို့လည်း ယူဆရပါတယ်။ သူမ နောက်ဆုံးတွဲခဲ့တဲ့ ချစ်သူကတော့ Jacob Busch ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ Jacob Busch နဲ့ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ခန့်က လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife/ people

RELATED ARTICLES

Most Popular