HomeCharacterRobert Downey Jr. ရဲ့ Iron Man ဟာ ဘာကြောင့် အမြဲလိုလို အစားတွေ စားနေရတာလဲ ??? 

Robert Downey Jr. ရဲ့ Iron Man ဟာ ဘာကြောင့် အမြဲလိုလို အစားတွေ စားနေရတာလဲ ??? 

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Marvel Cinematic Universe ရဲ့ ရုပ်ရှင်တွေထဲမှာဆိုရင် Robert Downey Jr. ရဲ့ Iron Man ဟာ အစားစားတဲ့အခန်းတွေ အမြဲလိုလို ပါဝင်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သိလိုစိတ်များတဲ့ ပရိသတ်တွေအတွက် Iron Man ဟာ ဘာကြောင့် ဒီလိုအစားတွေ အမြဲစားနေရတာလည်းဆိုတဲ့ အချက်ကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

MCU ရဲ့ Iron Man ကိုတော့ သူ့ရဲ့ ယုံကြည်ချက်ရှိမှုတွေ၊ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ၊ တီထွင်မှုတွေနဲ့ ဟာသတွေအပြင် တခြားအရာများစွာနဲ့ လူသိများကြပါတယ်။ Iron Man ရဲ့ Personality လို ဖြစ်နေတဲ့ နောက်ထပ် တစ်ချက်ကတော့ သူဟာ အမြဲလိုလို တစ်ခုခုကို စားသောက်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ MCU ထဲက သူ့ကို အမှတ်တရ ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတွေ အများစုမှာလည်း သူဟာ တစ်ခုခုစားသောက်နေတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လေ့ ရှိပါတယ်။

တကယ်တော့ ဒီအချက်ဟာ ကြိုတင် ပြင်ဆင်ထားတာမျိူး မဟုတ်ဘဲ Robert Downey Jr. ရဲ့ အကျင့်ကြောင့်သာ အခုလိုမျိူး ဖြစ်လာတာပါ။ သူဟာ ရိုက်ကွင်းပေါ်ကို စားစရာတွေ ယူလာလေ့ ရှိပြီး သရုပ်ဆောင်နေတဲ့အချိန်မှာ စားဖို့အတွက် အဲ့ဒီစားစရာတွေကို ရိုက်ကွင်းပေါ်မှာပဲ ဖွက်ထားလေ့ ရှိပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ သူဟာ အချိန်ဇယားတွေ ပြည့်နှက်နေအောင် အလုပ်များသူ ဖြစ်တာကြောင့်ပါပဲ။

photo via screenrant

ရိုက်ကူးရေး ပြုလုပ်နေတာကြောင့် အစားမစားလိုက်ရတာမျိူးတွေနဲ့ တစ်နေ့လုံး ဘာမှမစားလိုက်ရတာမျိူး မဖြစ်ရလေအောင် Robert Downey ဟာ သရုပ်ဆောင်နေရင်းနဲ့ကို စားသောက်နေတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း MCU ထဲက Iron Man ဟာ အမြဲလိုလို စားသောက်နေတဲ့ အကျင့်တစ်ခုကို ပိုင်ဆိုင်လာတာ ဖြစ်ပါတယ်။

သတိထားမမိရင်တော့ Iron Man ဟာ ဒီလောက် စားနေတဲ့သူ မဟုတ်ဘူးလို့ ထင်နိုင်ပေမယ့်လည်း တကယ်တော့ Iron Man ပါဝင်တဲ့ ရုပ်ရှင်တိုင်းမှာ စားသောက်နေတဲ့ ဇာတ်ဝင်ခန်း အနည်းဆုံးတစ်ခန်း၊ နှစ်ခန်းတော့ ပါဝင်လေ့ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular