HomeEntertainmentFilmRelease Date ထွက်ရှိလာတဲ့ Stranger Things Season 4

Release Date ထွက်ရှိလာတဲ့ Stranger Things Season 4

Stranger Things ဇာတ်လမ်းတွဲရဲ့ Season 4 ဟာ လာမယ့် မေလ (၂၇)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ Netflix က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် Season 4 ဟာ Part I နဲ့ II ဆိုပြီး နှစ်ပိုင်းခွဲကာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Mike Wheeler နဲ့ သူငယ်ချင်းတစ်စုဟာ စမ်းသပ်ခန်းတစ်ခုကနေ လွတ်မြောက်လာပြီး စိတ်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ Eleven ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံကြတဲ့နောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Netflix ဟာ Stranger Things Season 4 ထွက်ရှိလာမယ့်အကြောင်းကို ၂၀၁၉ ခုနှစ်တည်းက ကြေညာခဲ့တာ ဖြစ်ပြီး ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယခုအချိန်မှ ထွက်ရှိလာရတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Finn Wolfhard ၊ Millie Bobby Brown ၊ Winona Ryder ၊ David Harbour တို့ကတော့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပရိသတ်တွေများစွာ စောင့်မျှော်နေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး Netflix အတွက်လည်း စံချိန်တွေ တင်ပေးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

သုံးနှစ်နီးပါးလောက် စောင့်မျှော်ပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ Season 4 ဟာ မေလ (၂၇)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ Netflix က အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် Season 4 ကို အပိုင်းနှစ်ပိုင်း ခွဲခြားကာ ထုတ်လွှင့်ပြသသွားမယ်လို့ ပြောထားပါတယ်။ ဒုတိယအပိုင်းကိုတော့ ပထမပိုင်းထွက်ရှိပြီး ငါးပတ်အကြာဖြစ်တဲ့ ဇူလိုင်လ (၁)ရက်နေ့မှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေ ဖြစ်တဲ့ Duffer ညီအစ်ကိုရဲ့ ကြေညာချက်ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ ရိုက်ကူးရေး စတင်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ Season 4 ကြည့်ရှုဖို့အတွက် သုံးနှစ်နီးပါးလောက် စောင့်နေခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ပရိသတ်တွေဟာ နောက်ထပ် သုံးလလောက် ထပ်မံစောင့်ဆိုင်းပြီးသွားရင်တော့ Season 4 ရဲ့ Part I ကို ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular