HomeCelebs Update NewsInternationalElizabeth ဘုရင်မကြီးရဲ့‌ တော်ဝင်ညစာစားပွဲကို တက်ရောက်မယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းများ

Elizabeth ဘုရင်မကြီးရဲ့‌ တော်ဝင်ညစာစားပွဲကို တက်ရောက်မယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဗြိတိန်ရဲ့ တော်ဝင်မိသားစုတွေနဲ့ ညစာစားပွဲတက်မယ်ဆိုရင် အထူးတလှယ် သတိထားပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ အထူးသဖြင့် Elizabeth ဘုရင်မကြီးကိုယ်တိုင် တက်ရောက်မယ့် ညစာစားပွဲဆိုရင် ပိုပြီးသတိထားကာ လိုက်နာရမှာ ဖြစ်ပါတယ်။ အဲဒီစည်းကမ်းတွေကိုတော့ Charles မင်းသားကြီး၊ William မင်းသားနဲ့ ကြင်ယာတော် Kate Middleton တို့တောင် မဖြစ်မနေ လိုက်နာရပါတယ်။

သို့သော်လည်း ဗြိတိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ Harry မင်းသားနဲ့ ကြင်ယာတော် Meghan Markle တို့ကတော့ တော်ဝင်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်ရှားလေ့ရှိပြီး ညစာစားပွဲမှာ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ပျက်ကွက်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ တော်ဝင်မိသားစုထဲက မထွက်ခွာခင်ကတည်းက အချို့သော ညစာစားပွဲတွေမှာ ဖိတ်ကြားခြင်း မခံရတာတွေ ရှိခဲ့ဖူးတယ်လို့ တော်ဝင်မိသားစုနဲ့ နီးစပ်သူ Stefanie Jones က ပြောပြဖူးပါတယ်။

Photo: theroyalfamily/ Instagram

Harry မင်းသားနဲ့ ကြင်ယာတော်တို့ဟာ တော်ဝင်မိသားစုက နှစ်ပေါင်းများစွာ လိုက်နာခဲ့ကြတဲ့ ထုံးစံတစ်ခုဖြစ်တဲ့ ညစာစားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်ရမယ်ဆိုတဲ့ အလေ့အထကိုလည်း လျစ်လျူရှုတတ်တယ်လို့ ဆိုပါတယ်။ Charles မင်းသားကြီးရဲ့ အိမ်တော်ထိန်း ဖြစ်ခဲ့ဖူးတဲ့ Grant Harrold ရဲ့ ပြောပြချက်အရ ဇနီးမောင်နှံ၊ ချစ်သူစုံတွဲတွေအနေနဲ့ တော်ဝင်ညစာစားပွဲကို တက်ရောက်မယ်ဆိုရင် ညစာတည်ခင်းမယ့် ခန်းမထဲကို ဝင်လာတည်းက နှစ်ယောက်ခွဲပြီး စားပွဲရဲ့ တစ်ဖက်တစ်ချက်ဆီမှာ နေရာယူရမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ညစာစားပွဲ တက်ရောက်သူတွေကြားမှာ စကားစမြည် ပြောဆိုကြတဲ့အခါ အဆင်ပြေအောင်၊ လိုက်လျောညီထွေဖြစ်အောင် အခုလို ခွဲထိုင်ခိုင်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Elizabeth ဘုရင်မကြီးကိုယ်တိုင် တက်ရောက်မယ့် ညစာစားပွဲတွေမှာတော့ တက်ရောက်မယ့်သူ တစ်ယောက်ချင်းစီအတွက် ခုံနေရာတွေ သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရင်မကြီးဟာ first course ကို တည်ခင်းနေချိန်မှာ သူမရဲ့ ညာဘက်အခြမ်းက ဧည့်သည်တွေနဲ့ စကားစမြည် ပြောဆိုလေ့ရှိပြီး second course ကို တည်ခင်းချိန်မှာတော့ သူမရဲ့ ဘယ်ဘက်အခြမ်းက ဧည့်သည်တွေနဲ့ စကားပြောဆိုလေ့ ရှိတယ်လို့ ဆိုပါတယ်။

Photo via hellomagazine

ညစာစားပွဲကို တက်ရောက်သူတွေဟာ ဘုရင်မကြီးက ခက်ရင်းနဲ့ ဓားကို ကိုင်လိုက်ချိန်မှသာ စတင်ပြီး တည်ခင်းစားသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရင်မကြီး သုံးဆောင်လို့ ပြီးတာနဲ့ ကျန်တဲ့သူအားလုံးဟာလည်း ညစာစားခြင်းကို အပြီးသတ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘုရင်မကြီးဟာ အခြားသူတွေ ညစာပြီးဆုံးအောင် စားနိုင်ဖို့အတွက် သူမရဲ့ ပန်းကန်ထဲမှာ အနည်းငယ် ချန်ထားပြီး အချိန်ဆွဲပေးလေ့ ရှိတယ်လို့ သိရပါတယ်။

စကားစမြည်ပြောဆိုကြရာမှာလည်း သတိပြုဖို့ လိုအပ်တာ‌တွေ ရှိပါသေးတယ်။ တော်ဝင်ညစာစားပွဲမှာ ပြောဆိုတဲ့ စကားအားလုံးဟာ အငြင်းပွားစရာ၊ စိတ်မသက်သာစရာဖြစ်မယ့် အကြောင်းအရာတွေကနေ ကင်းလွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ ငွေရေးကြေးရေး၊ ကြီးကျယ်တဲ့ နိုင်ငံရေးကိစ္စများ၊ ဘာသာရေး၊ ဆေးကုသမှုဆိုင်ရာ အကြောင်းအရာများ စသည်တို့ကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။

Photo: theroyalfamily/ Instagram

ဘုရင်မကြီးကိုယ်တိုင်က ညစာစားပွဲတစ်ခုကို စီစဉ်ပြီဆိုရင်တော့ တက်ရောက်နိုင်တဲ့ ဧည့်သည်အရေအတွက်နဲ့ ပတ်သက်ပြီးတော့လည်း စည်းကမ်းတစ်ခု ထုတ်ထားပါသေးတယ်။ အဲဒါကတော့ စုစုပေါင်း ဧည့်သည်အရေအတွက်ဟာ (၁၃)ယောက်ထက် ပိုတာ၊ လျော့တာ ဖြစ်လို့ရပေမယ့် (၁၃)ယောက်အတိတော့ ဖိတ်ကြားလို့ မရဘူးလို့ သိရပါတယ်။ ဒါဟာ ဘုရင်မကြီးကိုယ်တိုင်က အယူသည်းလို့ မဟုတ်ပေမယ့် တက်ရောက်မယ့် ဧည့်သည်တွေထဲမှာ (၁၃)ဂဏန်းကို မနှစ်မြို့သူတွေ ပါလာရင် စိတ်အနှောင့်အယှက် ဖြစ်ရမှာကြောင့် ရှောင်ရှားခိုင်းတာလို့ ဆိုပါတယ်။

နောက်ထပ် စည်းကမ်းတစ်ခုကတော့ ညစာစားနေချိန်အတွင်း သန့်စင်ခန်းသွားခြင်းမှ ရှောင်ကျဉ်ဖို့ပဲ ဖြစ်ပါတယ်။ တော်ဝင်မိသားစုတွေ ညစာတည်ခင်းနေချိန်မှာ သန့်စင်ခန်းကို ထသွားခြင်းဟာ မသင့်တော်ဘူးလို့ ယူဆထားတာကြောင့်ပါပဲ။ ဒါကြောင့် တော်ဝင်ညစာစားပွဲကို တက်ရောက်မယ်ဆိုရင် အပေါ့အလေးကိစ္စတွေကို ကြိုကြိုတင်တင် ဖြေရှင်းထားဖို့ လိုအပ်ပါတယ်။

Photo: theroyalfamily/ Instagram

သို့သော်လည်း ဧည့်သည်တွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေ ပါရင်တော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာလည်း စားပွဲက ထမသွားခင်မှာ သူမရဲ့ စားလက်စ ပန်းကန်မှာ ဓား၊ ဇွန်း၊ ခက်ရင်းတွေကို ကန့်လန့်ဖြတ် သင်္ကေတနဲ့ ထားခဲ့ရမှာ ဖြစ်ပါတယ်။ သို့မှသာ ဝန်ထမ်းတွေက ပန်းကန်သိမ်းသွားခြင်းကို မခံရမှာ ဖြစ်ပါတယ်။

Glasgow

Source: scmp

(Zawgyi Version)

ၿဗိတိန္ရဲ႕ ေတာ္ဝင္မိသားစုေတြနဲ႔ ညစာစားပြဲတက္မယ္ဆိုရင္ အထူးတလွယ္ သတိထားၿပီး လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ အထူးသျဖင့္ Elizabeth ဘုရင္မႀကီးကိုယ္တိုင္ တက္ေရာက္မယ့္ ညစာစားပြဲဆိုရင္ ပိုၿပီးသတိထားကာ လိုက္နာရမွာ ျဖစ္ပါတယ္။ အဲဒီစည္းကမ္းေတြကိုေတာ့ Charles မင္းသားႀကီး၊ William မင္းသားနဲ႔ ၾကင္ယာေတာ္ Kate Middleton တို႔ေတာင္ မျဖစ္မေန လိုက္နာရပါတယ္။

သို႔ေသာ္လည္း ၿဗိတိန္သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ Harry မင္းသားနဲ႔ ၾကင္ယာေတာ္ Meghan Markle တို႔ကေတာ့ ေတာ္ဝင္မိသားစုရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို ေရွာင္ရွားေလ့ရွိၿပီး ညစာစားပြဲမွာ လိုက္နာရမယ့္ စည္းကမ္းေတြကိုလည္း ပ်က္ကြက္တတ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း Sussex ၿမိဳ႕စားနဲ႔ ၿမိဳ႕စားကေတာ္တို႔ဟာ ေတာ္ဝင္မိသားစုထဲက မထြက္ခြာခင္ကတည္းက အခ်ိဳ႕ေသာ ညစာစားပြဲေတြမွာ ဖိတ္ၾကားျခင္း မခံရတာေတြ ရွိခဲ့ဖူးတယ္လို႔ ေတာ္ဝင္မိသားစုနဲ႔ နီးစပ္သူ Stefanie Jones က ေျပာျပဖူးပါတယ္။

Photo: theroyalfamily/ Instagram

Harry မင္းသားနဲ႔ ၾကင္ယာေတာ္တို႔ဟာ ေတာ္ဝင္မိသားစုက ႏွစ္ေပါင္းမ်ားစြာ လိုက္နာခဲ့ၾကတဲ့ ထုံးစံတစ္ခုျဖစ္တဲ့ ညစာစားပြဲမွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ရမယ္ဆိုတဲ့ အေလ့အထကိုလည္း လ်စ္လ်ဴရႈတတ္တယ္လို႔ ဆိုပါတယ္။ Charles မင္းသားႀကီးရဲ႕ အိမ္ေတာ္ထိန္း ျဖစ္ခဲ့ဖူးတဲ့ Grant Harrold ရဲ႕ ေျပာျပခ်က္အရ ဇနီးေမာင္ႏွံ၊ ခ်စ္သူစုံတြဲေတြအေနနဲ႔ ေတာ္ဝင္ညစာစားပြဲကို တက္ေရာက္မယ္ဆိုရင္ ညစာတည္ခင္းမယ့္ ခန္းမထဲကို ဝင္လာတည္းက ႏွစ္ေယာက္ခြဲၿပီး စားပြဲရဲ႕ တစ္ဖက္တစ္ခ်က္ဆီမွာ ေနရာယူရမယ္လို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ ညစာစားပြဲ တက္ေရာက္သူေတြၾကားမွာ စကားစျမည္ ေျပာဆိုၾကတဲ့အခါ အဆင္ေျပေအာင္၊ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အခုလို ခြဲထိုင္ခိုင္းရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

Elizabeth ဘုရင္မႀကီးကိုယ္တိုင္ တက္ေရာက္မယ့္ ညစာစားပြဲေတြမွာေတာ့ တက္ေရာက္မယ့္သူ တစ္ေယာက္ခ်င္းစီအတြက္ ခုံေနရာေတြ သတ္မွတ္ေပးၿပီးသား ျဖစ္ပါတယ္။ ဒါ့အျပင္ ဘုရင္မႀကီးဟာ first course ကို တည္ခင္းေနခ်ိန္မွာ သူမရဲ႕ ညာဘက္အျခမ္းက ဧည့္သည္ေတြနဲ႔ စကားစျမည္ ေျပာဆိုေလ့ရွိၿပီး second course ကို တည္ခင္းခ်ိန္မွာေတာ့ သူမရဲ႕ ဘယ္ဘက္အျခမ္းက ဧည့္သည္ေတြနဲ႔ စကားေျပာဆိုေလ့ ရွိတယ္လို႔ ဆိုပါတယ္။

Photo via hellomagazine

ညစာစားပြဲကို တက္ေရာက္သူေတြဟာ ဘုရင္မႀကီးက ခက္ရင္းနဲ႔ ဓားကို ကိုင္လိုက္ခ်ိန္မွသာ စတင္ၿပီး တည္ခင္းစားသုံးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘုရင္မႀကီး သုံးေဆာင္လို႔ ၿပီးတာနဲ႔ က်န္တဲ့သူအားလုံးဟာလည္း ညစာစားျခင္းကို အၿပီးသတ္ရမွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း BBC သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘုရင္မႀကီးဟာ အျခားသူေတြ ညစာၿပီးဆုံးေအာင္ စားႏိုင္ဖို႔အတြက္ သူမရဲ႕ ပန္းကန္ထဲမွာ အနည္းငယ္ ခ်န္ထားၿပီး အခ်ိန္ဆြဲေပးေလ့ ရွိတယ္လို႔ သိရပါတယ္။

စကားစျမည္ေျပာဆိုၾကရာမွာလည္း သတိျပဳဖို႔ လိုအပ္တာ‌ေတြ ရွိပါေသးတယ္။ ေတာ္ဝင္ညစာစားပြဲမွာ ေျပာဆိုတဲ့ စကားအားလုံးဟာ အျငင္းပြားစရာ၊ စိတ္မသက္သာစရာျဖစ္မယ့္ အေၾကာင္းအရာေတြကေန ကင္းလြတ္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာ အေၾကာင္းအရာမ်ား၊ ေငြေရးေၾကးေရး၊ ႀကီးက်ယ္တဲ့ ႏိုင္ငံေရးကိစၥမ်ား၊ ဘာသာေရး၊ ေဆးကုသမႈဆိုင္ရာ အေၾကာင္းအရာမ်ား စသည္တို႔ကို ေရွာင္ရွားရမွာ ျဖစ္ပါတယ္။

Photo: theroyalfamily/ Instagram

ဘုရင္မႀကီးကိုယ္တိုင္က ညစာစားပြဲတစ္ခုကို စီစဥ္ၿပီဆိုရင္ေတာ့ တက္ေရာက္ႏိုင္တဲ့ ဧည့္သည္အေရအတြက္နဲ႔ ပတ္သက္ၿပီးေတာ့လည္း စည္းကမ္းတစ္ခု ထုတ္ထားပါေသးတယ္။ အဲဒါကေတာ့ စုစုေပါင္း ဧည့္သည္အေရအတြက္ဟာ (၁၃)ေယာက္ထက္ ပိုတာ၊ ေလ်ာ့တာ ျဖစ္လို႔ရေပမယ့္ (၁၃)ေယာက္အတိေတာ့ ဖိတ္ၾကားလို႔ မရဘူးလို႔ သိရပါတယ္။ ဒါဟာ ဘုရင္မႀကီးကိုယ္တိုင္က အယူသည္းလို႔ မဟုတ္ေပမယ့္ တက္ေရာက္မယ့္ ဧည့္သည္ေတြထဲမွာ (၁၃)ဂဏန္းကို မႏွစ္ၿမိဳ႕သူေတြ ပါလာရင္ စိတ္အေႏွာင့္အယွက္ ျဖစ္ရမွာေၾကာင့္ ေရွာင္ရွားခိုင္းတာလို႔ ဆိုပါတယ္။

ေနာက္ထပ္ စည္းကမ္းတစ္ခုကေတာ့ ညစာစားေနခ်ိန္အတြင္း သန႔္စင္ခန္းသြားျခင္းမွ ေရွာင္က်ဥ္ဖို႔ပဲ ျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုေတြ ညစာတည္ခင္းေနခ်ိန္မွာ သန႔္စင္ခန္းကို ထသြားျခင္းဟာ မသင့္ေတာ္ဘူးလို႔ ယူဆထားတာေၾကာင့္ပါပဲ။ ဒါေၾကာင့္ ေတာ္ဝင္ညစာစားပြဲကို တက္ေရာက္မယ္ဆိုရင္ အေပါ့အေလးကိစၥေတြကို ႀကိဳႀကိဳတင္တင္ ေျဖရွင္းထားဖို႔ လိုအပ္ပါတယ္။

Photo: theroyalfamily/ Instagram

သို႔ေသာ္လည္း ဧည့္သည္ေတြထဲမွာ ကိုယ္ဝန္ေဆာင္သည္ေတြ ပါရင္ေတာ့ ႁခြင္းခ်က္အေနနဲ႔ ခြင့္ျပဳထားတယ္လို႔ ဆိုပါတယ္။ အဲဒီအခါမွာလည္း စားပြဲက ထမသြားခင္မွာ သူမရဲ႕ စားလက္စ ပန္းကန္မွာ ဓား၊ ဇြန္း၊ ခက္ရင္းေတြကို ကန႔္လန႔္ျဖတ္ သေကၤတနဲ႔ ထားခဲ့ရမွာ ျဖစ္ပါတယ္။ သို႔မွသာ ဝန္ထမ္းေတြက ပန္းကန္သိမ္းသြားျခင္းကို မခံရမွာ ျဖစ္ပါတယ္။

Glasgow

Source: scmp

RELATED ARTICLES

Most Popular