HomeEntertainmentFilmSanta Claus ကို ရှာပုံတော်ဖွင့်ကြမယ့် Dwayne Johnson နဲ့ Chris Evans

Santa Claus ကို ရှာပုံတော်ဖွင့်ကြမယ့် Dwayne Johnson နဲ့ Chris Evans

Dwayne Johnson နဲ့ Chris Evans တို့ အဓိက ဦးဆောင်ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကား Red One ကတော့ မကြာသေးခင်ကပဲ ထွေလာ ထွက်ရှိထားပါတယ်။

ဇာတ်လမ်းကတော့ Red One လို့ လူသိများကြတဲ့ ဆန်တာကလော့စ်ဟာ ခရစ်စမတ်မတိုင်ခင်မှာပဲ ပျောက်ဆုံးသွားပြီး ပြ-န်ပေးဆွဲခံလိုက်ရပါတယ်။ ဒီမှာတင် မြောက်ဝင်ရိုးစွန်းရဲ့ လုံခြုံရေးခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့ Callum Drift (Dwayne Johnson)အတွက် ခေါင်းကျိန်းစရာ ဖြစ်လာပြီး ပျောက်သွားတဲ့ ဆန်တာကို ပြန်ရှာဖို့ လူဆိုးစာရင်းဝင်တစ်ယောက် ဖြစ်တဲ့ Jack O’Malley (Chris Evans)နဲ့ ပူးပေါင်းရပါတော့တယ်။

Jumanji: Welcome to the Jungle ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jake Kasdan က ရိုက်ကူးထားပြီး Fast & Furious ဇာတ်ကားတွေကို တာဝန်ယူ ရေးသားပေးခဲ့တဲ့ Chris Morgan က ဇာတ်ညွှန်းရေးသားထားပါတယ်။

Cast အပြည့်အစုံကတော့ Dwayne Johnson ၊ Chris Evans ၊ Kiernan Shipka ၊ Lucy Liu ၊ J.K. Simmons အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

လာမယ့် နိုဝင်ဘာလ (၁၅)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Admin – Vancouver

Source: THR

RELATED ARTICLES

Most Popular