HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Netflix ရဲ့ Red Notice ရုပ်ရှင်

ထွေလာအသစ် ထွက်ရှိလာတဲ့ Netflix ရဲ့ Red Notice ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ကနေ ထွက်ရှိလာမယ့် Red Notice ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့က အဓိကပါဝင်ထားပါတယ်။

Dwayne Johnson ကတော့ FBI အေးဂျင့်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူဟာ ကမ္ဘာ့အလိုအရှိဆုံး သူခိုးတစ်ယောက် (Gal Gadot)ကို ဖမ်းဆီးဖို့အတွက် နောက်ထပ် သူခိုးတစ်ယောက် (Ryan Reynolds)ရဲ့ အကူအညီနဲ့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Gal Gadot ကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့အတွက် ဒေါ်လာသန်း (၂၀) ရရှိခဲ့တယ်လို့ သိရပြီး ဒါကြောင့်ပဲ သူမဟာ ဟောလိဝုဒ်ရဲ့ တတိယမြောက် သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီး ဖြစ်လာခဲ့ပါတယ်။ Dwayne Johnson နဲ့ Ryan Reynolds တို့ကတော့ သရုပ်ဆောင်ကြေး ဘယ်လောက်ရရှိခဲ့လည်းဆိုတာ မသိရသေးပေမယ့်လည်း သေချာတာကတော့ ဒီရုပ်ရှင်ဟာ ဘတ်ဂျက်များစွာ အသုံးပြုထားပြီး ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် အက်ရှင်ဟာသ ဇာတ်လမ်းအမျိူးအစားဆိုတာပါပဲ။

မကြာသေးခင်တုန်းကပဲ Netflix ဟာ Red Notice ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပြီး အက်ရှင်ခန်းတွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ Ryan Reynolds ကတော့ ထုံးစံအတိုင်းပဲ သူ့ရဲ့ဇာတ်ကောင်ဟာ အလွဲတွေ မကြာခဏ ပြုလုပ်တတ်သူ ဖြစ်နေပြီး ဒီထွေလာထဲမှာလည်း ဟာသဇာတ်ဝင်ခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီထွေလာကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rawson Marshall Thurber က ရိုက်ကူးထားတာ ဖြစ်ပြီး သူဟာ အရင်တုန်းကလည်း Dwayne Johnson ၊ Ryan Reynolds ၊ Gal Gadot တို့နဲ့ ရုပ်ရှင်တွေ ဖန်တီးခဲ့ဖူးပါတယ်။ Dwayne Johnson ရဲ့ Skyscraper ကိုလည်း သူပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Netflix ရဲ့ Red Notice ကိုတော့ နိုဝင်ဘာလ (၁၂)ရက်နေ့မှာ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Netflix ကေန ထြက္ရွိလာမယ့္ Red Notice ႐ုပ္ရွင္ရဲ့ ေထြလာကေတာ့ မၾကာခင္ကပဲ ထြက္ရွိလာပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ ျဖစ္တဲ့ Dwayne Johnson ၊ Gal Gadot နဲ႔ Ryan Reynolds တို႔က အဓိကပါဝင္ထားပါတယ္။

Dwayne Johnson ကေတာ့ FBI ေအးဂ်င့္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး သူဟာ ကမၻာ့အလိုအရွိဆုံး သူခိုးတစ္ေယာက္ (Gal Gadot)ကို ဖမ္းဆီးဖို႔အတြက္ ေနာက္ထပ္ သူခိုးတစ္ေယာက္ (Ryan Reynolds)ရဲ့ အကူအညီနဲ႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

Gal Gadot ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့အတြက္ ေဒၚလာသန္း (၂၀) ရရွိခဲ့တယ္လို႔ သိရၿပီး ဒါေၾကာင့္ပဲ သူမဟာ ေဟာလိဝုဒ္ရဲ့ တတိယေျမာက္ သ႐ုပ္ေဆာင္ေၾကးအျမင့္ဆုံး မင္းသမီး ျဖစ္လာခဲ့ပါတယ္။ Dwayne Johnson နဲ႔ Ryan Reynolds တို႔ကေတာ့ သ႐ုပ္ေဆာင္ေၾကး ဘယ္ေလာက္ရရွိခဲ့လည္းဆိုတာ မသိရေသးေပမယ့္လည္း ေသခ်ာတာကေတာ့ ဒီ႐ုပ္ရွင္ဟာ ဘတ္ဂ်က္မ်ားစြာ အသုံးျပဳထားၿပီး ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္မယ့္ အက္ရွင္ဟာသ ဇာတ္လမ္းအမ်ိဴးအစားဆိုတာပါပဲ။

မၾကာေသးခင္တုန္းကပဲ Netflix ဟာ Red Notice ရဲ့ ေထြလာကို ထုတ္ေပးခဲ့ၿပီး အက္ရွင္ခန္းေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရပါတယ္။ Ryan Reynolds ကေတာ့ ထုံးစံအတိုင္းပဲ သူ႔ရဲ့ဇာတ္ေကာင္ဟာ အလြဲေတြ မၾကာခဏ ျပဳလုပ္တတ္သူ ျဖစ္ေနၿပီး ဒီေထြလာထဲမွာလည္း ဟာသဇာတ္ဝင္ခန္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေထြလာကိုေတာ့ ေအာက္မွာၾကည့္ရွုနိုင္ပါတယ္။

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါရိုက္တာ Rawson Marshall Thurber က ရိုက္ကူးထားတာ ျဖစ္ၿပီး သူဟာ အရင္တုန္းကလည္း Dwayne Johnson ၊ Ryan Reynolds ၊ Gal Gadot တို႔နဲ႔ ႐ုပ္ရွင္ေတြ ဖန္တီးခဲ့ဖူးပါတယ္။ Dwayne Johnson ရဲ့ Skyscraper ကိုလည္း သူပဲ ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ Netflix ရဲ့ Red Notice ကိုေတာ့ နိုဝင္ဘာလ (၁၂)ရက္ေန႔မွာ စတင္ၾကည့္ရွုနိုင္ၿပီ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular