HomeEntertainmentFilmကြည့်နေရင်း ကမ်းခြေသွားချင်စိတ် ဖြစ်ပေါ်စေမယ့် Romance ရုပ်ရှင်ကားကောင်းများ

ကြည့်နေရင်း ကမ်းခြေသွားချင်စိတ် ဖြစ်ပေါ်စေမယ့် Romance ရုပ်ရှင်ကားကောင်းများ

ရုပ်ရှင်ကားကောင်းတွေကတော့ ပရိသတ်တွေကို ဇာတ်လမ်းနဲ့ ဆွဲဆောင်နိုင်ရုံတင် မဟုတ်ဘဲ အဲဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ နေရာတွေကိုပါ သွားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ကြည့်နေတဲ့သူတွေကပါ အဲဒီရုပ်ရှင်ထဲက နေရာတွေကို တကယ်ရောက်သွားသလိုမျိူး ခံစားရအောင်အထိ ပုံဖော်ထားကြပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကမ်းခြေသွားချင်စိတ် ဖြစ်လာစေမယ့် Romance ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Last Song

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ဖခင်ဖြစ်သူနဲ့ နေထိုင်ဖို့ ကမ်းခြေမြို့လေးတစ်ခုကို ပို့ခံလိုက်ရပါတယ်။ ဇာတ်လမ်းအစမှာတော့ သားအဖနှစ်ယောက်ကြားမှာ အထင်လွဲမှုတွေနဲ့ ဆက်ဆံရေး အဆင်မပြေကြပေမယ့်လည်း နှစ်ယောက်လုံးရဲ့ ရူးသွပ်မှုတစ်ခုဖြစ်တဲ့ ဂီတကနေတဆင့် နောက်ပိုင်းမှာတော့ သူတို့ရဲ့ဆက်ဆံရေးဟာ ပြောင်းလဲ တိုးတက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Liam Hemsworth ၊ Miley Cyrus နဲ့ Greg Kinnear တို့ အဓိက ပါဝင်ထားပါတယ်။

(6) Adore

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်ရဲ့သားတွေကို တစ်ယောက်က ပြန်ချစ်ကြိုက်မိရာက စတင်ပါတယ်။ သို့ပေမယ့်လည်း အဲဒီကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ ရွယ်တူကောင်မလေးနဲ့ပဲ တွဲချင်စိတ် ဖြစ်လာတဲ့ အခါမှာတော့…။ သရုပ်ဆောင်တွေကတော့ Naomi Watts ၊ Robin Wright ၊ Xavier Samuel နဲ့ James Frencheville တို့က အဓိက ပါဝင်ထားပါတယ်။

(5) Dear John

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ John ဟာ စစ်သားတစ်ယောက် ဖြစ်ပြီး ကောလိပ် ကျောင်းသူလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ ဒီလိုနဲ့ John ဟာ တာဝန်အရ စစ်ထဲကို လိုက်သွားရပြီး နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ နှစ်တွေ ကြာရှည်တဲ့အထိ ခိုင်မြဲနိုင်ပါ့မလားဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Channing Tatum ၊ Amanda Seyfried နဲ့ Richard Jenkins တို့ အဓိက ပါဝင်ထားပါတယ်။

(4) Just Go With It

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့ကောင်မလေးကို လိမ်လည်ထားတဲ့ အကြောင်းအရာတစ်ခုကြောင့် သူ့ရဲ့လက်ထောက်ဝန်ထမ်း အမျိုးသမီးကို သူနဲ့ကွာရှင်းတော့မယ့် ဇနီးအဖြစ် ဟန်ဆောင်ခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ သူတို့အားလုံး ဟာဝိုင်ယီကျွန်းကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ကောင်မလေးနဲ့ပဲ အဆင်ပြေသွားမှာလား၊ အလိမ်တွေပဲ ပေါ်သွားမှာလားဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Adam Sandler ၊ Jennifer Aniston ၊ Bailee Madison နဲ့ Nicole Kidman တို့ အဓိက ပါဝင်ထားပါတယ်။

(3) Mamma Mia! Here We Go Again

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mamma Mia ရုပ်ရှင်ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ Sophie ဟာ ကမ်းခြေမှာရှိတဲ့ မိသားစုပိုင်ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ ဒီအချိန်မှာပဲ မိခင်ဖြစ်သူရဲ့ အတိတ်အကြောင်းတွေကို သိလာရပြီး သူမရဲ့အဖေဖြစ်နိုင်ချေရှိတဲ့ လူကလည်း သုံးယောက်တောင် ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့ …။ သရုပ်ဆောင်တွေကတော့ Meryl Streep ၊ Lily James ၊ Amanda Seyfried နဲ့ Pierce Brosnan တို့ ပါဝင်ထားပါတယ်။

(2) Safe Haven

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ကယ်ရိုလိုင်းနားပြည်နယ် မြောက်ပိုင်းက Southport မြို့ကို ရောက်လာပြီး စတိုးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အတိတ်မည်းကြီးက သူမနောက်ကို လိုက်လာပြီး အဆင်ပြေနေတဲ့ ဘဝလေးကို ပျက်စီးအောင် ပြုလုပ်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Josh Duhamel ၊ Julianne Hough နဲ့ Cobie Smulders တို့ ပါဝင်ထားပါတယ်။

(1) Call Me By Your Name

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Elio ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ဖခင်ဖြစ်သူရဲ့ ယာယီလက်ထောက် Oliver အပေါ် ခံစားချက်တွေ ရှိလာပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ယာယီပဲ ဖြစ်ပေမယ့် Elio ကတော့ သူ့ရဲ့လိင်တိမ်းညွတ်မှုကို သိရှိသွားပြီး နားလည်လက်ခံဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Timothee Chalamet ၊ Armie Hammer နဲ့ Michael Stuhlbarg တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular