HomeCelebs Update NewsInternationalလိင်အမြတ်ထုတ်မှုနဲ့ စွပ်စွဲခံလိုက်ရတဲ့ Fast and Furious ဒါရိုက်တာ Rob Cohen 

လိင်အမြတ်ထုတ်မှုနဲ့ စွပ်စွဲခံလိုက်ရတဲ့ Fast and Furious ဒါရိုက်တာ Rob Cohen 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fast and Furious ဒါရိုက်တာ Rob Cohen ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ Asia Argento က စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

Rob Cohen ကတော့ Fast and Furious franchise ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ The Fast and The Furious ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပြီး နာမည်ကျော် XXX ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ အသက်(၇၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Rob Cohen ဟာ Asia Argento အပေါ် လိင်ပိုင်းအရ ကျူးလွန်စော်ကားခဲ့ဖူးတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

Photo via IMDb

Asia Argento ကတော့ အီတလီမင်းသမီးတစ်လက်ဖြစ်ပြီး ဒါရိုက်တာနဲ့ အဆိုတော်အလုပ်တွေကိုလည်း လုပ်ကိုင်ပါတယ်။ သူမ သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ XXX ၊ Land of the Dead နဲ့ Marie Antoinette တို့ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထုတ်ဖော်ပြောကြားလိုက်တဲ့ သူမရဲ့စကားအရ XXX ဇာတ်ကား ရိုက်ကူးစဉ် လွန်ခဲ့တဲ့ ၂၀၀၂ခုနှစ်တုန်းက ဒါရိုက်တာ Rob Cohen ဟာ သူမအပေါ် ဆေးခတ်ပြီး လိင်ပိုင်းကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

Asia ဟာ ဟောလိဝုဒ်ရဲ့ ထိတ်ထိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဖော်ထုတ်တုန်းကလည်း ရှေ့ဆုံးကနေ ထုတ်ဖော်ပြောကြားခဲ့သူအဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ Harvey Weinstein ကတော့ ဟောလိဝုဒ်မှာ သွားထိလို့မရတဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး နာမည်ကျော် Miramax ရုပ်ရှင်ကုမ္ပဏီရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။

Photo: asiaargento/ Instagram

သို့ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းကပဲ ဟောလိဝုဒ်မှာ ကြီးစိုးလွှမ်းမိုးစဉ်တစ်လျှောက် Harvey Weinstein ဟာ နာမည်ကျော် မင်းသမီးတွေနဲ့ ရုပ်ရှင်လောကထဲက အမျိုးသမီးများစွာကို အဓမ္မပြုကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ စော်ကား ကျူးလွန်ခဲ့တယ်လို့ အမှုများစွာနဲ့ စွဲချက်တင်ခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်(၂၃)နှစ် ကျခံသွားရပါတယ်။

အဲ့ဒီနောက်ပိုင်းကစလို့ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောက အသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေကို မှားယွင်းစွာ ဆက်ဆံခံနေရမှုနဲ့ ပတ်သက်ပြီး အမျိုးသမီးများစွာက ထုတ်ဖော်ပြောကြားလာကြတာ ဖြစ်ပါတယ်။ MeToo movement လို့ လူသိများတဲ့ ဒီလှုပ်ရှားမှုမှာတော့ အမျိုးသမီးတွေဟာ သူတို့ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ စော်ကား၊ အကြမ်းဖက်ခံခဲ့ရမှုတွေကို ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နောက်မတွန့်နေတော့ဘဲ ထုတ်ဖော်ပြောကြားနေကြတာ ဖြစ်ပါတယ်။

Photo: asiaargento/ Instagram

အခုလည်း Fast and Furious ရဲ့ ဒါရိုက်တာ Rob Cohen ဟာ ၂၀၀၂ခုနှစ်တုန်းက XXX ဇာတ်ကား ရိုက်ကူးနေရင်း သရုပ်ဆောင် Asia Argento အပေါ် ဆေးခတ်ကာ လိင်ပိုင်းအမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံလိုက်ရတာ ဖြစ်ပါတယ်။ Asia ရဲ့အဆိုအရ Rob Cohen ဟာ GHB လို့ အတိုကောက်ခေါ်တဲ့ လိင်စိတ်ကြွဆေးတစ်မျိုးကို သောက်သုံးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆေးဟာ လိင်စိတ်ကြွစေတာတင် မဟုတ်ဘဲ အသိစိတ်ကင်းမဲ့ကာ သတိလစ်မေ့မျောသည်အထိ ဖြစ်ပေါ်စေနိုင်တဲ့ အာနိသင်လည်း ရှိတယ်လို့ သိရပါတယ်။ သူမရဲ့အဆိုအရ အဆိုပါဆေးကို အတင်းအကြပ် သောက်သုံးခိုင်းပြီး နောက်နေ့မနက်မှာတော့ Rob ရဲ့ အိပ်ရာပေါ်မှာ ကိုယ်လုံးတီးနဲ့ နိုးထလာခဲ့ရတယ်လို့ ဆိုထားပါတယ်။

Photo via IMDb

“ဒါဟာ Cohen နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ကျွန်မ ထုတ်ပြောလိုက်တာပါ။ အဲ့ဒီလူက ကျွန်မကို အကြမ်းဖက်ခဲ့ပါတယ်။ သူ့မှာ GHB ဆေးတစ်ပုလင်း ရှိပြီးတော့ အဲ့ဒီ့ဆေးကို ကျွန်မကို အတင်းအကြပ် သောက်ခိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အဲ့ဒီဆေးအကြောင်းလည်း ကျွန်မ မသိသေးပါဘူး။ နောက်နေ့မနက်ကျတော့ သူ့ရဲ့အိပ်ရာပေါ်မှာ ကိုယ်လုံးတီးနဲ့ နိုးထလာခဲ့ရပါတယ် … ” လို့ Asia က Il Corriere della Sera လို့ အမည်ရတဲ့ အီတလီသတင်းစာတစ်ခုကို ထွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Rob Cohen အနေနဲ့ အခုလို စွပ်စွဲခံရတာဟာ ပထမဆုံးအကြိမ်တော‌့ မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်တုန်းကလည်း Asia ပြောသွားတဲ့ ပုံစံနဲ့ အလားတူ စွပ်စွဲမှုတစ်ခုကို လူသိရှင်ကြား ရရှိခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဖွင့်ပြောလာတဲ့ အမျိုးသမီးဟာ သူမ ဘယ်သူဘယ်ဝါဆိုတာကို မဖော်ပြခဲ့ဘဲ Jane ဆိုတဲ့ အမည်ဝှက်ကိုသာ အသုံးပြုခဲ့ပါတယ်။

Photo: asiaargento/ Instagram

ဒါ့အပြင် Rob Cohen ရဲ့ သမီးအရင်းဖြစ်တဲ့ Valkyrie Weather ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူဟာ သူမအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပါသေးတယ်။ Valkyrie Weather ဟာ လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ လိင်မပြောင်းခင် ဆယ်ကျော်သက်ဘဝတုန်းက ဖခင်ဖြစ်သူဟာ လိင်အလုပ်သမတွေဆီ ခေါ်သွားပြီး ကျားစိတ်အတင်းဝင်အောင် အကြမ်းဖက်ခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။

တစ်ဖက်က စွပ်စွဲထားတဲ့ Asia Argento ကိုယ်တိုင်ဟာလည်း ၂၀၁၈ခုနှစ်တုန်းက အလားတူ စွပ်စွဲမှုတစ်ခုကို ခံထားရပါသေးတယ်။ အဲ့ဒါကတော့ သူမရဲ့အသက် (၃၇)နှစ်အရွယ်မှာ အသက်(၁၇)နှစ်သာ ရှိသေးတဲ့ သရုပ်ဆောင် Jimmy Bennett ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပြီး Asia ဘက်က ငွေကြေးနဲ့ လျော်ကြေးပေးခဲ့ရတာ ရှိပါတယ်။ ဒါကြောင့်လည်း ယခုအချိန် Rob Cohen နဲ့ ပတ်သက်ပြီး သူမဘက်က စွပ်စွဲမှုတွေ ပြုလုပ်လာတဲ့အချိန်မှာတော့ သူမဘက်ကရော ဘယ်လောက်ထိ မှန်ကန်မှု၊ အပြစ်ကင်းစင်မှု ရှိမလည်းဆိုတဲ့ မေးခွန်းတွေ မေးစရာ ရှိလာပါတယ်။

Photo: asiaargento/ Instagram

Rob Cohen အနေနဲ့ကလည်း အတိတ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေ အတွဲလိုက် ကျူးလွန်ခဲ့ဖူးတယ်လို့ ဟိုးလေးတကျော် ဖြစ်နေတာကြောင့် တရားဥပဒေအနေနဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Linda December

Source: screenrant

(Zawgyi Version)

Fast and Furious ဒါ႐ိုက္တာ Rob Cohen ဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားအၾကမ္းဖက္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာ Asia Argento က စြပ္စြဲလိုက္တာ ျဖစ္ပါတယ္။

Rob Cohen ကေတာ့ Fast and Furious franchise ရဲ႕ ပထမဆုံး ဇာတ္ကားျဖစ္တဲ့ The Fast and The Furious ကို ႐ိုက္ကူးေပးခဲ့တဲ့ ဒါ႐ိုက္တာ ျဖစ္ၿပီး နာမည္ေက်ာ္ XXX ဇာတ္ကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာလည္း ျဖစ္ပါတယ္။ အသက္(၇၁)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Rob Cohen ဟာ Asia Argento အေပၚ လိင္ပိုင္းအရ က်ဴးလြန္ေစာ္ကားခဲ့ဖူးတယ္လို႔ စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

Photo via IMDb

Asia Argento ကေတာ့ အီတလီမင္းသမီးတစ္လက္ျဖစ္ၿပီး ဒါ႐ိုက္တာနဲ႔ အဆိုေတာ္အလုပ္ေတြကိုလည္း လုပ္ကိုင္ပါတယ္။ သူမ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ နာမည္ႀကီးဇာတ္ကားေတြကေတာ့ XXX ၊ Land of the Dead နဲ႔ Marie Antoinette တို႔ပဲ ျဖစ္ပါတယ္။ မၾကာေသးခင္က ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သူမရဲ႕စကားအရ XXX ဇာတ္ကား ႐ိုက္ကူးစဥ္ လြန္ခဲ့တဲ့ ၂၀၀၂ခုႏွစ္တုန္းက ဒါ႐ိုက္တာ Rob Cohen ဟာ သူမအေပၚ ေဆးခတ္ၿပီး လိင္ပိုင္းက်ဴးလြန္ခဲ့တယ္လို႔ သိရပါတယ္။

Asia ဟာ ေဟာလိဝုဒ္ရဲ႕ ထိတ္ထိတ္ႀကဲ ႐ုပ္ရွင္ထုတ္လုပ္သူ Harvey Weinstein ရဲ႕ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈေတြကို ေဖာ္ထုတ္တုန္းကလည္း ေရွ႕ဆုံးကေန ထုတ္ေဖာ္ေျပာၾကားခဲ့သူအျဖစ္ နာမည္ေက်ာ္ၾကားခဲ့ပါတယ္။ Harvey Weinstein ကေတာ့ ေဟာလိဝုဒ္မွာ သြားထိလို႔မရတဲ့ အထင္ကရ ပုဂၢိဳလ္တစ္ေယာက္ ျဖစ္ခဲ့ဖူးၿပီး နာမည္ေက်ာ္ Miramax ႐ုပ္ရွင္ကုမၸဏီရဲ႕ တည္ေထာင္သူလည္း ျဖစ္ပါတယ္။

Photo: asiaargento/ Instagram

သို႔ေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းကပဲ ေဟာလိဝုဒ္မွာ ႀကီးစိုးလႊမ္းမိုးစဥ္တစ္ေလွ်ာက္ Harvey Weinstein ဟာ နာမည္ေက်ာ္ မင္းသမီးေတြနဲ႔ ႐ုပ္ရွင္ေလာကထဲက အမ်ိဳးသမီးမ်ားစြာကို အဓမၼျပဳက်င့္မႈ အပါအဝင္ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္၊ ေစာ္ကား က်ဴးလြန္ခဲ့တယ္လို႔ အမႈမ်ားစြာနဲ႔ စြဲခ်က္တင္ခံခဲ့ရၿပီး ျပစ္မႈထင္ရွားတာေၾကာင့္ ေထာင္ဒဏ္(၂၃)ႏွစ္ က်ခံသြားရပါတယ္။

အဲ့ဒီေနာက္ပိုင္းကစလို႔ ေဟာလိဝုဒ္ရဲ႕ ႐ုပ္ရွင္ေလာက အသိုင္းအဝိုင္းထဲမွာ အမ်ိဳးသမီးေတြကို မွားယြင္းစြာ ဆက္ဆံခံေနရမႈနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးမ်ားစြာက ထုတ္ေဖာ္ေျပာၾကားလာၾကတာ ျဖစ္ပါတယ္။ MeToo movement လို႔ လူသိမ်ားတဲ့ ဒီလႈပ္ရွားမႈမွာေတာ့ အမ်ိဳးသမီးေတြဟာ သူတို႔ခံစားခဲ့ရတဲ့ စိတ္ဒဏ္ရာေတြနဲ႔ ေစာ္ကား၊ အၾကမ္းဖက္ခံခဲ့ရမႈေတြကို ေၾကာက္႐ြံ႕ထိတ္လန႔္စြာနဲ႔ ေနာက္မတြန႔္ေနေတာ့ဘဲ ထုတ္ေဖာ္ေျပာၾကားေနၾကတာ ျဖစ္ပါတယ္။

Photo: asiaargento/ Instagram

အခုလည္း Fast and Furious ရဲ႕ ဒါ႐ိုက္တာ Rob Cohen ဟာ ၂၀၀၂ခုႏွစ္တုန္းက XXX ဇာတ္ကား ႐ိုက္ကူးေနရင္း သ႐ုပ္ေဆာင္ Asia Argento အေပၚ ေဆးခတ္ကာ လိင္ပိုင္းအျမတ္ထုတ္ခဲ့တယ္လို႔ စြပ္စြဲခံလိုက္ရတာ ျဖစ္ပါတယ္။ Asia ရဲ႕အဆိုအရ Rob Cohen ဟာ GHB လို႔ အတိုေကာက္ေခၚတဲ့ လိင္စိတ္ႂကြေဆးတစ္မ်ိဳးကို ေသာက္သုံးခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါေဆးဟာ လိင္စိတ္ႂကြေစတာတင္ မဟုတ္ဘဲ အသိစိတ္ကင္းမဲ့ကာ သတိလစ္ေမ့ေမ်ာသည္အထိ ျဖစ္ေပၚေစႏိုင္တဲ့ အာနိသင္လည္း ရွိတယ္လို႔ သိရပါတယ္။ သူမရဲ႕အဆိုအရ အဆိုပါေဆးကို အတင္းအၾကပ္ ေသာက္သုံးခိုင္းၿပီး ေနာက္ေန႔မနက္မွာေတာ့ Rob ရဲ႕ အိပ္ရာေပၚမွာ ကိုယ္လုံးတီးနဲ႔ ႏိုးထလာခဲ့ရတယ္လို႔ ဆိုထားပါတယ္။

Photo via IMDb

“ဒါဟာ Cohen နဲ႔ ပတ္သက္ၿပီး ပထမဆုံးအႀကိမ္ ကြၽန္မ ထုတ္ေျပာလိုက္တာပါ။ အဲ့ဒီလူက ကြၽန္မကို အၾကမ္းဖက္ခဲ့ပါတယ္။ သူ႔မွာ GHB ေဆးတစ္ပုလင္း ရွိၿပီးေတာ့ အဲ့ဒီ့ေဆးကို ကြၽန္မကို အတင္းအၾကပ္ ေသာက္ခိုင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက အဲ့ဒီေဆးအေၾကာင္းလည္း ကြၽန္မ မသိေသးပါဘူး။ ေနာက္ေန႔မနက္က်ေတာ့ သူ႔ရဲ႕အိပ္ရာေပၚမွာ ကိုယ္လုံးတီးနဲ႔ ႏိုးထလာခဲ့ရပါတယ္ … ” လို႔ Asia က Il Corriere della Sera လို႔ အမည္ရတဲ့ အီတလီသတင္းစာတစ္ခုကို ထြက္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

Rob Cohen အေနနဲ႔ အခုလို စြပ္စြဲခံရတာဟာ ပထမဆုံးအႀကိမ္ေတာ‌့ မဟုတ္ပါဘူး။ ၂၀၁၉ခုႏွစ္တုန္းကလည္း Asia ေျပာသြားတဲ့ ပုံစံနဲ႔ အလားတူ စြပ္စြဲမႈတစ္ခုကို လူသိရွင္ၾကား ရရွိခဲ့ပါေသးတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဖြင့္ေျပာလာတဲ့ အမ်ိဳးသမီးဟာ သူမ ဘယ္သူဘယ္ဝါဆိုတာကို မေဖာ္ျပခဲ့ဘဲ Jane ဆိုတဲ့ အမည္ဝွက္ကိုသာ အသုံးျပဳခဲ့ပါတယ္။

Photo: asiaargento/ Instagram

ဒါ့အျပင္ Rob Cohen ရဲ႕ သမီးအရင္းျဖစ္တဲ့ Valkyrie Weather ကိုယ္တိုင္ကလည္း ဖခင္ျဖစ္သူဟာ သူမအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲထားပါေသးတယ္။ Valkyrie Weather ဟာ လိင္ေျပာင္းအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမ လိင္မေျပာင္းခင္ ဆယ္ေက်ာ္သက္ဘဝတုန္းက ဖခင္ျဖစ္သူဟာ လိင္အလုပ္သမေတြဆီ ေခၚသြားၿပီး က်ားစိတ္အတင္းဝင္ေအာင္ အၾကမ္းဖက္ခဲ့ဖူးတယ္လို႔ ဆိုထားပါတယ္။

တစ္ဖက္က စြပ္စြဲထားတဲ့ Asia Argento ကိုယ္တိုင္ဟာလည္း ၂၀၁၈ခုႏွစ္တုန္းက အလားတူ စြပ္စြဲမႈတစ္ခုကို ခံထားရပါေသးတယ္။ အဲ့ဒါကေတာ့ သူမရဲ႕အသက္ (၃၇)ႏွစ္အ႐ြယ္မွာ အသက္(၁၇)ႏွစ္သာ ရွိေသးတဲ့ သ႐ုပ္ေဆာင္ Jimmy Bennett ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာ ျဖစ္ၿပီး Asia ဘက္က ေငြေၾကးနဲ႔ ေလ်ာ္ေၾကးေပးခဲ့ရတာ ရွိပါတယ္။ ဒါေၾကာင့္လည္း ယခုအခ်ိန္ Rob Cohen နဲ႔ ပတ္သက္ၿပီး သူမဘက္က စြပ္စြဲမႈေတြ ျပဳလုပ္လာတဲ့အခ်ိန္မွာေတာ့ သူမဘက္ကေရာ ဘယ္ေလာက္ထိ မွန္ကန္မႈ၊ အျပစ္ကင္းစင္မႈ ရွိမလည္းဆိုတဲ့ ေမးခြန္းေတြ ေမးစရာ ရွိလာပါတယ္။

Photo: asiaargento/ Instagram

Rob Cohen အေနနဲ႔ကလည္း အတိတ္မွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ၊ ေစာ္ကားမႈေတြ အတြဲလိုက္ က်ဴးလြန္ခဲ့ဖူးတယ္လို႔ ဟိုးေလးတေက်ာ္ ျဖစ္ေနတာေၾကာင့္ တရားဥပေဒအေနနဲ႔ ဘယ္လိုေတြ ဆက္ျဖစ္လာမယ္ဆိုတာကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular