HomeCelebs Update NewsInternationalThe Batman ရုပ်ရှင်အတွက် ဒေါ်လာသုံးသန်းသာ ရရှိခဲ့တဲ့ Robert Pattinson

The Batman ရုပ်ရှင်အတွက် ဒေါ်လာသုံးသန်းသာ ရရှိခဲ့တဲ့ Robert Pattinson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္္ပါ။

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Batman ရုပ်ရှင်ထဲမှာ Bruce Wayne အဖြစ် ပါဝင်လာမယ့် Robert Pattinson ဟာ သရုပ်ဆောင်ကြေး ဒေါ်လာသုံးသန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Bruce Wayne ရဲ့ လူငယ်ဘဝကို မြင်တွေ့ရမှာဖြစ်ပြီး Batman ဖြစ်ခါစအချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ မူလကတော့ ဒီရုပ်ရှင်ဟာ Ben Affleck ရဲ့ ဆိုလိုရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

photo via screenrant

Robert Pattinson အပြင် Jeffrey Wright ကတော့ ရဲမှူး Jim Gordon အဖြစ် ပါဝင်လာမှာ ဖြစ်သလို Zoe Kravitz ကတော့ Catwoman နေရာက ပါဝင်လာမှာပါ။ Colin Farrell ကတော့ Penguin ဇာတ်ရုပ်နဲ့ Andy Serkis ကတော့ Alfred အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိကဗီလိန်ဖြစ်သူ Riddler နေရာမှာတော့ Paul Dano က ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ပထမဆုံးထွေလာကို DC Fandome မှာ ပြသသွားပြီး ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပါဘူး။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Robert Pattinson ဟာ ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာသုံးသန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘတ်ဂျက် ဒေါ်လာသန်း(၁၀၀)လောက် သုံးထားတဲ့ blockbuster ရုပ်ရှင်တစ်ကားအတွက် အဓိကဇာတ်ကောင်ရဲ့ သရုပ်ဆောင်ကြေးဟာ ဒေါ်လာ(၃)သန်းသာ ဖြစ်နေတာကြောင့် သရုပ်ဆောင်ကြေးက တော်တော်နည်းတယ်လို့ ပြောလို့ရပါတယ်။

သို့သော်လည်း စဉ်းစားစရာ ရှိတာကတော့ ဟောလိဝုဒ်မှာ ခုနောက်ပိုင်း ခေတ်စားလာတဲ့ အပေးအယူတစ်မျိုးဖြစ်တဲ့ box-office ဝင်ငွေအပေါ်မှာ ရာခိုင်နှုန်းနဲ့ ပြန်ယူတဲ့ ပုံစံမျိုး သဘောတူထားလားဆိုတာပါပဲ။ တချို့သရုပ်ဆောင်တွေဟာ အရင်ဆုံး လက်ခံရရှိမယ့် သရုပ်ဆောင်ကြေးကို လျှော့ယူလေ့ ရှိပြီး ရုံတင်တော့မှ box-office ဝင်ငွေအလိုက် ရာခိုင်နှုန်းနဲ့ ပြန်ယူတာမျိုးလည်း ရှိတတ်တာကြောင့် ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

photo via screenrant

လက်ရှိအချိန်မှာတော့ ကိုဗစ်ကျေးဇူးနဲ့ ရုပ်ရှင်လောကရဲ့ ကမောက်ကမ ဖြစ်မှုတွေကြောင့် Robert Pattinson ဟာ ၂၀၂၁ ခုနှစ်အတွက် သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိသူတွေထဲမှာ (၁၇)ယောက်မြောက်နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Robert Pattinson ဟာ Twilight ရုပ်ရှင်တွေတင်မကဘဲ Lighthouse နဲ့ Tenet တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပြီး သူဟာ ဘယ်လိုဇာတ်ကောင်မှာမဆို သရုပ်ဆောင်နိုင်ကြောင်း ပရိသတ်ကို သက်သေပြီးသား မင်းသားတစ်လက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ The Batman ရုပ်ရှင်ထဲမှာလည်း Robert ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ The Batman ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ The Batman ႐ုပ္ရွင္ထဲမွာ Bruce Wayne အျဖစ္ ပါဝင္လာမယ့္ Robert Pattinson ဟာ သ႐ုပ္ေဆာင္ေၾကး ေဒၚလာသုံးသန္းသာ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Bruce Wayne ရဲ႕ လူငယ္ဘဝကို ျမင္ေတြ႕ရမွာျဖစ္ၿပီး Batman ျဖစ္ခါစအခ်ိန္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ မူလကေတာ့ ဒီ႐ုပ္ရွင္ဟာ Ben Affleck ရဲ႕ ဆိုလို႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

photo via screenrant

Robert Pattinson အျပင္ Jeffrey Wright ကေတာ့ ရဲမႉး Jim Gordon အျဖစ္ ပါဝင္လာမွာ ျဖစ္သလို Zoe Kravitz ကေတာ့ Catwoman ေနရာက ပါဝင္လာမွာပါ။ Colin Farrell ကေတာ့ Penguin ဇာတ္႐ုပ္နဲ႔ Andy Serkis ကေတာ့ Alfred အျဖစ္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဓိကဗီလိန္ျဖစ္သူ Riddler ေနရာမွာေတာ့ Paul Dano က ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္အတြက္ ပထမဆုံးေထြလာကို DC Fandome မွာ ျပသသြားၿပီး ဇာတ္လမ္းအက်ဥ္းကိုေတာ့ ေသခ်ာမသိရေသးပါဘူး။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Robert Pattinson ဟာ ဒီ႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာသုံးသန္းသာ ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဘတ္ဂ်က္ ေဒၚလာသန္း(၁၀၀)ေလာက္ သုံးထားတဲ့ blockbuster ႐ုပ္ရွင္တစ္ကားအတြက္ အဓိကဇာတ္ေကာင္ရဲ႕ သ႐ုပ္ေဆာင္ေၾကးဟာ ေဒၚလာ(၃)သန္းသာ ျဖစ္ေနတာေၾကာင့္ သ႐ုပ္ေဆာင္ေၾကးက ေတာ္ေတာ္နည္းတယ္လို႔ ေျပာလို႔ရပါတယ္။

သို႔ေသာ္လည္း စဥ္းစားစရာ ရွိတာကေတာ့ ေဟာလိဝုဒ္မွာ ခုေနာက္ပိုင္း ေခတ္စားလာတဲ့ အေပးအယူတစ္မ်ိဳးျဖစ္တဲ့ box-office ဝင္ေငြအေပၚမွာ ရာခိုင္ႏႈန္းနဲ႔ ျပန္ယူတဲ့ ပုံစံမ်ိဳး သေဘာတူထားလားဆိုတာပါပဲ။ တခ်ိဳ႕သ႐ုပ္ေဆာင္ေတြဟာ အရင္ဆုံး လက္ခံရရွိမယ့္ သ႐ုပ္ေဆာင္ေၾကးကို ေလွ်ာ့ယူေလ့ ရွိၿပီး ႐ုံတင္ေတာ့မွ box-office ဝင္ေငြအလိုက္ ရာခိုင္ႏႈန္းနဲ႔ ျပန္ယူတာမ်ိဳးလည္း ရွိတတ္တာေၾကာင့္ ရွင္းရွင္းလင္းလင္းေတာ့ မသိရေသးပါဘူး။

photo via screenrant

လက္ရွိအခ်ိန္မွာေတာ့ ကိုဗစ္ေက်းဇူးနဲ႔ ႐ုပ္ရွင္ေလာကရဲ႕ ကေမာက္ကမ ျဖစ္မႈေတြေၾကာင့္ Robert Pattinson ဟာ ၂၀၂၁ ခုႏွစ္အတြက္ သ႐ုပ္ေဆာင္ေၾကး အျမင့္ဆုံးရရွိသူေတြထဲမွာ (၁၇)ေယာက္ေျမာက္ေနရာမွာ ရပ္တည္ေနတယ္လို႔ သိရပါတယ္။

Robert Pattinson ဟာ Twilight ႐ုပ္ရွင္ေတြတင္မကဘဲ Lighthouse နဲ႔ Tenet တို႔လို ႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့ဖူးၿပီး သူဟာ ဘယ္လိုဇာတ္ေကာင္မွာမဆို သ႐ုပ္ေဆာင္ႏိုင္ေၾကာင္း ပရိသတ္ကို သက္ေသၿပီးသား မင္းသားတစ္လက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ The Batman ႐ုပ္ရွင္ထဲမွာလည္း Robert ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြကို ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ The Batman ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ မတ္လအတြင္းမွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular