HomeEntertainmentFilmSeason 2 မှာ သရုပ်ဆောင်အပြောင်းအလဲ ဖြစ်လာမယ့် The Rings of Power ဇာတ်လမ်းတွဲ

Season 2 မှာ သရုပ်ဆောင်အပြောင်းအလဲ ဖြစ်လာမယ့် The Rings of Power ဇာတ်လမ်းတွဲ

The Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲကတော့ Season 2 ထဲမှာ အဓိကဇာတ်ကောင်တစ်ယောက်ကို သရုပ်ဆောင် ပြောင်းလဲသွားမှာဖြစ်ပြီး နောက်ထပ်သရုပ်ဆောင်သစ် (၆)ယောက်လည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Amazon ကတော့  ၂၀၁၇ ခုနှစ်မှာ Lord of the Rings ရဲ့ မူပိုင်ခွင့်ကို ဝယ်ယူခဲ့တာ ဖြစ်ပြီး Season ငါးခု ပါဝင်လာမယ့် The Rings of Power ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Season ငါးခုလုံးအတွက် ဘတ်ဂျက်ကတော့ အနည်းဆုံး ဒေါ်လာ(၁)ဘီလျံခန့် ကုန်ကျမှာဖြစ်ပြီး ရုပ်ရှင်သမိုင်းရဲ့ ဘတ်ဂျက်အများဆုံး အသုံးပြုထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်လာပါတယ်။

photo via screenrant

Season 1 ကိုတော့ စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ပြသခဲ့ပြီး Season 1 ကို ပြသလို့ မပြီးခင်မှာတင် Season 2 ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ယခုအချိန်မှာတော့ Amazon ဟာ Season 2 အတွက် Casting Update ကို ကြေညာခဲ့ပြီး သရုပ်ဆောင်အသစ် (၇)ယောက် ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Season 1 ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Orc တွေရဲ့ ခေါင်းဆောင် Adar နေရာမှာတော့ သရုပ်ဆောင်ပြောင်းလဲသွားမှာ ဖြစ်ပြီး Peaky Blinders ထဲမှာ ပါဝင်ခဲ့တဲ့ Sam Hazeldine က အစားထိုး သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အသစ်ပါဝင်လာတဲ့ အခြားသရုပ်ဆောင် (၆)ယောက်ကတော့ Gabriel Akuwudike ၊ Yasen Zates Atour ၊ Ben Daniels ၊ Nia Towle ၊ Nicholas Woodeson နဲ့ Amelia Kenworthy တို့ပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Season 2 ကို ယူကေမှာ ရိုက်ကူးနေပါတယ်။ Season 1 ကိုတော့ နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Season 2 ရဲ့ ဇာတ်လမ်းကိုတော့ သေချာမသိရသေးပေမယ့် Nori နဲ့ Stranger တို့ဟာ အရှေ့ဘက်ကို ဆက်လက်ခရီးထွက်သွားကြပြီး Rhun ရဲ့ တစ်ခါမှမမြင်ခဲ့ဖူးတဲ့ နေရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖန်တီးသူ J.D. Payne နဲ့ Patrick McKay တို့ကတော့ Season 2 ထဲမှာ ကြီးမားတဲ့ Battle Scene တွေကို မြင်တွေ့ရမယ်လို့ ပြောထားပါတယ်။ Season 2 ကိုတော့ ၂၀၂၄ ခုနှစ်လောက်မှသာ ကြည့်ရှုနိုင်မယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular