HomeCharacterRed Guardian အကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

Red Guardian အကြောင်း သင်မသိလောက်သေးတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Black Widow ရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်သစ်အချို့ကို မြင်တွေ့ခဲ့ရပါတယ်။ Red Guardian တဖြစ်လည်း Alexei Shostakov ကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်အသစ်တစ်ယောက် ဖြစ်ပြီး David Harbour က သရုပ်ဆောင်ထားပါတယ်။ Red Guardian ကတော့ ၁၉၆၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers #43 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပြီး Captain America နဲ့ ယှဉ်နိုင်ဖို့အတွက် ရုရှားက ဖန်တီးထားတဲ့သူ ဖြစ်ပါတယ်။ Red Guardian နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

(1) Alexei ဟာ မိဘမဲ့တစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ Alexei ဟာ ဆယ်ကျော်သက်အရွယ် ရှိနေပြီ ဖြစ်ပြီး အဲ့ဒီအချိန်မှာပဲ သူ့ရဲ့မိဘတွေကို နာဇီတွေက သတ်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ Vasily Karpov ဆိုတဲ့ ရုရှားရဲ့ ရာထူးမြင့် အရာရှိတစ်ယောက်က  Alexei ကို စောင့်ရှောက်ပေးခဲ့ပြီး Red Guardian ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း  Alexei ဟာ တိုက်ခိုက်ရာမှာတင် မဟုတ်ဘဲ လေယာဉ်မောင်းတဲ့နေရာမှာလည်း အလွန်ထူးချွန်ပါသေးတယ်။

(2) Alexei ဟာ Super Soldier မဟုတ်ပါဘူး။
photo via screenrant

Black Widow ရုပ်ရှင်ထဲမှာတော့ Alexei ဟာ ရုရှားရဲ့ တစ်ဦးတည်းသော Super Soldier လို့ ပုံဖော်ထားပေမယ့်လည်း ကောမစ်ထဲမှာတော့ သူဟာ Super Soldier တစ်ယောက် မဟုတ်ပါဘူး။ အကြောင်းကတော့ ရုရှားဟာ Super Soldier ဆေးရည်ကို မတီထွင်နိုင်ခဲ့သလို အဲ့ဒီအချိန်တုန်းက ရှိနေတဲ့ အမေရိကန်နဲ့ နာဇီတို့ တီထွင်ထားတဲ့ Super Soldier ဆေးရည်ကိုလည်း မရယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရုရှားရဲ့ အစိုးရအေဂျင်စီဖြစ်တဲ့ KGB ဟာ Alexei ကို သာမန်လူသားတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတွေထက် သာလွန်အောင် ပြင်းထန်စွာ လေ့ကျင့်စေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Alexei ဟာ ကမ္ဘာပေါ်မှာရှိတဲ့ တိုက်ခိုက်နည်းများစွာကို ကျွမ်းကျင်ခဲ့ပြီး Captain America နီးပါးလောက် စွမ်းအားကြီးလာပါတယ်။

(3) Captain America နဲ့ တိုက်ခိုက်ခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့ပါတယ်။
photo via screenrant

Alexei ဟာ ကောမစ်ထဲမှာ ပထမဆုံး ပါဝင်လာတဲ့ အချိန်ကတည်းက Captain America အပါအဝင် Avengers တွေနဲ့ ပြဿနာတက်ခဲ့ပါတယ်။ မစ်ရှင်တစ်ခုမှာတော့ Alexei နဲ့ Captain America တို့ဟာ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး Alexei ကလည်း ဘယ်သူပိုသာလည်းဆိုတာ သိချင်တာကြောင့် တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ပါတယ်။

Alexei ဟာ သာမန် လူသားတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်အောင် အလွန်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပေမယ့်လည်း Captain America နဲ့ တကယ် တိုက်ခိုက်တဲ့အချိန်မှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Alexei ဟာ ရုရှားကို သစ္စာဖောက်ခဲ့ပြီး Avengers တွေဘက်ကို ကူးပြောင်းခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Alexei ဟာ ရုရှားတွေလက်က Avengers တွေကို ကာကွယ်ပေးဖို့အတွက် အသက်ဆုံးရှုံးခံခဲ့ပါသေးတယ်။

(4) Ronin လည်း ဖြစ်ခဲ့ဖူးပါသေးတယ်။
photo via screenrant

၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Widowmaker ဆိုတဲ့ မီနီကောမစ် စီးရီးထဲမှာတော့ Alexei ဟာ ပြန်လည်ပါဝင်လာခဲ့ပြီး သူဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်မှာ မသေခဲ့ဘူးဆိုတာကို သိခဲ့ရပါတယ်။ ဒီတစ်ကြိမ် ပြန်လည် ပါဝင်လာမှုမှာတော့ Alexei ဟာ Red Guardian ဆိုတဲ့ Identity ကို အသုံးမပြုတော့ဘဲ Ronin အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူဟာ The Dark Ocean Society ဆိုတဲ့ ဒုစရိုက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်နေပြီး အတိတ်မှာတုန်းက Avengers တွေဟာ သူ့ကို သေအောင် ပစ်ထားခဲ့တယ်လို့ ယူဆကာ Avengers တွေရဲ့ ဗီလိန် ထပ်မံဖြစ်လာပါတော့တယ်။

(5) Alexei ဟာ ပထမဆုံး Red Guardian မဟုတ်ပါဘူး။
photo via screenrant

ကောမစ်ထဲမှာတော့ Red Guardian အနေနဲ့ ပထမဆုံး မြင်တွေ့ခဲ့ရသူဟာ Alexei ဖြစ်နေပေမယ့်လည်း သူဟာ ရုရှားရဲ့ ပထမဦးဆုံး Red Guardian မဟုတ်ပါဘူး။ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Namor Annual ကောမစ်ထဲမှာတော့ ပထမဆုံး Red Guardian ဟာ Aleksey Lebedev ဆိုတဲ့ ရုရှားစစ်သားတစ်ယောက်ဆိုပြီး တွေ့ခဲ့ရပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ခိုက်ခဲ့ပြီး ၁၉၅၀ ကျော်လောက်မှာ သေဆုံးသွားပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားစစ်တပ်ဟာ Red Guardian နေရာကို ဆက်ခံဖို့အတွက် Alexei ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Alexei ဟာ ဒုတိယမြောက် Red Guardian ဖြစ်ပါတယ်။

(6) နောက်ဆုံး Red Guardian လည်း မဟုတ်ပါဘူး။
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Alexei ဟာ ပထမဆုံး Red Guardian မဟုတ်သလို နောက်ဆုံး Red Guardian လည်း မဟုတ်ပါဘူး။ Red Guardian ဆိုတဲ့ Identity ဟာ ရုရှားအတွက် မျိူးချစ်စိတ်ရှိတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပြီး Aleksey နဲ့ Alexei တို့ မရှိတော့တဲ့နောက်မှာ နောက်ထပ် ဇာတ်ကောင် ငါးယောက်လောက်က Red Guardian ဖြစ်ခဲ့ကြပါသေးတယ်။

အပေါ်မှာ‌ ဖော်ပြခဲ့သလိုပဲ Alexei သေသွားပြီလို့ လူတိုင်းက ထင်နေတဲ့အချိန်မှာ ရုရှားစစ်တပ်က နောက်ထပ် Red Guardian တွေကို ဖန်တီးခဲ့ပါတယ်။ တတိယမြောက် Red Guardian ကတော့ ဒေါက်တာ Tania Belinsky ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ The Defenders အဖွဲ့ဝင် ဖြစ်သွားပါတယ်။ နောက်ထပ် ဇာတ်ကောင်တွေကတော့ Laynia Petrovna နဲ့ Nikolai Krylenko တို့ ဖြစ်ကြပြီး လက်ရှိကောမစ်ထဲမှာတော့ Nikolai Krylenko ဟာ Red Guardian ဖြစ်နေပါတယ်။

(7) Natasha ရဲ့ ခင်ပွန်းလည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Alexei က Avengers တွေဘက်ကို ရောက်သွားတဲ့အချိန်မှာတော့ သူ့ရဲ့မျက်နှာဖုံးကို ချွတ်ပြီး သူ့ကိုယ်သူ Alexei ဆိုတာ ပြသခဲ့ပါတယ်။ ဒါကြောင့်ပဲ Natasha ဟာ Alexei ကို ချက်ချင်း မှတ်မိသွားပါတယ်။ အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ အရင်တုန်းက လက်ထပ်ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို နောက်ကြောင်းပြန်ပြီး ပရိသတ်တွေကို ပြသခဲ့ပါတယ်။ Alexei ဟာ Red Guardian မဖြစ်ခင်ကတည်းက သူ့ရဲ့ တိုက်ခိုက်ရေးနဲ့ လေယာဉ်မောင်း ကျွမ်းကျင်မှုတွေကြောင့် ရုရှားမှာ ပေါ်ပြူလာ ဖြစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ Alexei ဟာ သူ့လိုမျိူးပဲ ရုရှားတွေကြားမှာ ရေပန်းစားနေတဲ့ Natasha နဲ့ လက်ထပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Alexei ကို Red Guardian အဖြစ် ရွေးချယ်လိုက်တဲ့အချိန်မှာတော့ KGB ဟာ လေယာဉ်ပျက်ကျမှုအတု ဖန်တီးပြီး Alexei ကို သေချင်ယောင်ဆောင်စေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ KGB ဟာ Alexei ကို သူ့ရဲ့အတိတ်မှာ ပတ်သက်ခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အဆက်အသွယ်မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ Natasha ကတော့ Alexei ကို သေသွားပြီလို့ပဲ ထင်တာကြောင့် သူမဟာ Alexei ရဲ့ အမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းဖို့အတွက် သူမကိုယ်တိုင် KGB ထဲကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ Black Widow ဖြစ်လာပါတယ်။

ဒါကတော့ Red Guardian နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Black Widow ႐ုပ္ရွင္ထဲမွာေတာ့ ဇာတ္ေကာင္သစ္အခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရပါတယ္။ Red Guardian တျဖစ္လည္း Alexei Shostakov ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ ဇာတ္ေကာင္အသစ္တစ္ေယာက္ ျဖစ္ၿပီး David Harbour က သ႐ုပ္ေဆာင္ထားပါတယ္။ Red Guardian ကေတာ့ ၁၉၆၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers #43 ေကာမစ္ထဲမွာ စတင္ပါဝင္လာခဲ့ၿပီး Captain America နဲ႔ ယွဥ္ႏိုင္ဖို႔အတြက္ ႐ုရွားက ဖန္တီးထားတဲ့သူ ျဖစ္ပါတယ္။ Red Guardian နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအေၾကာင္းေတြကိုေတာ့ ေအာက္မွာ ဆက္လက္ ဖတ္ရႈႏိုင္ပါတယ္။

(1) Alexei ဟာ မိဘမဲ့တစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

ဒုတိယကမာၻစစ္အတြင္းမွာေတာ့ Alexei ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ ရွိေနၿပီ ျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာပဲ သူ႔ရဲ႕မိဘေတြကို နာဇီေတြက သတ္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Vasily Karpov ဆိုတဲ့ ႐ုရွားရဲ႕ ရာထူးျမင့္ အရာရွိတစ္ေယာက္က  Alexei ကို ေစာင့္ေရွာက္ေပးခဲ့ၿပီး Red Guardian ျဖစ္လာေအာင္ ေလ့က်င့္ေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း  Alexei ဟာ တိုက္ခိုက္ရာမွာတင္ မဟုတ္ဘဲ ေလယာဥ္ေမာင္းတဲ့ေနရာမွာလည္း အလြန္ထူးခြၽန္ပါေသးတယ္။

(2) Alexei ဟာ Super Soldier မဟုတ္ပါဘူး။
photo via screenrant

Black Widow ႐ုပ္ရွင္ထဲမွာေတာ့ Alexei ဟာ ႐ုရွားရဲ႕ တစ္ဦးတည္းေသာ Super Soldier လို႔ ပုံေဖာ္ထားေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ သူဟာ Super Soldier တစ္ေယာက္ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ႐ုရွားဟာ Super Soldier ေဆးရည္ကို မတီထြင္ႏိုင္ခဲ့သလို အဲ့ဒီအခ်ိန္တုန္းက ရွိေနတဲ့ အေမရိကန္နဲ႔ နာဇီတို႔ တီထြင္ထားတဲ့ Super Soldier ေဆးရည္ကိုလည္း မရယူႏိုင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ ႐ုရွားရဲ႕ အစိုးရေအဂ်င္စီျဖစ္တဲ့ KGB ဟာ Alexei ကို သာမန္လူသားတစ္ေယာက္ရဲ႕ လုပ္ႏိုင္စြမ္းေတြထက္ သာလြန္ေအာင္ ျပင္းထန္စြာ ေလ့က်င့္ေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Alexei ဟာ ကမာၻေပၚမွာရွိတဲ့ တိုက္ခိုက္နည္းမ်ားစြာကို ကြၽမ္းက်င္ခဲ့ၿပီး Captain America နီးပါးေလာက္ စြမ္းအားႀကီးလာပါတယ္။

(3) Captain America နဲ႔ တိုက္ခိုက္ခဲ့ဖူးၿပီး ရႈံးနိမ့္ခဲ့ပါတယ္။
photo via screenrant

Alexei ဟာ ေကာမစ္ထဲမွာ ပထမဆုံး ပါဝင္လာတဲ့ အခ်ိန္ကတည္းက Captain America အပါအဝင္ Avengers ေတြနဲ႔ ျပႆနာတက္ခဲ့ပါတယ္။ မစ္ရွင္တစ္ခုမွာေတာ့ Alexei နဲ႔ Captain America တို႔ဟာ ထိပ္တိုက္ ေတြ႕ဆုံခဲ့ၿပီး Alexei ကလည္း ဘယ္သူပိုသာလည္းဆိုတာ သိခ်င္တာေၾကာင့္ တစ္ေယာက္ခ်င္း တိုက္ခိုက္ခဲ့ပါတယ္။

Alexei ဟာ သာမန္ လူသားတစ္ေယာက္ရဲ႕ လုပ္ႏိုင္စြမ္းထက္ ေက်ာ္လြန္ေအာင္ အလြန္ျပင္းထန္တဲ့ ေလ့က်င့္မႈေတြကို ျပဳလုပ္ခဲ့ေပမယ့္လည္း Captain America နဲ႔ တကယ္ တိုက္ခိုက္တဲ့အခ်ိန္မွာေတာ့ ရႈံးနိမ့္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Alexei ဟာ ႐ုရွားကို သစၥာေဖာက္ခဲ့ၿပီး Avengers ေတြဘက္ကို ကူးေျပာင္းခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Alexei ဟာ ႐ုရွားေတြလက္က Avengers ေတြကို ကာကြယ္ေပးဖို႔အတြက္ အသက္ဆုံးရႈံးခံခဲ့ပါေသးတယ္။

(4) Ronin လည္း ျဖစ္ခဲ့ဖူးပါေသးတယ္။
photo via screenrant

၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Widowmaker ဆိုတဲ့ မီနီေကာမစ္ စီးရီးထဲမွာေတာ့ Alexei ဟာ ျပန္လည္ပါဝင္လာခဲ့ၿပီး သူဟာ အေပၚမွာ ေဖာ္ျပခဲ့တဲ့ ျဖစ္ရပ္မွာ မေသခဲ့ဘူးဆိုတာကို သိခဲ့ရပါတယ္။ ဒီတစ္ႀကိမ္ ျပန္လည္ ပါဝင္လာမႈမွာေတာ့ Alexei ဟာ Red Guardian ဆိုတဲ့ Identity ကို အသုံးမျပဳေတာ့ဘဲ Ronin အျဖစ္ ေျပာင္းလဲသြားပါတယ္။ ဒါ့အျပင္ သူဟာ The Dark Ocean Society ဆိုတဲ့ ဒုစ႐ိုက္အဖြဲ႕အစည္းရဲ႕ ေခါင္းေဆာင္ ျဖစ္ေနၿပီး အတိတ္မွာတုန္းက Avengers ေတြဟာ သူ႔ကို ေသေအာင္ ပစ္ထားခဲ့တယ္လို႔ ယူဆကာ Avengers ေတြရဲ႕ ဗီလိန္ ထပ္မံျဖစ္လာပါေတာ့တယ္။

(5) Alexei ဟာ ပထမဆုံး Red Guardian မဟုတ္ပါဘူး။
photo via screenrant

ေကာမစ္ထဲမွာေတာ့ Red Guardian အေနနဲ႔ ပထမဆုံး ျမင္ေတြ႕ခဲ့ရသူဟာ Alexei ျဖစ္ေနေပမယ့္လည္း သူဟာ ႐ုရွားရဲ႕ ပထမဦးဆုံး Red Guardian မဟုတ္ပါဘူး။ ၁၉၉၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Namor Annual ေကာမစ္ထဲမွာေတာ့ ပထမဆုံး Red Guardian ဟာ Aleksey Lebedev ဆိုတဲ့ ႐ုရွားစစ္သားတစ္ေယာက္ဆိုၿပီး ေတြ႕ခဲ့ရပါတယ္။

သူဟာ ဒုတိယကမာၻစစ္အတြင္းမွာ တိုက္ခိုက္ခဲ့ၿပီး ၁၉၅၀ ေက်ာ္ေလာက္မွာ ေသဆုံးသြားပါတယ္။ ေနာက္ပိုင္းမွာေတာ့ ႐ုရွားစစ္တပ္ဟာ Red Guardian ေနရာကို ဆက္ခံဖို႔အတြက္ Alexei ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Alexei ဟာ ဒုတိယေျမာက္ Red Guardian ျဖစ္ပါတယ္။

(6) ေနာက္ဆုံး Red Guardian လည္း မဟုတ္ပါဘူး။
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Alexei ဟာ ပထမဆုံး Red Guardian မဟုတ္သလို ေနာက္ဆုံး Red Guardian လည္း မဟုတ္ပါဘူး။ Red Guardian ဆိုတဲ့ Identity ဟာ ႐ုရွားအတြက္ မ်ိဴးခ်စ္စိတ္ရွိတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီး Aleksey နဲ႔ Alexei တို႔ မရွိေတာ့တဲ့ေနာက္မွာ ေနာက္ထပ္ ဇာတ္ေကာင္ ငါးေယာက္ေလာက္က Red Guardian ျဖစ္ခဲ့ၾကပါေသးတယ္။

အေပၚမွာ‌ ေဖာ္ျပခဲ့သလိုပဲ Alexei ေသသြားၿပီလို႔ လူတိုင္းက ထင္ေနတဲ့အခ်ိန္မွာ ႐ုရွားစစ္တပ္က ေနာက္ထပ္ Red Guardian ေတြကို ဖန္တီးခဲ့ပါတယ္။ တတိယေျမာက္ Red Guardian ကေတာ့ ေဒါက္တာ Tania Belinsky ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ The Defenders အဖြဲ႕ဝင္ ျဖစ္သြားပါတယ္။ ေနာက္ထပ္ ဇာတ္ေကာင္ေတြကေတာ့ Laynia Petrovna နဲ႔ Nikolai Krylenko တို႔ ျဖစ္ၾကၿပီး လက္ရွိေကာမစ္ထဲမွာေတာ့ Nikolai Krylenko ဟာ Red Guardian ျဖစ္ေနပါတယ္။

(7) Natasha ရဲ႕ ခင္ပြန္းလည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Alexei က Avengers ေတြဘက္ကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕မ်က္ႏွာဖုံးကို ခြၽတ္ၿပီး သူ႔ကိုယ္သူ Alexei ဆိုတာ ျပသခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Natasha ဟာ Alexei ကို ခ်က္ခ်င္း မွတ္မိသြားပါတယ္။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ဟာ အရင္တုန္းက လက္ထပ္ခဲ့ဖူးလို႔ပဲ ျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းကို ေနာက္ေၾကာင္းျပန္ၿပီး ပရိသတ္ေတြကို ျပသခဲ့ပါတယ္။ Alexei ဟာ Red Guardian မျဖစ္ခင္ကတည္းက သူ႔ရဲ႕ တိုက္ခိုက္ေရးနဲ႔ ေလယာဥ္ေမာင္း ကြၽမ္းက်င္မႈေတြေၾကာင့္ ႐ုရွားမွာ ေပၚျပဴလာ ျဖစ္ေနပါတယ္။ သိပ္မၾကာခင္မွာပဲ Alexei ဟာ သူ႔လိုမ်ိဴးပဲ ႐ုရွားေတြၾကားမွာ ေရပန္းစားေနတဲ့ Natasha နဲ႔ လက္ထပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Alexei ကို Red Guardian အျဖစ္ ေ႐ြးခ်ယ္လိုက္တဲ့အခ်ိန္မွာေတာ့ KGB ဟာ ေလယာဥ္ပ်က္က်မႈအတု ဖန္တီးၿပီး Alexei ကို ေသခ်င္ေယာင္ေဆာင္ေစခဲ့ပါတယ္။ ဒါတင္မကေသးဘဲ KGB ဟာ Alexei ကို သူ႔ရဲ႕အတိတ္မွာ ပတ္သက္ခဲ့ဖူးတဲ့ လူေတြအားလုံးနဲ႔ အဆက္အသြယ္မလုပ္ဖို႔ တားျမစ္ခဲ့ပါတယ္။ Natasha ကေတာ့ Alexei ကို ေသသြားၿပီလို႔ပဲ ထင္တာေၾကာင့္ သူမဟာ Alexei ရဲ႕ အေမြအႏွစ္ေတြကို ဆက္လက္ ထိန္းသိမ္းဖို႔အတြက္ သူမကိုယ္တိုင္ KGB ထဲကို ဝင္ေရာက္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Black Widow ျဖစ္လာပါတယ္။

ဒါကေတာ့ Red Guardian နဲ႔ ပတ္သက္တဲ့ ေကာမစ္ထဲက စိတ္ဝင္စားစရာအခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular