HomeEntertainmentFilmRick & Morty Live Action ဗီဒီယိုထဲမှာ Rick အနေနဲ့ မြင်တွေ့ခဲ့ရတဲ့ Christopher Lloyd

Rick & Morty Live Action ဗီဒီယိုထဲမှာ Rick အနေနဲ့ မြင်တွေ့ခဲ့ရတဲ့ Christopher Lloyd

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကပဲ Adult Swim ရုပ်သံလိုင်းဟာ Rick & Morty Live Action ဗားရှင်းကို စက္ကန့်ပိုင်းစာ ဗီဒီယိုအတိုလေး တစ်ခု ပြသခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Christopher Lloyd ဟာ Rick အနေနဲ့ ပါဝင်ထားပြီး Morty နေရာမှာတော့ Jaeden Martell က ပါဝင်ထားပါတယ်။ Rick & Morty Animation ဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်သိပ္ပံနဲ့ ဟာသတို့ကို ရောနှောထားတဲ့အပြင် တစ်ခြားရသပေါင်းစုံ ပါဝင်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခု ဖြစ်ပါတယ်။

Rick & Morty ဇာတ်လမ်းတွဲကိုတော့ ၂၀၁၃ ခုနှစ်မှာ စတင်ပြီး Adult Swim ရုပ်သံလိုင်းကနေ ပြသခဲ့ကာ Primetime Emmy Award နှစ်ဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။ Christopher Lloyd ကတော့ Back to the Future Trilogy နဲ့ လူသိများကြပါတယ်။ Back to the Future ထဲက Christopher ရဲ့ ဇာတ်ကောင်ကလည်း Rick နဲ့ အနည်းငယ်ဆင်တူပြီး ဒီဗီဒီယိုထဲမှာ မြင်တွေ့ရသလိုဆိုရင် သူဟာ Rick ဇာတ်ကောင်နဲ့ အတော်လေး လိုက်ဖက်ပါတယ်။ Morty အနေနဲ့ ပါဝင်ထားတဲ့ Jaeden Martell ကတော့ IT ထဲမှာ Bill Denbrough အနေနဲ့ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Rick & Morty Season 5 ထွက်လာတဲ့အချိန်မှာတော့ Adult Swim ရုပ်သံလိုင်းဟာ Christopher Lloyd နဲ့ Jaeden Martell တို့ကို Rick နဲ့ Morty တို့ ဇာတ်ကောင်တွေရဲ့ Live Action ဗားရှင်းကို ဗီဒီယိုအတိုလေး ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာတော့ Rick ရဲ့ ဓာတ်ခွဲခန်းထဲမှာ Portal ပွင့်လာပြီး သူတို့နှစ်ယောက် ထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီဗီဒီယိုအတိုလေးဟာ Rick & Morty Season 5 ကို ပရိုမိုးရှင်းဆင်းတာ သက်သက်ပဲ ဖြစ်နိုင်ပေမယ့်လည်း တကယ်ပဲ Live Action ဗားရှင်းကို ဖန်တီးသွားမယ်လို့ အရိပ်အမြွက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ Animation ဇာတ်လမ်းတွဲတွေ တဖြည်းဖြည်း နာမည်ကြီးလာပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ များလာတဲ့အချိန်မှာတော့ Live Action တွေ ဖန်တီးလေ့ရှိကြပြီး တစ်ချိန်မှာတော့ Rick & Morty ကိုလည်း Live Action အနေနဲ့ ကြည့်ရှုရမယ့်အချိန်ကို ရောက်လာနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

မၾကာေသးခင္ကပဲ Adult Swim ႐ုပ္သံလိုင္းဟာ Rick & Morty Live Action ဗားရွင္းကို စကၠန႔္ပိုင္းစာ ဗီဒီယိုအတိုေလး တစ္ခု ျပသခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ Christopher Lloyd ဟာ Rick အေနနဲ႔ ပါဝင္ထားၿပီး Morty ေနရာမွာေတာ့ Jaeden Martell က ပါဝင္ထားပါတယ္။ Rick & Morty Animation ဇာတ္လမ္းတြဲကေတာ့ စိတ္ကူးယဥ္သိပၸံနဲ႔ ဟာသတို႔ကို ေရာေႏွာထားတဲ့အျပင္ တစ္ျခားရသေပါင္းစုံ ပါဝင္တဲ့ ဇာတ္လမ္းတြဲေကာင္း တစ္ခု ျဖစ္ပါတယ္။

Rick & Morty ဇာတ္လမ္းတြဲကိုေတာ့ ၂၀၁၃ ခုႏွစ္မွာ စတင္ၿပီး Adult Swim ႐ုပ္သံလိုင္းကေန ျပသခဲ့ကာ Primetime Emmy Award ႏွစ္ဆုကိုလည္း ဆြတ္ခူးထားပါေသးတယ္။ Christopher Lloyd ကေတာ့ Back to the Future Trilogy နဲ႔ လူသိမ်ားၾကပါတယ္။ Back to the Future ထဲက Christopher ရဲ႕ ဇာတ္ေကာင္ကလည္း Rick နဲ႔ အနည္းငယ္ဆင္တူၿပီး ဒီဗီဒီယိုထဲမွာ ျမင္ေတြ႕ရသလိုဆိုရင္ သူဟာ Rick ဇာတ္ေကာင္နဲ႔ အေတာ္ေလး လိုက္ဖက္ပါတယ္။ Morty အေနနဲ႔ ပါဝင္ထားတဲ့ Jaeden Martell ကေတာ့ IT ထဲမွာ Bill Denbrough အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

Rick & Morty Season 5 ထြက္လာတဲ့အခ်ိန္မွာေတာ့ Adult Swim ႐ုပ္သံလိုင္းဟာ Christopher Lloyd နဲ႔ Jaeden Martell တို႔ကို Rick နဲ႔ Morty တို႔ ဇာတ္ေကာင္ေတြရဲ႕ Live Action ဗားရွင္းကို ဗီဒီယိုအတိုေလး ထုတ္လုပ္ခဲ့ပါတယ္။ အဲ့ဒီဗီဒီယိုထဲမွာေတာ့ Rick ရဲ႕ ဓာတ္ခြဲခန္းထဲမွာ Portal ပြင့္လာၿပီး သူတို႔ႏွစ္ေယာက္ ထြက္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီဗီဒီယိုအတိုေလးဟာ Rick & Morty Season 5 ကို ပ႐ိုမိုးရွင္းဆင္းတာ သက္သက္ပဲ ျဖစ္ႏိုင္ေပမယ့္လည္း တကယ္ပဲ Live Action ဗားရွင္းကို ဖန္တီးသြားမယ္လို႔ အရိပ္အႁမြက္ေပးတာလည္း ျဖစ္ႏိုင္ပါတယ္။ Animation ဇာတ္လမ္းတြဲေတြ တျဖည္းျဖည္း နာမည္ႀကီးလာၿပီး ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေတြ မ်ားလာတဲ့အခ်ိန္မွာေတာ့ Live Action ေတြ ဖန္တီးေလ့ရွိၾကၿပီး တစ္ခ်ိန္မွာေတာ့ Rick & Morty ကိုလည္း Live Action အေနနဲ႔ ၾကည့္ရႈရမယ့္အခ်ိန္ကို ေရာက္လာႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular