HomeCelebs Update NewsInternationalချစ်သူ A$AP Rocky နဲ့ ပထမဆုံးကိုယ်ဝန်လွယ်ထားရတဲ့ Rihanna 

ချစ်သူ A$AP Rocky နဲ့ ပထမဆုံးကိုယ်ဝန်လွယ်ထားရတဲ့ Rihanna 

နာမည်ကျော်အဆိုတော် Rihanna ဟာ သူမရဲ့ သားဦးကိုယ်ဝန်ကို လွယ်ထားရတဲ့အကြောင်း မကြာသေးခင်ကပဲ အသိပေးလိုက်ပါတယ်။

ဒါဟာ ချစ်သူ A$AP Rocky နဲ့ ရတဲ့ Ri Ri ရဲ့ ပထမဆုံးကိုယ်ဝန်ဖြစ်သလို သားဦးကိုယ်ဝန်လည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ မနေ့က ဇန်နဝါရီလ(၃၁)ရက်နေ့က နယူးယော့ခ်မြို့ပေါ်မှာ သူတို့ချစ်သူနှစ်ဦးကို အတူတွဲ မြင်တွေ့ရစဉ်မှာ ပေါ်ထွက်လာတဲ့သတင်းပဲ ဖြစ်ပါတယ်။

Photo: badgalriri/ Instagram

ပုံမှန်ဆိုရင်တော့ နာမည်ကျော်ဆယ်လီတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ ဘဝဖြစ်စဉ်တွေကို အင်စတာဂရမ်၊ တွစ်တာ အစရှိတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် အသိပေးတတ်ကြပေမယ့် Rihanna ကတော့ အရိုးရှင်းဆုံးပုံစံနဲ့ အသိပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒါကတော့ Ri Ri ဟာ အတော်အတန် လရင့်နေပြီဖြစ်တဲ့ ကိုယ်ဝန်ကို ပေါ်လွင်အောင် ဝတ်ဆင်ပြီး ချစ်သူနဲ့အတူ နယူးယော့ခ်လမ်းမပေါ်ကို ထွက်လာတာပဲ ဖြစ်ပါတယ်။ Ri Ri ဟာ ပန်းရောင်ကုတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီအပြာရောင်ကို ဝတ်ဆင်ထားပြီး သူမရဲ့ဝမ်းဗိုက် ပေါ်လွင်အောင် ကြယ်သီးဖြုတ်ဝတ်ဆင်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit: DIGGZY/ Shutterstock

Rihanna နဲ့ A$AP Rocky တို့ရဲ့ ချစ်သူသက်တမ်းကတော့ နှစ်နှစ်ကျော်ခန့် ရှိနေပါပြီ။ ဒီအချိန်မှာပဲ သူတို့ရဲ့ အချစ်ရေးကို နောက်တဆင့် တက်လှမ်းပြီး ကလေးယူဖို့ကို ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

“Rocky ကတော့ Rihanna ဟာ သူ့ဘဝအတွက် အပြည့်စုံဆုံး၊ အလိုက်ဖက်ဆုံးလူလို့ ခံစားနေရပါတယ်။ သူမ မရှိဘဲနဲ့ သူ မနေနိုင်ပါဘူး။ သူတို့နှစ်ယောက်က ကလေးယူဖို့ရော၊ လက်ထပ်ဖို့ရော ဆွေးနွေးနေကြတာပါ။ ဒါက သူတို့နှစ်ယောက်လုံး လိုချင်ကြတဲ့အရာလည်း ဖြစ်ပါတယ် … ”

“သူတို့နှစ်ယောက်ကြားက အချစ်ရေးက မြန်မြန်ဆန်ဆန်ပဲ တိုးတက်သွားခဲ့တာ မှန်ပေမယ့် သူတို့က မတွဲခင်တည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး အခြေခိုင်ပြီးသား ဖြစ်နေတာပေါ့ … ” လို့ Ri Ri တို့နဲ့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက ဆိုထားပါတယ်။

Photo Credit: DIGGZY/ Shutterstock

တကယ်တော့ Rocky နဲ့ Ri Ri တို့ဟာ ယခင်တည်းက မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးနေခဲ့ကြတာပါ။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ Ri Ri ဟာ သူမရဲ့ချစ်သူဟောင်း Hassan Jameel နဲ့ လမ်းခွဲ ပြတ်စဲခဲ့ပါတယ်။ အဲဒီနောက်မှာမှ သူတို့နှစ်ယောက် နီးစပ်ပြီး ချစ်သူတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလဟာ ကိုဗစ်ရောဂါ ပြင်းထန် ပျံ့နှံ့နေတဲ့ ကာလလည်း ဖြစ်တာကြောင့် Rocky နဲ့ Ri Ri တို့ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုဝှက်ထားခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ် နှောင်းပိုင်းကို ရောက်လာမှသာ နှစ်ယောက်တွဲပြီး အပြင်ထွက်တာ၊ တွဲသွား၊ တွဲလာ လုပ်တာတွေ တွေ့လာခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလမှာ GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုဗစ်ကာလမှာ Rihanna နဲ့အတူ အမေရိကတခွင်ကို road trip ထွက်ခဲ့ပြီး မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ခဲ့ကြောင်း Rocky က ပြောထားပါသေးတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular