HomeEntertainmentFilmမင်းသားကြီး Russell Crowe ကို အပနှင်မယ့်ဖာသာအဖြစ် မြင်တွေ့ရမယ့် The Pope's Exorcist ရုပ်ရှင်

မင်းသားကြီး Russell Crowe ကို အပနှင်မယ့်ဖာသာအဖြစ် မြင်တွေ့ရမယ့် The Pope’s Exorcist ရုပ်ရှင်

အော်စကာဆုရမင်းသားကြီး Russell Crowe ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ Father Gabriele Amorth ရဲ့အပနှင်ခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ The Pope’s Exorcist ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Exorcist ရုပ်ရှင်ကတော့ Horror လောကရဲ့ Classic ရုပ်ရှင်တစ်ကား ဖြစ်ပြီး The Pope’s Exorcist ရုပ်ရှင်ကလည်း အဲဒီပုံစံမျိူး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

photo credit Sony Pictures

ဒီရုပ်ရှင်ကတော့ အပြင်ဘဝမှာ တကယ်ရှိခဲ့တဲ့ Vatican ရဲ့ Chief Exorcist ဖြစ်သူ Father Gabriele Amorth ရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သာမန်ပါးစပ်ပြောရာဇဝင်တွေကို အခြေခံ ရိုက်ကူးထားတာ မဟုတ်ဘဲ Father Gabriele Amorth ရဲ့ တကယ့်ဖိုင်အစစ်တွေထဲက ဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ The Pope’s Exorcist ရဲ့ ပထမဆုံးထွေလာလည်း ထွက်ရှိလာပါတယ်။ Father Gabriele Amorth ကတော့ သူ့ရဲ့ဘဝတလျှောက်လုံးမှာ အပနှင်ခဲ့တဲ့ အမှုပေါင်း ထောင်နဲ့ချီပြီး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ Father ဟာ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေများစွာလည်း ရေးသားခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ The Exorcist ရုပ်ရှင်ရဲ့ ဒါရိုက်တာ William Friedkin ကတောင် Father Gabriele Amorth ရဲ့အကြောင်းကို Documentary ရိုက်ကူးခဲ့ပါသေးတယ်။

ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပေမယ့်လည်း ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းနဲ့ ကိုက်ညီအောင် ပြုပြင်မှုတွေ ပြုလုပ်ထားပြီး အချို့သော အချက်တွေကိုတော့ ချန်လှပ်ထားတာမျိူးတွေ ရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Russell Crowe အပြင် Daniel Zovatto ၊ Alex Essoe ၊ Franco Nero နဲ့ Ralph Ineson တို့ ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် ဧပြီလ (၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular