HomeUncategorizedTaeyeon SM ကေန ထြက္သြားေတာ့မလားဆိုတဲ့ ေကာလာဟလပ်ံ႕ႏွံ႔ေန

Taeyeon SM ကေန ထြက္သြားေတာ့မလားဆိုတဲ့ ေကာလာဟလပ်ံ႕ႏွံ႔ေန

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မၾကာေသးခင္ကမွ တင္လုိက္တဲ့ IG story ေၾကာင့္ Taeyeon တစ္ေယာက္ SM Entertainment ကေန ထြက္သြားေတာ့မွာလားဆိုတဲ့ ေကာလာဟလေတြ ပ်ံ႕ႏွံ႔လ်က္ ရိွေနပါတယ္။

Taeyeon ဟာ “ကိုယ့္ရဲ႕ပူပင္ေသာကေတြကို ဘယ္သူ႔ေတြဆီကို ေျပာျပၾကလဲ” ဆိုတဲ့ ေမးခြန္းတစ္ခုကို သူမရဲ႕ IG story မွာ မၾကာေသးခင္ကတင္ၿပီး ပရိသတ္ေတြကို ေမးခဲ့ပါတယ္။ တစ္ေယာက္တစ္ေပါက္ ၀ိုင္းေျပာၾကတဲ့ ပရိသတ္ေတြရဲ႕ အေျဖေတြကို သူမ ျပန္လည္တု႔ံျပန္ခဲ့တဲ့ အေျဖစကားေၾကာင့္လည္း အခုလို SM က ထြက္သြားေတာ့မွာလားဆိုတဲ့ ေကာလာဟလက ပ်ံ႕ႏွံ႔ေပါက္ပြားလာတာ ျဖစ္ပါတယ္။

“Taeyeon SM က ထြက္သြားေတာ့မွာလား” ဆိုတဲ့ ပရိသတ္တစ္ေယာက္ရဲ႕ ေမးခြန္းကို “ဘာလို႔လဲ” လို႔ ပထမဆုံး ျပန္တုံ႔ျပန္ထားတာ ေတြ႕ရၿပီး ေနာက္ထပ္ပရိသတ္တစ္ေယာက္က “ေက်းဇူးျပဳၿပီး SM မွာပဲ ေနပါ” ဆိုတဲ့ စကားကိုလည္း “ဘာျဖစ္လို႔လဲ” ဆိုၿပီးေတာ့ အေျဖျပန္ေပးထားတာကို ေတြ႕ၾကရပါတယ္။

Photo: taeyeon_ss/ Instagram

သူမ တုံ႔ျပန္ေျဖၾကားလိုက္တဲ့ စကားေၾကာင့္ပဲ ပရိသတ္အခ်ိဳ႕ဟာ Taeyeon တစ္ေယာက္ SM ကေန ထြက္သြားဖို႔မ်ား ႀကံစဥ္ေနၿပီလားဆိုတာကို ခန္႔မွန္း၊ ယူဆလာၾကတာပါ။ ဒီေနရာမွာလည္း SM မွာပဲ ဆက္ေနေစခ်င္တဲ့ ပရိသတ္နဲ႔ ထြက္သြားေစခ်င္တဲ့ ပရိသတ္ ႏွစ္ျခမ္းကြဲေနတာကို ေတြ႕ရပါတယ္။ အခ်ိဳ႕ကလည္း Taeyeon ဟာ SM ရဲ႕ စတိုင္လ္နဲ႔ အလိုက္ဖက္ဆုံးမို႔ ဘယ္ကုိမွ မသြားဘဲ SM မွာပဲ ေနေစခ်င္တယ္လို႔ ဆိုၾကပါတယ္။ အခ်ိဳ႕ကေတာ့ SM ရဲ႕ ပုံစံခြက္ထဲမွာ အသားေသေနတာမ်ိဳး မျဖစ္ေစခ်င္ဘဲ သူမရဲ႕အျခားပုံစံအသစ္ေတြကို ျမင္ေတြ႕လိုတဲ့အတြက္ SM ကေန ထြက္သြားေစခ်င္ၾကပါတယ္။ အခ်ိဳ႕က်ျပန္ေတာ့ Taeyeon အေနနဲ႔ ေအာင္ျမင္ေနၿပီးသား ျဖစ္တဲ့အတြက္ ဆက္ပဲေနေန၊ ထြက္ပဲသြားသြား ဘာမွစိုးရိမ္စရာ မရိွဘူးလို႔ ထင္ျမင္ခ်က္ေပးေနၾကပါတယ္။

Photo: taeyeon_ss/ Instagram

Taeyeon ဟာ ၂၀၀၇ခုႏွစ္မွာ Girls’ Generation နဲ႔ တရား၀င္ ပြဲမထြက္ရခင္ trainee ဘ၀အစတည္းက SM Entertainment မွာ ေနလာခဲ့သူျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ SM နဲ႔ စာခ်ဳပ္ျပန္လည္ ခ်ဳပ္ဆိုခဲ့ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မကြာသေးခင်ကမှ တင်လိုက်တဲ့ IG story ကြောင့် Taeyeon တစ်ယောက် SM Entertainment ကနေ ထွက်သွားတော့မှာလားဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လျက် ရှိနေပါတယ်။

Taeyeon ဟာ “ကိုယ့်ရဲ့ပူပင်သောကတွေကို ဘယ်သူ့တွေဆီကို ပြောပြကြလဲ” ဆိုတဲ့ မေးခွန်းတစ်ခုကို သူမရဲ့ IG story မှာ မကြာသေးခင်ကတင်ပြီး ပရိသတ်တွေကို မေးခဲ့ပါတယ်။ တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတဲ့ ပရိသတ်တွေရဲ့ အဖြေတွေကို သူမ ပြန်လည်တုံ့ပြန်ခဲ့တဲ့ အဖြေစကားကြောင့်လည်း အခုလို SM က ထွက်သွားတော့မှာလားဆိုတဲ့ ကောလာဟလက ပျံ့နှံ့ပေါက်ပွားလာတာ ဖြစ်ပါတယ်။

“Taeyeon SM က ထွက်သွားတော့မှာလား” ဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကို “ဘာလို့လဲ” လို့ ပထမဆုံး ပြန်တုံ့ပြန်ထားတာ တွေ့ရပြီး နောက်ထပ်ပရိသတ်တစ်ယောက်က “ကျေးဇူးပြုပြီး SM မှာပဲ နေပါ” ဆိုတဲ့ စကားကိုလည်း “ဘာဖြစ်လို့လဲ” ဆိုပြီးတော့ အဖြေပြန်ပေးထားတာကို တွေ့ကြရပါတယ်။

Photo: taeyeon_ss/ Instagram

သူမ တုံ့ပြန်ဖြေကြားလိုက်တဲ့ စကားကြောင့်ပဲ ပရိသတ်အချို့ဟာ Taeyeon တစ်ယောက် SM ကနေ ထွက်သွားဖို့များ ကြံစဉ်နေပြီလားဆိုတာကို ခန့်မှန်း၊ ယူဆလာကြတာပါ။ ဒီနေရာမှာလည်း SM မှာပဲ ဆက်နေစေချင်တဲ့ ပရိသတ်နဲ့ ထွက်သွားစေချင်တဲ့ ပရိသတ် နှစ်ခြမ်းကွဲနေတာကို တွေ့ရပါတယ်။ အချို့ကလည်း Taeyeon ဟာ SM ရဲ့ စတိုင်လ်နဲ့ အလိုက်ဖက်ဆုံးမို့ ဘယ်ကိုမှ မသွားဘဲ SM မှာပဲ နေစေချင်တယ်လို့ ဆိုကြပါတယ်။ အချို့ကတော့ SM ရဲ့ ပုံစံခွက်ထဲမှာ အသားသေနေတာမျိုး မဖြစ်စေချင်ဘဲ သူမရဲ့အခြားပုံစံအသစ်တွေကို မြင်တွေ့လိုတဲ့အတွက် SM ကနေ ထွက်သွားစေချင်ကြပါတယ်။ အချို့ကျပြန်တော့ Taeyeon အနေနဲ့ အောင်မြင်နေပြီးသား ဖြစ်တဲ့အတွက် ဆက်ပဲနေနေ၊ ထွက်ပဲသွားသွား ဘာမှစိုးရိမ်စရာ မရှိဘူးလို့ ထင်မြင်ချက်ပေးနေကြပါတယ်။

Photo: taeyeon_ss/ Instagram

Taeyeon ဟာ ၂၀၀၇ခုနှစ်မှာ Girls’ Generation နဲ့ တရားဝင် ပွဲမထွက်ရခင် trainee ဘဝအစတည်းက SM Entertainment မှာ နေလာခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် အောက်တိုဘာလမှာတော့ SM နဲ့ စာချုပ်ပြန်လည် ချုပ်ဆိုခဲ့ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular