HomeEntertainmentFilmRed Notice 2 နဲ့ 3 တို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ Netflix

Red Notice 2 နဲ့ 3 တို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ Netflix

မကြာသေးခင်ကပဲ Netflix ဟာ Red Notice 2 နဲ့ 3 တို့ ထပ်မံထွက်ရှိလာဦးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် အဓိကသရုပ်ဆောင်သုံးယောက် ဖြစ်တဲ့ Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့လည်း ပြန်လည်ပါဝင်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Dwayne Johnson ဟာ FBI အေးဂျင့်အနေနဲ့ ပါဝင်ထားပြီး Ryan Reynolds နဲ့ Gal Gadot တို့ကတော့ သူခိုးတွေအဖြစ် ပါဝင်ထားပါတယ်။

photo via screenrant

Rawson Marshall Thurber ကတော့ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူနဲ့ ထုတ်လုပ်သူအဖြစ် ပါဝင်ထားပါတယ်။ မူလတုန်းကတော့ Universal Pictures နဲ့ Legendary Entertainment တို့က ဒီရုပ်ရှင်ကို ဖန်တီးခဲ့တာဖြစ်ပြီး ကိုဗစ်ကြောင့် ရုံမတင်နိုင်တော့တဲ့အချိန်မှာ Netflix က မူပိုင်ခွင့်ကို ဝယ်ယူပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေပြီး လောလောဆယ်မှာတော့ Netflix ရဲ့ လူအကြည့်အများဆုံး ရုပ်ရှင်စာရင်းမှာ နံပါတ်တစ် ဖြစ်နေပါတယ်။

ဒီရုပ်ရှင်ထွက်ရှိလာပြီး လအနည်းငယ် ကြာမြင့်တဲ့အချိန်မှာတော့ Netflix ဟာ Red Notice 2 နဲ့ 3 တို့ကို ထပ်မံဖန်တီးသွားမယ့်အကြောင်း Deadline သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ Netflix ဟာ ဒီရုပ်ရှင်တွေအတွက် ပြင်ဆင်နေပြီ ဖြစ်ပြီး Rawson Marshall Thurber ကပဲ ဇာတ်ညွှန်းဆရာအဖြစ် ပါဝင်လာမှာ ဖြစ်သလို Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့လည်း ပြန်လည်ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

photo via screenrant

ဒါ့အပြင် ဒီသရုပ်ဆောင် သုံးယောက်ရဲ့ အချိန်ဇယားတွေပေါ် မူတည်ပြီး Netflix ဟာ ဒီရုပ်ရှင်နှစ်ကားကို ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဆက်တိုက် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ထွက်ပြီး မကြာခင်မှာပဲ Rawson Marshall Thurber ဟာ Red Notice 2 နဲ့ 3 တို့ ထွက်ရှိလာမယ်လို့ အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ဒီသတင်းအရ ဆိုရင်တော့ Netflix ဟာ Red Notice ကို ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ Franchise တစ်ခု ဖြစ်လာအောင် ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular