HomeEntertainmentFilmပရိသတ်တွေ စောင့်မျှော်ရဦးမယ့် Robert Pattinson ရဲ့ The Batman Part 2

ပရိသတ်တွေ စောင့်မျှော်ရဦးမယ့် Robert Pattinson ရဲ့ The Batman Part 2

Robert Pattinson ပါဝင်သရုပ်ဆောင်သွားမယ့် The Batman Part II ထပ်မံထွက်ရှိလာဦးမယ်လို့ မကြာသေးခင်ကပဲ သိရပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Matt Reeves ဟာ The Batman Trilogy ဖန်တီးသွားဖို့ အစီအစဉ်ရှိပြီး ဒီရုပ်ရှင်တွေကတော့ အဓိက DC Universe နဲ့ ဆက်စပ်နေမှာ မဟုတ်ပါဘူး။ The Batman ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်မှာ ထွက်ရှိခဲ့ပြီး Warner Bros စတူဒီယိုအတွက် အောင်မြင်မှုတွေ ရရှိစေခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

photo via screenrant

DC စတူဒီယိုရဲ့ Co-CEO ဖြစ်တဲ့ James Gunn ဟာ မကြာသေးခင်ကပဲ DCU ရဲ့ Chapter 1 ထဲမှာ ပါဝင်လာမယ့် ပရောဂျက်အချို့ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Matt Reeves ဟာ The Batman Trilogy နဲ့ The Penguin ဇာတ်လမ်းတွဲတို့ကို ဖန်တီးသွားဖို့ ပြင်ဆင်နေတယ်လို့လည်း အတည်ပြုပေးခဲ့ပါသေးတယ်။ Sequel ဖြစ်တဲ့ The Batman Part II ဟာလည်း ပထမကားလိုပဲ DCU နဲ့ ချိတ်ဆက်သွားမှာ မဟုတ်ဘဲ သီးသန့်ဇာတ်လမ်းပုံစံနဲ့ပဲ ဖန်တီးသွားမယ်လို့ သိရပါတယ်။

The Batman Part II ရဲ့ ရုံတင်ပြသမယ့် နေ့ရက်ကတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကိုတော့ ယခုနှစ်အတွင်းမှာပဲ ရိုက်ကူးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ The Batman ရုပ်ရှင်လိုပဲ DCU နဲ့မချိတ်ဆက်ဘဲ ဖန်တီးသွားမယ့် DC Elseworlds ပရောဂျက်တွေထဲမှာတော့ Joker: Folie a Deux ရုပ်ရှင်လည်း ပါဝင်ပါသေးတယ်။

photo via screenrant

ဒါ့အပြင် DCU ထဲမှာ ဇာတ်အိမ်တည်သွားမယ့် The Brave and the Bold ရုပ်ရှင်ကတော့ Batman နဲ့ Robin တို့ရဲ့ ဇာတ်လမ်းကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ အဲဒီရုပ်ရှင်ထဲက Batman နေရာမှာတော့ Ben Affleck နဲ့ Robert Pattinson တို့နှစ်ယောက်လုံး မဟုတ်ဘဲ သရုပ်ဆောင်အသစ်နဲ့ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ DCU ပရိသတ်တွေကတော့ ၂၀၂၅ ခုနှစ်အပြီးမှာ Batman ရုပ်ရှင်နှစ်ကားကို လအနည်းငယ်သာ ခြားပြီး ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular