HomeCelebs Update NewsInternational2020 မှာ ဗြိတိန်ရဲ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာတဲ့ Rihanna

2020 မှာ ဗြိတိန်ရဲ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာတဲ့ Rihanna

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ 

နာမည်ကျော် R&B အဆိုတော်တစ်ယောက်ဖြစ်တဲ့ Rihanna ဟာ သူမရဲ့ပြောင်မြောက်တဲ့ ဂီတစွမ်းရည်၊ အလုပ်လေးစားမှုနဲ့ စီးပွားရေးအမြင်တို့ကြောင့် ၂၀၁၉ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၂၀ခုနှစ်မှာတော့ ဗြိတိန်ရဲ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ လက်ရှိအချိန်အထိ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ သန်း(၆၀၀)ကျော် ရှိနေပါတယ်။ Ri Ri တစ်ယောက် ဘယ်အချက်တွေကြောင့် ဒီလိုအချမ်းသာဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာရလည်းဆိုတာ နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်။

ပါရမီထူးကဲတဲ့ ဂီတစွမ်းရည်

Ri Ri ရဲ့ ဂီတစွမ်းရည်ဟာ သူမရဲ့ ငွေကြေးပိုင်းဆိုင်ရာ အောင်မြင်မှုအတွက် အဓိကအကျဆုံး လှေကားတစ်ခု ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမရဲ့ ဟစ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Umbrella ကို ဘယ်သူကများ မေ့နိုင်ကြဦးမှာပါလဲ။ အဲ့ဒီ့သီချင်းဟာ music chart တွေမှာ ရက်သတ္တပတ်ပေါင်းများစွာ ထိပ်ဆုံးက ရပ်တည်နေနိုင်ခဲ့တာပါ။ အလားတူပဲ၊ သူမကို အောင်မြင်မှု ရရှိစေခဲ့တဲ့ ဟစ်သီချင်းများစွာ ရှိခဲ့ပါတယ်။

Photo: badgalriri/ Instagram

သူမရဲ့ ငွေကြေးချမ်းသာမှုထဲက အများစုဟာ အယ်လ်ဘမ်ရောင်းရငွေနဲ့ နယ်လှည့်ဖျော်ဖြေရေး Tour တွေဆီက ရရှိပါတယ်။ သူမရဲ့ ဓာတ်ပြားတိုက်ဖြစ်တဲ့ Roc Nation ရဲ့ ဖော်ပြချက်အရ Ri Ri ဟာ ဒစ်ဂျစ်တယ်လ်မှာ အရောင်းရဆုံး artist တစ်ယောက် ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်လ် အယ်လ်ဘမ်ပေါင်း သန်း(၆၀)နဲ့ သီချင်းပုဒ်ရေ (၂၁၅)သန်းကျော်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းချထားရတယ်လို့ ဆိုပါတယ်။

၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ သူမရဲ့ Diamonds World Tour ဟာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ (၁၄၂)သန်းနီးပါး အမြတ်ငွေ ရရှိထားပြီး ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ Anti World Tour ဆိုရင်လည်း ဒေါ်လာ(၁၀၆)သန်းနီးပါး အမြတ်ငွေ ရရှိခဲ့ပါတယ်။

Fenty Beauty အလှကုန်များ
Photo: badgalriri/ Instagram

၂၀၁၇ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Rihanna ရဲ့ Fenty Beauty ကုမ္ပဏီဟာ တာထွက်တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတင် ဒေါ်လာ သန်း(၁၀၀)ကျော် ရောင်းအားရှိခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး(၁၅)လအတွင်းမှာ ကြောက်ခမန်းလိလိပဲ ရောင်းအား ဒေါ်လာ (၅၇၀)သန်း ရှိခဲ့တာဟာ မျက်လုံးပြူးချင်စရာ ဖြစ်ပါတယ်။ Ri Ri ဟာ သူမရဲ့ Fenty Beauty အလှကုန်ကုမ္ပဏီကို ပြင်သစ်က နာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ LVMH နဲ့ ပူးပေါင်းတည်ထောင်ခဲ့တာပါ။

Fenty Beauty ရဲ့ ရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းကို LVMH က ပိုင်ဆိုင်ပြီး (၁၅)ရာခိုင်နှုန်းကိုတော့ Ri Ri က ပိုင်ဆိုင်ထားပါတယ်။ လက်ရှိအချိန်အထိ ကုမ္ပဏီရဲ့တန်ဖိုးဟာ ခန့်မှန်းချေ ဒေါ်လာ (၃)ဘီလျံကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပိုင်ဆိုင်ထားပေမယ့် များပြားလှတဲ့ ရောင်းအားနဲ့ ကုမ္ပဏီတန်ဖိုးတို့ကြောင့် Ri Ri အတွက်လည်း သေချာပေါက် ဒေါ်လာသန်းနဲ့ချီပြီး အကျိုးအမြတ်တွေ ရရှိစေခဲ့ပါတယ်။

အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်များစွာကို လွှမ်းမိုးထားနိုင်တဲ့ စတားပါဝါကို ပိုင်ဆိုင်ထားတာကြောင့် ကိုယ်ပိုင် အလှကုန် brand ထုတ်လုပ်တဲ့နေရာမှာ အင်မတန် အသုံးဝင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေ ပိုင်ဆိုင်ထားတဲ့ Ri Ri ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာလည်း ဖော်လိုဝါ (၈၃.၅) သန်းကျော် ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ကုန်ပစ္စည်းကို အလွယ်တကူပဲ စျေးကွက်ထိုးဖောက်နိုင်ခဲ့ပါတယ်။

Photo: badgalriri/ Instagram

Fenty Beauty အလှကုန်တွေ နာမည်ကြီးရတဲ့ အကြောင်းရင်းဟာ Ri Ri ရဲ့ စတားပါဝါတစ်ခုတည်းကြောင့်တင် မဟုတ်ပါဘူး။ ကမ္ဘာ့နေရာဒေသအနှံ့က အမျိုးသမီးတွေရဲ့ အသားအရောင်အတိုင်း လိုက်ဖက်ညီစေဖို့ ဖောင်ဒေးရှင်း အရောင်(၄၀)ကို ထုတ်လုပ်ထားခြင်းကလည်း ပြိုင်ဘက်အလှကုန်တွေထက် သာလွန်တဲ့ အချက်တစ်ခု ဖြစ်နေစေပါတယ်။

Work work work …. ဆိုတဲ့ သူမရဲ့သီချင်းအတိုင်း Ri Ri ရဲ့ စီးပွားရေးလုပ်ငန်းဟာ အလှကုန်နဲ့တင် မပြီးသွားပါဘူး။ Savage X Fenty ဆိုတဲ့ အမျိုးသမီး အတွင်းခံအဝတ်အထည်တွေကိုလည်း ထပ်မံထုတ်လုပ်ထားပြီး နှစ်စဉ် အမြတ်ငွေ ဒေါ်လာ သန်း(၁၅၀)ကျော် ရရှိနေပါသေးတယ်။ ဒါတင်မက အဝတ်အထည်ပိုင်းမှာလည်း ကိုယ်ပိုင်ဒီဇိုင်းတွေ ထုတ်လုပ်ပြီး Fenty နာမည်နဲ့ ဖက်ရှင်လောကအထိပါ ချဲ့ထွင်သွားမယ့်အကြောင်း ပြီးခဲ့တဲ့နှစ်က ကြေငြာခဲ့ပါသေးတယ်။

နာမည်ကျော် Brand များမှ ရရှိတဲ့ ကြော်ငြာဝင်ငွေများ
Photo: badgalriri/ Instagram

အခြားသော ဆယ်လီတွေလိုပဲ Ri Ri ဟာလည်း နာမည်ကြီး ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ကြော်ငြာစာချုပ်တွေ ချုပ်ဆိုပြီး ဒေါ်လာသန်းနဲ့ချီတဲ့ ဝင်ငွေတွေ ရရှိခဲ့ပါတယ်။ River Island ၊ Mac ၊ Armani ၊ Balmain စတဲ့ ထိတ်ထိတ်ကြဲ brand တွေကို ကြော်ငြာပေးခဲ့ရသူ ဖြစ်ပါတယ်။

ဒါတင်မက ၂၀၁၄ခုနှစ်တုန်းကဆိုရင် ဒေါ်လာတစ်သန်းတန်စာချုပ် ချုပ်ဆိုပြီး Puma ရဲ့ creative director အဖြစ် လုပ်ကိုင်ပေးခဲ့ဖူးပါသေးတယ်။ သူမကိုယ်တိုင် ဆွဲထားတဲ့ ဖိနပ်ဒီဇိုင်းအသစ်ကြောင့် Puma ရဲ့ ရောင်းအားဟာ ယခင်ကထက် (၁၆)ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာလည်း Ri Ri ဟာ Puma ရဲ့ global brand ambassador အဖြစ် ဒေါ်လာသန်းချီတဲ့ စာချုပ်နဲ့ ဆက်လက်လုပ်ကိုင်ပေးခဲ့ပါသေးတယ်။

ကြားပေါက်ဝါသနာက ရရှိတဲ့ငွေကြေးများ
Photo: badgalriri/ Instagram

Ri Ri ဟာ အလုပ်လုပ်ရတာကို နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဂီတနဲ့ ဖက်ရှင်ပိုင်းမှာတင် မဟုတ်ဘဲ သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ Valerian and the City of a Thousand Planets ၊ Ocean’s 8 နဲ့ Bates Motel အစရှိတဲ့ နာမည်ကြီးရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားပါတယ်။

Ri Ri ဟာ အိမ်ခြံမြေလုပ်ငန်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တတ်သူ ဖြစ်ပါတယ်။ မကြာခဏဆိုသလို အိမ်ခြံမြေတွေ ဝယ်ယူထားပြီး ခဏလောက် အောင်းထားပြီးမှ အမြတ်ငွေ ရမယ့်အချိန်လောက်မှာ ပြန်လည်ထုတ်ရောင်းတတ်ပါတယ်။ ဝယ်ယူလိုက်တဲ့ အိမ်တိုင်းက မြတ်စွန်းသွားတာတော့ မဟုတ်ပေမယ့် များမြောင်လှတဲ့ အလုပ်တွေနဲ့ အချိန်ဇယားတွေကြားမှာ ဒီလောက်အထိ အားထုတ်ပြီး အာရုံစိုက်နိုင်တဲ့ သူမရဲ့အလုပ်လုပ်နိုင်စွမ်းရည်ကိုတော့ မချီးကျူးလို့ မရပါဘူး။

Photo: badgalriri/ Instagram

ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Ri Ri ကို သာမန်ဘဝကနေ ကျိကျိတက် ချမ်းသာပြီး နာမည်ကျော်ကြား အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အဓိက တန်ဖိုးရှိတဲ့အရာဟာ သူမရဲ့ ဂီတပါရမီကြောင့်ပဲ ဖြစ်ပါတယ်။ ဂီတက အခြေခံပြီး ရရှိလာတဲ့ အောင်မြင်မှုတွေဟာ ကိုယ်ပိုင်ကုန်ပစ္စည်းအမှတ်တံဆိပ် ထုတ်လုပ်ဖို့အတွက် ရေသောက်မြစ် ဖြစ်စေခဲ့တာပါ။ နယ်ပယ်အစုံမှာ ကြိုးစားလှုပ်ရှားနေသူတစ်ယောက် ဖြစ်တာကြောင့် နှစ်စဉ် သန်းနဲ့ချီတဲ့ အမြတ်ငွေတွေ ရရှိနေမှာဖြစ်ပြီး ရှေ့လျှောက်မှာလည်း ဒီ့ထက်ပိုချမ်းသာလာဦးမှာ ဖြစ်ပါတယ်။

Rihanna ဟာ ဂီတအလုပ်နဲ့ စီးပွားရေးတွေကြောင့် ချမ်းသာလာသလို တစ်ဖက်မှာလည်း အလှူအတန်း ရက်ရောသူတစ်ယောက် ဖြစ်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် အမြဲတမ်း လှူဒါန်းထောက်ပံ့မှုတွေ ပေးခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားတော့လည်း အလှူငွေများစွာ လှူဒါန်းခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့က ပရိသတ်တွေရော၊ ပရိသတ်မဟုတ်သူတွေကပါ ချီးကျူးထောပနာ ပြုနေရတဲ့ စီးပွားရေးလုပ်ငန်းရှင် အဆိုတော်မလေး Rihanna ဖြစ်နေရတာပါလို့ ဆိုလိုက်ရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ R&B အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Rihanna ဟာ သူမရဲ႕ေျပာင္ေျမာက္တဲ့ ဂီတစြမ္းရည္၊ အလုပ္ေလးစားမႈနဲ႔ စီးပြားေရးအျမင္တို႔ေၾကာင့္ ၂၀၁၉ခုႏွစ္ရဲ႕ ကမာၻ႔အခ်မ္းသာဆုံး အမ်ိဳးသမီးအဆိုေတာ္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၂၀ခုႏွစ္မွာေတာ့ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံး အမ်ိဳးသမီးအဆိုေတာ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ သူမရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ လက္ရွိအခ်ိန္အထိ ခန႔္မွန္းေခ် အေမရိကန္ေဒၚလာ သန္း(၆၀၀)ေက်ာ္ ရွိေနပါတယ္။ Ri Ri တစ္ေယာက္ ဘယ္အခ်က္ေတြေၾကာင့္ ဒီလိုအခ်မ္းသာဆုံး အမ်ိဳးသမီးအဆိုေတာ္ ျဖစ္လာရလည္းဆိုတာ နည္းနည္းေလာက္ ေလ့လာၾကည့္လိုက္ရေအာင္။

ပါရမီထူးကဲတဲ့ ဂီတစြမ္းရည္

Ri Ri ရဲ႕ ဂီတစြမ္းရည္ဟာ သူမရဲ႕ ေငြေၾကးပိုင္းဆိုင္ရာ ေအာင္ျမင္မႈအတြက္ အဓိကအက်ဆုံး ေလွကားတစ္ခု ျဖစ္ပါတယ္။ ၂၀၀၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ သူမရဲ႕ ဟစ္သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Umbrella ကို ဘယ္သူကမ်ား ေမ့ႏိုင္ၾကဦးမွာပါလဲ။ အဲ့ဒီ့သီခ်င္းဟာ music chart ေတြမွာ ရက္သတၱပတ္ေပါင္းမ်ားစြာ ထိပ္ဆုံးက ရပ္တည္ေနႏိုင္ခဲ့တာပါ။ အလားတူပဲ၊ သူမကို ေအာင္ျမင္မႈ ရရွိေစခဲ့တဲ့ ဟစ္သီခ်င္းမ်ားစြာ ရွိခဲ့ပါတယ္။

Photo: badgalriri/ Instagram

သူမရဲ႕ ေငြေၾကးခ်မ္းသာမႈထဲက အမ်ားစုဟာ အယ္လ္ဘမ္ေရာင္းရေငြနဲ႔ နယ္လွည့္ေဖ်ာ္ေျဖေရး Tour ေတြဆီက ရရွိပါတယ္။ သူမရဲ႕ ဓာတ္ျပားတိုက္ျဖစ္တဲ့ Roc Nation ရဲ႕ ေဖာ္ျပခ်က္အရ Ri Ri ဟာ ဒစ္ဂ်စ္တယ္လ္မွာ အေရာင္းရဆုံး artist တစ္ေယာက္ ျဖစ္ပါတယ္။ ဒစ္ဂ်စ္တယ္လ္ အယ္လ္ဘမ္ေပါင္း သန္း(၆၀)နဲ႔ သီခ်င္းပုဒ္ေရ (၂၁၅)သန္းေက်ာ္ကို တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ေရာင္းခ်ထားရတယ္လို႔ ဆိုပါတယ္။

၂၀၁၃ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ သူမရဲ႕ Diamonds World Tour ဟာ ခန႔္မွန္းေခ် အေမရိကန္ေဒၚလာ (၁၄၂)သန္းနီးပါး အျမတ္ေငြ ရရွိထားၿပီး ၂၀၁၆ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ Anti World Tour ဆိုရင္လည္း ေဒၚလာ(၁၀၆)သန္းနီးပါး အျမတ္ေငြ ရရွိခဲ့ပါတယ္။

Fenty Beauty အလွကုန္မ်ား
Photo: badgalriri/ Instagram

၂၀၁၇ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ Rihanna ရဲ႕ Fenty Beauty ကုမၸဏီဟာ တာထြက္တဲ့ ရက္သတၱပတ္အနည္းငယ္အတြင္းမွာတင္ ေဒၚလာ သန္း(၁၀၀)ေက်ာ္ ေရာင္းအားရွိခဲ့ပါတယ္။ ကုမၸဏီရဲ႕ ပထမဆုံး(၁၅)လအတြင္းမွာ ေၾကာက္ခမန္းလိလိပဲ ေရာင္းအား ေဒၚလာ (၅၇၀)သန္း ရွိခဲ့တာဟာ မ်က္လုံးျပဴးခ်င္စရာ ျဖစ္ပါတယ္။ Ri Ri ဟာ သူမရဲ႕ Fenty Beauty အလွကုန္ကုမၸဏီကို ျပင္သစ္က နာမည္ႀကီး ဇိမ္ခံအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ LVMH နဲ႔ ပူးေပါင္းတည္ေထာင္ခဲ့တာပါ။

Fenty Beauty ရဲ႕ ရွယ္ယာ ငါးဆယ္ရာခိုင္ႏႈန္းကို LVMH က ပိုင္ဆိုင္ၿပီး (၁၅)ရာခိုင္ႏႈန္းကိုေတာ့ Ri Ri က ပိုင္ဆိုင္ထားပါတယ္။ လက္ရွိအခ်ိန္အထိ ကုမၸဏီရဲ႕တန္ဖိုးဟာ ခန႔္မွန္းေခ် ေဒၚလာ (၃)ဘီလ်ံေက်ာ္မွာ ရွိေနတယ္လို႔ သိရပါတယ္။ ကုမၸဏီရဲ႕ တစ္စိတ္တစ္ပိုင္းကိုသာ ပိုင္ဆိုင္ထားေပမယ့္ မ်ားျပားလွတဲ့ ေရာင္းအားနဲ႔ ကုမၸဏီတန္ဖိုးတို႔ေၾကာင့္ Ri Ri အတြက္လည္း ေသခ်ာေပါက္ ေဒၚလာသန္းနဲ႔ခ်ီၿပီး အက်ိဳးအျမတ္ေတြ ရရွိေစခဲ့ပါတယ္။

အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္မ်ားစြာကို လႊမ္းမိုးထားႏိုင္တဲ့ စတားပါဝါကို ပိုင္ဆိုင္ထားတာေၾကာင့္ ကိုယ္ပိုင္ အလွကုန္ brand ထုတ္လုပ္တဲ့ေနရာမွာ အင္မတန္ အသုံးဝင္ခဲ့ပါတယ္။ တစ္ကမာၻလုံးမွာ ပရိသတ္ေတြ ပိုင္ဆိုင္ထားတဲ့ Ri Ri ဟာ သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာလည္း ေဖာ္လိုဝါ (၈၃.၅) သန္းေက်ာ္ ပိုင္ဆိုင္ထားတာေၾကာင့္ သူမရဲ႕ကုန္ပစၥည္းကို အလြယ္တကူပဲ ေစ်းကြက္ထိုးေဖာက္ႏိုင္ခဲ့ပါတယ္။

Photo: badgalriri/ Instagram

Fenty Beauty အလွကုန္ေတြ နာမည္ႀကီးရတဲ့ အေၾကာင္းရင္းဟာ Ri Ri ရဲ႕ စတားပါဝါတစ္ခုတည္းေၾကာင့္တင္ မဟုတ္ပါဘူး။ ကမာၻ႔ေနရာေဒသအႏွံ႔က အမ်ိဳးသမီးေတြရဲ႕ အသားအေရာင္အတိုင္း လိုက္ဖက္ညီေစဖို႔ ေဖာင္ေဒးရွင္း အေရာင္(၄၀)ကို ထုတ္လုပ္ထားျခင္းကလည္း ၿပိဳင္ဘက္အလွကုန္ေတြထက္ သာလြန္တဲ့ အခ်က္တစ္ခု ျဖစ္ေနေစပါတယ္။

Work work work …. ဆိုတဲ့ သူမရဲ႕သီခ်င္းအတိုင္း Ri Ri ရဲ႕ စီးပြားေရးလုပ္ငန္းဟာ အလွကုန္နဲ႔တင္ မၿပီးသြားပါဘူး။ Savage X Fenty ဆိုတဲ့ အမ်ိဳးသမီး အတြင္းခံအဝတ္အထည္ေတြကိုလည္း ထပ္မံထုတ္လုပ္ထားၿပီး ႏွစ္စဥ္ အျမတ္ေငြ ေဒၚလာ သန္း(၁၅၀)ေက်ာ္ ရရွိေနပါေသးတယ္။ ဒါတင္မက အဝတ္အထည္ပိုင္းမွာလည္း ကိုယ္ပိုင္ဒီဇိုင္းေတြ ထုတ္လုပ္ၿပီး Fenty နာမည္နဲ႔ ဖက္ရွင္ေလာကအထိပါ ခ်ဲ႕ထြင္သြားမယ့္အေၾကာင္း ၿပီးခဲ့တဲ့ႏွစ္က ေၾကျငာခဲ့ပါေသးတယ္။

နာမည္ေက်ာ္ Brand မ်ားမွ ရရွိတဲ့ ေၾကာ္ျငာဝင္ေငြမ်ား
Photo: badgalriri/ Instagram

အျခားေသာ ဆယ္လီေတြလိုပဲ Ri Ri ဟာလည္း နာမည္ႀကီး ကုန္ပစၥည္းအမွတ္တံဆိပ္ေတြနဲ႔ ေၾကာ္ျငာစာခ်ဳပ္ေတြ ခ်ဳပ္ဆိုၿပီး ေဒၚလာသန္းနဲ႔ခ်ီတဲ့ ဝင္ေငြေတြ ရရွိခဲ့ပါတယ္။ River Island ၊ Mac ၊ Armani ၊ Balmain စတဲ့ ထိတ္ထိတ္ႀကဲ brand ေတြကို ေၾကာ္ျငာေပးခဲ့ရသူ ျဖစ္ပါတယ္။

ဒါတင္မက ၂၀၁၄ခုႏွစ္တုန္းကဆိုရင္ ေဒၚလာတစ္သန္းတန္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး Puma ရဲ႕ creative director အျဖစ္ လုပ္ကိုင္ေပးခဲ့ဖူးပါေသးတယ္။ သူမကိုယ္တိုင္ ဆြဲထားတဲ့ ဖိနပ္ဒီဇိုင္းအသစ္ေၾကာင့္ Puma ရဲ႕ ေရာင္းအားဟာ ယခင္ကထက္ (၁၆)ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာလည္း Ri Ri ဟာ Puma ရဲ႕ global brand ambassador အျဖစ္ ေဒၚလာသန္းခ်ီတဲ့ စာခ်ဳပ္နဲ႔ ဆက္လက္လုပ္ကိုင္ေပးခဲ့ပါေသးတယ္။

ၾကားေပါက္ဝါသနာက ရရွိတဲ့ေငြေၾကးမ်ား
Photo: badgalriri/ Instagram

Ri Ri ဟာ အလုပ္လုပ္ရတာကို ႏွစ္သက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ဂီတနဲ႔ ဖက္ရွင္ပိုင္းမွာတင္ မဟုတ္ဘဲ သ႐ုပ္ေဆာင္အပိုင္းမွာလည္း ဝါသနာႀကီးသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပါ။ Valerian and the City of a Thousand Planets ၊ Ocean’s 8 နဲ႔ Bates Motel အစရွိတဲ့ နာမည္ႀကီး႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္ထားပါတယ္။

Ri Ri ဟာ အိမ္ၿခံေျမလုပ္ငန္းမွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္တတ္သူ ျဖစ္ပါတယ္။ မၾကာခဏဆိုသလို အိမ္ၿခံေျမေတြ ဝယ္ယူထားၿပီး ခဏေလာက္ ေအာင္းထားၿပီးမွ အျမတ္ေငြ ရမယ့္အခ်ိန္ေလာက္မွာ ျပန္လည္ထုတ္ေရာင္းတတ္ပါတယ္။ ဝယ္ယူလိုက္တဲ့ အိမ္တိုင္းက ျမတ္စြန္းသြားတာေတာ့ မဟုတ္ေပမယ့္ မ်ားေျမာင္လွတဲ့ အလုပ္ေတြနဲ႔ အခ်ိန္ဇယားေတြၾကားမွာ ဒီေလာက္အထိ အားထုတ္ၿပီး အာ႐ုံစိုက္ႏိုင္တဲ့ သူမရဲ႕အလုပ္လုပ္ႏိုင္စြမ္းရည္ကိုေတာ့ မခ်ီးက်ဴးလို႔ မရပါဘူး။

Photo: badgalriri/ Instagram

ၿခဳံငုံသုံးသပ္ရမယ္ဆိုရင္ေတာ့ Ri Ri ကို သာမန္ဘဝကေန က်ိက်ိတက္ ခ်မ္းသာၿပီး နာမည္ေက်ာ္ၾကား ေအာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ အဓိက တန္ဖိုးရွိတဲ့အရာဟာ သူမရဲ႕ ဂီတပါရမီေၾကာင့္ပဲ ျဖစ္ပါတယ္။ ဂီတက အေျခခံၿပီး ရရွိလာတဲ့ ေအာင္ျမင္မႈေတြဟာ ကိုယ္ပိုင္ကုန္ပစၥည္းအမွတ္တံဆိပ္ ထုတ္လုပ္ဖို႔အတြက္ ေရေသာက္ျမစ္ ျဖစ္ေစခဲ့တာပါ။ နယ္ပယ္အစုံမွာ ႀကိဳးစားလႈပ္ရွားေနသူတစ္ေယာက္ ျဖစ္တာေၾကာင့္ ႏွစ္စဥ္ သန္းနဲ႔ခ်ီတဲ့ အျမတ္ေငြေတြ ရရွိေနမွာျဖစ္ၿပီး ေရွ႕ေလွ်ာက္မွာလည္း ဒီ့ထက္ပိုခ်မ္းသာလာဦးမွာ ျဖစ္ပါတယ္။

Rihanna ဟာ ဂီတအလုပ္နဲ႔ စီးပြားေရးေတြေၾကာင့္ ခ်မ္းသာလာသလို တစ္ဖက္မွာလည္း အလႉအတန္း ရက္ေရာသူတစ္ေယာက္ ျဖစ္ပါတယ္။ အကူအညီလိုအပ္ေနတဲ့ ကေလးငယ္ေတြအတြက္ အၿမဲတမ္း လႉဒါန္းေထာက္ပံ့မႈေတြ ေပးခဲ့ၿပီး ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေတာ့လည္း အလႉေငြမ်ားစြာ လႉဒါန္းခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း ကမာၻအႏွံ႔က ပရိသတ္ေတြေရာ၊ ပရိသတ္မဟုတ္သူေတြကပါ ခ်ီးက်ဴးေထာပနာ ျပဳေနရတဲ့ စီးပြားေရးလုပ္ငန္းရွင္ အဆိုေတာ္မေလး Rihanna ျဖစ္ေနရတာပါလို႔ ဆိုလိုက္ရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular