HomeEntertainmentFilm၂၀၀၀ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Romance ရုပ်ရှင်ကားကောင်းများ

၂၀၀၀ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Romance ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ နှစ်စဉ်နှစ်တိုင်းမှာ ရုပ်ရှင်ကားပေါင်းများစွာ အသစ်အသစ်တွေ ထွက်ရှိနေပါတယ်။ သို့ပေမယ့် ၂၀၀၀ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ အချို့ရုပ်ရှင်တွေကတော့ Old but Gold လို့ ဆိုရမယ့် ရုပ်ရှင်မျိူးတွေ ရှိနေပါတယ်။ အထူးသဖြင့် Horror ရုပ်ရှင်တွေနဲ့ Romance ရုပ်ရှင်တွေမှာတော့ အခုနောက်ပိုင်း အသစ်ထွက်လာတဲ့ ရုပ်ရှင်အများစုဟာ ၂၀၀၀ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေကို မမီကြပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Romance ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၀၀ ခုနှစ်အစောပိုင်းက ရုပ်ရှင်ကားကောင်း အချို့ကို ဖော်ပြပေးချင်ပါတယ်။

(5) Punch-Drunk Love
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ Barry Egan ဆိုသူဟာ သူ့ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ဖို့အတွက် ကာမသုခဖြည့်ဆည်းပေးတဲ့ ဖုန်းလိုင်းတစ်ခုကို ဆက်သွယ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ သူ့အတွက် ပြဿနာပေါင်းစုံ ဖြစ်သွားစေမယ့်အပြင် Lena နဲ့ ဆက်ဆံရေးကိုပါ ပိုပြီးဆိုးရွားစေလာလိမ့်မယ် ဆိုတာကိုတော့ သူ မသိခဲ့ပါဘူး။ သရုပ်ဆောင်တွေကတော့ Adam Sandler ၊ Emily Watson နဲ့ Philip Seymour Hoffman တို့ အဓိက ပါဝင်ထားပါတယ်။

(4) 500 Days of Summer
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Tom ဆိုတဲ့ကောင်လေးနဲ့ Summer ဆိုတဲ့ ကောင်မလေးတို့ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Summer ဆိုတဲ့ကောင်မလေးဟာ အချစ်ဆိုတဲ့အရာကို အယုံအကြည်မရှိဘဲ ချစ်သူရည်းစားဆိုတာကို အပျော်သက်သက်လို့ပဲ မှတ်ယူထားသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Tom ဆိုတဲ့ ကောင်လေးကတော့ အဲ့ဒီကောင်မလေးကိုမှ ချစ်မိသွားခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Joseph Gordon-Levitt ၊ Zooey Deschanel နဲ့ Chloe Grace Moretz တို့က အဓိက ပါဝင်ထားပါတယ်။

(3) Brokeback Mountain
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်းဘွိုင်နှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲ့ဒီခေတ်တုန်းက လိင်တူချင်း ချစ်ကြိုက်ကြတယ်ဆိုတဲ့အရာဟာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အရာတစ်ခု မဟုတ်သေးပါဘူး။ အဲဒီလိုအချိန်မှာ ပေါက်ဖွားလာတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ဘဝကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ LGBT ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Heath Ledger ၊ Jake Gyllenhaal ၊ Michelle Williams နဲ့ Anne Hathaway တို့ အဓိကပါဝင်ထားကာ အော်စကာသုံးဆု ရရှိထားပါတယ်။

(2) Before Sunset
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ ကိုးနှစ်တုန်းက တွေ့ဆုံခဲ့ကြတဲ့ Celine နဲ့ Jesse တို့ဟာ ပဲရစ်မြို့မှာ တစ်ရက်တာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ်လို့များ အတိတ်မှာ သူတို့ခံစားခဲ့ရတဲ့အတိုင်း ရွေးချယ်ခဲ့ကြမယ်ဆိုရင် ဘာတွေဖြစ်သွားမလည်း ဆိုတာကို ပြောဆိုမိကြပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Julie Delpy ၊ Ethan Hawke နဲ့ Vernon Dobtcheff တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ Before Trilogy ထဲကတစ်ကား ဖြစ်ပြီး Before Sunrise နဲ့ Before Midnight တို့လည်း ရှိပါသေးတယ်။

(1) Eternal Sunshine of the Spotless Mind
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Joel နဲ့ Clementine တို့နှစ်ယောက်ဟာ ရထားတစ်ခုကို အတူတူစီးလာရင်းနဲ့ ချစ်ကြိုက်မိသွားကြပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တဖြည်းဖြည်း ကြာမြင့်လာတဲ့ အချိန်မှာတော့ ဘယ်သူမှ မထင်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး ကြည့်ရှုသူတွေအတွက် ကြည်နူးစရာနဲ့ ဝမ်းနည်းစရာတို့ကို တပြိုင်တည်းမှာ ခံစားရစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jim Carrey ၊ Kate Winslet ၊ Kirsten Dunst ၊ Mark Ruffalo နဲ့ Elijah Wood တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

ဒါကတော့ ရိုမန့်စ် ဒရာမာအမျိုးအစားကို နှစ်သက်သူတွေ အကြိုက်တွေ့မယ့် နာမည်ကြီးဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်ခြိုက်တဲ့ အလားတူ ဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာေတာ့ ႏွစ္စဥ္ႏွစ္တိုင္းမွာ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ အသစ္အသစ္ေတြ ထြက္ရွိေနပါတယ္။ သို႔ေပမယ့္ ၂၀၀၀ ခုႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ အခ်ိဳ႕႐ုပ္ရွင္ေတြကေတာ့ Old but Gold လို႔ ဆိုရမယ့္ ႐ုပ္ရွင္မ်ိဴးေတြ ရွိေနပါတယ္။ အထူးသျဖင့္ Horror ႐ုပ္ရွင္ေတြနဲ႔ Romance ႐ုပ္ရွင္ေတြမွာေတာ့ အခုေနာက္ပိုင္း အသစ္ထြက္လာတဲ့ ႐ုပ္ရွင္အမ်ားစုဟာ ၂၀၀၀ ခုႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြကို မမီၾကပါဘူး။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Romance ႐ုပ္ရွင္ေတြ ႀကိဳက္ႏွစ္သက္သူေတြအတြက္ ၂၀၀၀ ခုႏွစ္အေစာပိုင္းက ႐ုပ္ရွင္ကားေကာင္း အခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(5) Punch-Drunk Love
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနတဲ့ Barry Egan ဆိုသူဟာ သူ႔ရဲ့အထီးက်န္မွုေတြကို ေျဖေဖ်ာက္ဖို႔အတြက္ ကာမသုချဖည့္ဆည္းေပးတဲ့ ဖုန္းလိုင္းတစ္ခုကို ဆက္သြယ္ခဲ့ပါတယ္။ ဒီလုပ္ရပ္ဟာ သူ႔အတြက္ ျပႆနာေပါင္းစုံ ျဖစ္သြားေစမယ့္အျပင္ Lena နဲ႔ ဆက္ဆံေရးကိုပါ ပိုၿပီးဆိုးရြားေစလာလိမ့္မယ္ ဆိုတာကိုေတာ့ သူ မသိခဲ့ပါဘူး။ သ႐ုပ္ေဆာင္ေတြကေတာ့ Adam Sandler ၊ Emily Watson နဲ႔ Philip Seymour Hoffman တို႔ အဓိက ပါဝင္ထားပါတယ္။

(4) 500 Days of Summer
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Tom ဆိုတဲ့ေကာင္ေလးနဲ႔ Summer ဆိုတဲ့ ေကာင္မေလးတို႔ရဲ့အေၾကာင္းကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Summer ဆိုတဲ့ေကာင္မေလးဟာ အခ်စ္ဆိုတဲ့အရာကို အယုံအၾကည္မရွိဘဲ ခ်စ္သူရည္းစားဆိုတာကို အေပ်ာ္သက္သက္လို႔ပဲ မွတ္ယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ Tom ဆိုတဲ့ ေကာင္ေလးကေတာ့ အဲ့ဒီေကာင္မေလးကိုမွ ခ်စ္မိသြားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Joseph Gordon-Levitt ၊ Zooey Deschanel နဲ႔ Chloe Grace Moretz တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Brokeback Mountain
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာင္းဘြိဳင္ႏွစ္ေယာက္အေၾကာင္းကို ရိုက္ျပထားတာ ျဖစ္ပါတယ္။ အဲ့ဒီေခတ္တုန္းက လိင္တူခ်င္း ခ်စ္ႀကိဳက္ၾကတယ္ဆိုတဲ့အရာဟာ ပတ္ဝန္းက်င္က လက္ခံထားတဲ့ အရာတစ္ခု မဟုတ္ေသးပါဘူး။ အဲဒီလိုအခ်ိန္မွာ ေပါက္ဖြားလာတဲ့ သူတို႔ႏွစ္ေယာက္ရဲ့ အခ်စ္နဲ႔ ဘဝကို စိတ္ဝင္စားစရာေကာင္းေအာင္ ရိုက္ျပထားတဲ့ LGBT ဇာတ္ကား တစ္ကား ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Heath Ledger ၊ Jake Gyllenhaal ၊ Michelle Williams နဲ႔ Anne Hathaway တို႔ အဓိကပါဝင္ထားကာ ေအာ္စကာသုံးဆု ရရွိထားပါတယ္။

(2) Before Sunset
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လြန္ခဲ့တဲ့ ကိုးႏွစ္တုန္းက ေတြ႕ဆုံခဲ့ၾကတဲ့ Celine နဲ႔ Jesse တို႔ဟာ ပဲရစ္ၿမိဳ႕မွာ တစ္ရက္တာ ျပန္လည္ဆုံေတြ႕ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တကယ္လို႔မ်ား အတိတ္မွာ သူတို႔ခံစားခဲ့ရတဲ့အတိုင္း ေရြးခ်ယ္ခဲ့ၾကမယ္ဆိုရင္ ဘာေတြျဖစ္သြားမလည္း ဆိုတာကို ေျပာဆိုမိၾကပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြကေတာ့ Julie Delpy ၊ Ethan Hawke နဲ႔ Vernon Dobtcheff တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Before Trilogy ထဲကတစ္ကား ျဖစ္ၿပီး Before Sunrise နဲ႔ Before Midnight တို႔လည္း ရွိပါေသးတယ္။

(1) Eternal Sunshine of the Spotless Mind
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Joel နဲ႔ Clementine တို႔ႏွစ္ေယာက္ဟာ ရထားတစ္ခုကို အတူတူစီးလာရင္းနဲ႔ ခ်စ္ႀကိဳက္မိသြားၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ရဲ့ ခ်စ္သူသက္တမ္းဟာ တျဖည္းျဖည္း ၾကာျမင့္လာတဲ့ အခ်ိန္မွာေတာ့ ဘယ္သူမွ မထင္ထားတဲ့ ဇာတ္လမ္းလွည့္ကြက္တစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီး ၾကည့္ရွုသူေတြအတြက္ ၾကည္ႏူးစရာနဲ႔ ဝမ္းနည္းစရာတို႔ကို တၿပိဳင္တည္းမွာ ခံစားရေစမယ့္ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jim Carrey ၊ Kate Winslet ၊ Kirsten Dunst ၊ Mark Ruffalo နဲ႔ Elijah Wood တို႔ အဓိကပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

ဒါကေတာ့ ရိုမန႔္စ္ ဒရာမာအမ်ိဳးအစားကို ႏွစ္သက္သူေတြ အႀကိဳက္ေတြ႕မယ့္ နာမည္ႀကီးဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္ၿခိဳက္တဲ့ အလားတူ ဇာတ္ကားေတြရွိရင္လည္း ျပန္လည္မၽွေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular