HomeEntertainmentFilmBatman အသံကို ပြန်ပြောင်းခဲ့ရတဲ့ Robert Pattinson

Batman အသံကို ပြန်ပြောင်းခဲ့ရတဲ့ Robert Pattinson

Robert Pattinson ဟာ Batman ရဲ့ အသံကို ပထမဆုံးအကြိမ် ပြောဆိုတဲ့အချိန်မှာတော့ ဆိုးရွားလွန်းတာကြောင့် အသံကို ပြန်လည်ပြောင်းလဲဖို့တောင် ပြောခံခဲ့ရတယ်လို့ သိရပါတယ်။

The Batman ရုပ်ရှင်ထဲမှာတော့ Robert Pattinson က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Matt Reeves က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် မတ်လ (၄)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ထွက်ရှိလာဖို့ နီးကပ်လာတာနဲ့အမျှ Robert Pattinson ဟာ Batman နေရာမှာ သရုပ်ဆောင်ဖို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်မှာတော့ အရင်ကထွက်ရှိခဲ့တဲ့ Batman ရုပ်ရှင်တွေနဲ့ မတူညီတဲ့ ကွဲပြားချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Batman ကတော့ အရင်ဗားရှင်းတွေထက် ပိုပြီး စုံထောက်ဆန်ဆန် မြင်တွေ့ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် Bruce Wayne ကလည်း ဘီလျံနာ ပလေးဘွိုင်း ဆိုတာထက် တစ်ယောက်တည်း အထီးကျန်နေတဲ့ ပုံစံလိုမျိူး မြင်ရမယ်လို့လည်း ဆိုပါတယ်။

Jimmy Kimmel Live! မှာတော့ Robert Pattinson ဟာ သူ့ရဲ့ Batman အသံနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ပြောပြထားပါတယ်။

“ကျွန်တော်က တခြား Batman တွေနဲ့ မတူအောင် လုပ်ချင်တာဗျ။ တခြားသူတွေ အကုန်လုံးက အသံဩဩကြီးနဲ့ ပြောကြတော့ ကျွန်တော်က သူတို့နဲ့ ပြောင်းပြန်လုပ်မယ်ပေါ့လေ။ အဲ့တော့ ကျွန်တော်က တိုးတိုးလေး ပြောတာပေါ့။ အဲ့အတိုင်း ကျွန်တော် လုပ်နေတာ နှစ်ပတ်လောက်ကြာတော့ အသံက ဆိုးလွန်းလို့ ဆက်ပြီးမလုပ်ပါနဲ့လို့ သူတို့တွေက ပြောခဲ့ရတယ်ဗျ … “

photo via screenrant

တကယ်တော့ Batman အသံကို အခုလို ကွဲပြားအောင် ကြိုးစားခဲ့တာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ရုပ်ရှင်အဖွဲ့သားတွေထဲက တစ်ယောက်က Pattinson ကိုပြောပြခဲ့တယ်လို့ သိရပါတယ်။

Batman Begins ကို ဖန်တီးတဲ့ အချိန်တုန်းကလည်း Christian Bale ဟာ Robert Pattinson လိုပဲ တစ်ပုံစံတည်း ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ယခုဆိုရင်တော့ Robert Pattinson ရဲ့ Batman အသံဟာ သူ့အတွက် ထိန်းသိမ်းထားဖို့ အလွန်ခက်ခဲပြီး အသံပြန်သွင်းတဲ့အချိန်မှာတော့ နဂိုအသံတိုင်း ဖြစ်အောင် ပြောဖို့ အတော်လေး ခက်ခဲခဲ့တယ်လို့လည်း ဆိုပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular