HomeEntertainmentFilmRed Notice ဒါရိုက်တာရဲ့ ပြောကြားချက်အရ Red Notice 2 နဲ့ 3 ထွက်လာနိုင်ချေရှိနေ

Red Notice ဒါရိုက်တာရဲ့ ပြောကြားချက်အရ Red Notice 2 နဲ့ 3 ထွက်လာနိုင်ချေရှိနေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Red Notice ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rawson Marshall Thurber ဟာ Part 2 နဲ့ 3 လည်း ဆက်လက် ထွက်ရှိလာနိုင်သေးတယ်လို့ ပြောထားပါတယ်။

အကယ်၍ 2 နဲ့ 3 ထွက်လာမယ်ဆိုရင်တော့ အဲ့ဒီနှစ်ကားလုံးကို ဆက်တိုက်ပဲ ရိုက်ကူးသွားမယ်လို့ ပြောထားပါတယ်။ ဒါရိုက်တာ Rawson ကတော့ ဒီရုပ်ရှင်ကို ရိုက်ကူးရုံတင်မကဘဲ ဇာတ်ညွှန်းကိုပါ ကိုယ်တိုင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ Red Notice ကိုတော့ Netflix မှာ ကြည့်ရှုသူအများအပြားက ကြည့်ခဲ့တာကြောင့် အခုချိန်မှာတော့ ကြည့်ရှုချိန် နာရီပေါင်း(၁၄၈)သန်းကျော် ရှိနေပြီလို့ သိရပါတယ်။

photo via screenrant

ဒါရိုက်တာ Rawson Marshall Thurber ကတော့ သူ့ရဲ့ ဒါရိုက်တာဘဝကို Dodge Ball ဆိုတဲ့ ဟာသကားနဲ့ စတင်ခဲ့ပြီး Jason Sudeikis နဲ့ Jennifer Aniston တို့ ပါဝင်ထားတဲ့ We’re the Millers ကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Dwayne Johnson ပါဝင်ထားတဲ့ Central Intelligence ၊ Skyscraper တို့အပြင် ယခုအသစ်ထွက်ရှိထားတဲ့ Red Notice တို့ကို ရိုက်ကူးထားပါတယ်။

THR သတင်းဌာနဲ့ အင်တာဗျူးမှာတော့ သူရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲက ဘယ်ရုပ်ရှင်က Sequel တွေ ထွက်လာနိုင်ချေ ရှိလည်းဆိုတဲ့ မေးခွန်းကို ဒါရိုက်တာ Rawson ကတော့ ရုပ်ရှင်တွေအားလုံးထဲမှာ Red Notice က ဖြစ်နိုင်ချေ အရှိဆုံးပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် Sequel ရိုက်ခွင့်ရလာရင်လည်း 2 နဲ့ 3 နှစ်ကားလုံးကို မနားဘဲ ဆက်တိုက် ရိုက်ကူးသွားချင်ပါတယ်လို့ ပြောသွားပါတယ်။

photo via screenrant

Red Notice ထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ အလုပ်များကြသူတွေ ဖြစ်တာကြောင့် နောက်ထပ် Sequel တွေ ထွက်ရှိလာဖို့ အချိန်အနည်းငယ် စောင့်ဆိုင်းရမယ်လို့ ယူဆရပါတယ်။ Dwyane Johnson ကတော့ ရှေ့နှစ်မှာ Black Adam ထွက်လာဖို့ ရှိသလို Red One ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း ပါဝင်သရုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

Ryan Reynolds ကတော့ သရုပ်ဆောင်တာကို ခဏတာ အနားယူဦးမယ်လို့ ပြောထားပါတယ်။ Gal Gadot ကတော့ Heart of Stone ရုပ်ရှင် ရိုက်ကူးနေဆဲ ဖြစ်ပြီး Cleopatra နဲ့ Wonder Woman 3 တို့မှာ ဆက်လက်ပါဝင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Snow White ရုပ်ရှင်ထဲမှာလည်း Evil Queen နေရာမှာ ပါဝင်လာဖို့ ရှိပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Red Notice ကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ Rawson Marshall Thurber ဟာ Part 2 နဲ႔ 3 လည္း ဆက္လက္ ထြက္ရွိလာနိုင္ေသးတယ္လို႔ ေျပာထားပါတယ္။

အကယ္၍ 2 နဲ႔ 3 ထြက္လာမယ္ဆိုရင္ေတာ့ အဲ့ဒီႏွစ္ကားလုံးကို ဆက္တိုက္ပဲ ရိုက္ကူးသြားမယ္လို႔ ေျပာထားပါတယ္။ ဒါရိုက္တာ Rawson ကေတာ့ ဒီ႐ုပ္ရွင္ကို ရိုက္ကူး႐ုံတင္မကဘဲ ဇာတ္ညႊန္းကိုပါ ကိုယ္တိုင္ေရးသားခဲ့တာ ျဖစ္ပါတယ္။ Red Notice ကိုေတာ့ Netflix မွာ ၾကည့္ရွုသူအမ်ားအျပားက ၾကည့္ခဲ့တာေၾကာင့္ အခုခ်ိန္မွာေတာ့ ၾကည့္ရွုခ်ိန္ နာရီေပါင္း(၁၄၈)သန္းေက်ာ္ ရွိေနၿပီလို႔ သိရပါတယ္။

photo via screenrant

ဒါရိုက္တာ Rawson Marshall Thurber ကေတာ့ သူ႔ရဲ့ ဒါရိုက္တာဘဝကို Dodge Ball ဆိုတဲ့ ဟာသကားနဲ႔ စတင္ခဲ့ၿပီး Jason Sudeikis နဲ႔ Jennifer Aniston တို႔ ပါဝင္ထားတဲ့ We’re the Millers ကို ရိုက္ကူးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Dwayne Johnson ပါဝင္ထားတဲ့ Central Intelligence ၊ Skyscraper တို႔အျပင္ ယခုအသစ္ထြက္ရွိထားတဲ့ Red Notice တို႔ကို ရိုက္ကူးထားပါတယ္။

THR သတင္းဌာနဲ႔ အင္တာဗ်ဴးမွာေတာ့ သူရိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြထဲက ဘယ္႐ုပ္ရွင္က Sequel ေတြ ထြက္လာနိုင္ေခ် ရွိလည္းဆိုတဲ့ ေမးခြန္းကို ဒါရိုက္တာ Rawson ကေတာ့ ႐ုပ္ရွင္ေတြအားလုံးထဲမွာ Red Notice က ျဖစ္နိုင္ေခ် အရွိဆုံးပါလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ Sequel ရိုက္ခြင့္ရလာရင္လည္း 2 နဲ႔ 3 ႏွစ္ကားလုံးကို မနားဘဲ ဆက္တိုက္ ရိုက္ကူးသြားခ်င္ပါတယ္လို႔ ေျပာသြားပါတယ္။

photo via screenrant

Red Notice ထဲမွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ အလုပ္မ်ားၾကသူေတြ ျဖစ္တာေၾကာင့္ ေနာက္ထပ္ Sequel ေတြ ထြက္ရွိလာဖို႔ အခ်ိန္အနည္းငယ္ ေစာင့္ဆိုင္းရမယ္လို႔ ယူဆရပါတယ္။ Dwyane Johnson ကေတာ့ ေရွ႕ႏွစ္မွာ Black Adam ထြက္လာဖို႔ ရွိသလို Red One ဆိုတဲ့ ႐ုပ္ရွင္ထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္။

Ryan Reynolds ကေတာ့ သ႐ုပ္ေဆာင္တာကို ခဏတာ အနားယူဦးမယ္လို႔ ေျပာထားပါတယ္။ Gal Gadot ကေတာ့ Heart of Stone ႐ုပ္ရွင္ ရိုက္ကူးေနဆဲ ျဖစ္ၿပီး Cleopatra နဲ႔ Wonder Woman 3 တို႔မွာ ဆက္လက္ပါဝင္ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Snow White ႐ုပ္ရွင္ထဲမွာလည္း Evil Queen ေနရာမွာ ပါဝင္လာဖို႔ ရွိပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular