HomeCelebs Update NewsInternationalယူကရိန်းစစ်ဘေးရှောင်များအတွက် အလှူငွေ လှူဒါန်းမယ့် Ryan Reynolds နဲ့ Blake Lively တို့စုံတွဲ

ယူကရိန်းစစ်ဘေးရှောင်များအတွက် အလှူငွေ လှူဒါန်းမယ့် Ryan Reynolds နဲ့ Blake Lively တို့စုံတွဲ

Ryan Reynolds နဲ့ Blake Lively တို့ ဇနီးမောင်နှံဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရတဲ့ ယူကရိန်းစစ်ဘေးရှောင်များအတွက် ကူညီ‌ပေးကြမယ်လို့ သိရပါတယ်။

အဲဒါကတော့ Ryan Reynolds တို့ ဇနီးမောင်နှံဟာ သူတို့ကိုယ်တိုင် အလှူငွေ ထည့်ဝင်ရုံတင် မဟုတ်ဘဲ နိုင်ငံတကာက အများပြည်သူတွေဆီကပါ ရန်ပုံငွေ မတည်ပေးနေတာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ဘေးရှောင်များအတွက် အလှူငွေ ထည့်ဝင်သူတိုင်းရဲ့ ပမာဏအတိုင်း တစ်ဒေါ်လာကနေ အစပြုပြီး ဒေါ်လာတစ်သန်းအထိ တူညီတဲ့ ပမာဏနဲ့ သူတို့ဇနီးမောင်နှံက ထည့်ဝင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Photo: vancityreynolds/ Twitter

ဒီအကြောင်းကိုတော့ မနေ့က စနေနေ့မှာပဲ Ryan နဲ့ Blake တို့ဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ကြေညာထားတာ ဖြစ်ပြီး သူတို့ရဲ့ နိုင်ငံတကာက ဖော်လိုဝါတွေကိုပါ အလှူငွေ ထည့်ဝင်ပေးကြဖို့ ဆော်ဩထားတာ ဖြစ်ပါတယ်။

အသက်(၄၅)နှစ်အရွယ် Ryan Reynolds ကတော့ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ တွစ်တာက ပို့စ်ကို retweet ပြန်လုပ်ပြီး အခုလို ကပ်ပရှင် ရေးသားထားတာ တွေ့ရပါတယ်။

Photo: vancityreynolds/ Instagram

“(၄၈)နာရီအတွင်းမှာ ယူကရိန်းနိုင်ငံသားပေါင်းများစွာဟာ သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ခိုဝင်နေကြရပါတယ်။ သူတို့တွေအတွက် အကာအကွယ် လိုအပ်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့ အလှူငွေ ထည့်ဝင်တိုင်းမှာ ဒေါ်လာတစ်သန်းပမာဏအထိ ကျွန်တော်တို့ကလည်း အတူတူ ထည့်ဝင်သွားပြီး အလှူငွေ နှစ်ဆဖြစ်သွားအောင် လုပ်ပေးမှာပါ … ” လို့ Ryan က ကတိပေးထားပါတယ်။

အသက်(၃၄)နှစ်အရွယ် Blake Lively ကလည်း အလားတူပဲ UNHCR ရဲ့ ပို့စ်ကို ပြန်ရှဲထားပြီး “UNHCR ကို လှူဒါန်းသမျှ တစ်ဒေါ်လာကနေ ဒေါ်လာတစ်သန်းအထိ @vancityreynolds နဲ့ ကျွန်မက အတူတူ လိုက်ပါထည့်ဝင်ပြီး အလှူငွေ နှစ်ဆ ဖြစ်အောင် လုပ်ပေးမှာပါ။ အလှူငွေ လှူဒါန်းဖို့အတွက် bio မှာ လင့်ခ် ထည့်ထားပါတယ် …” လို့ ရေးသားထားပါတယ်။

Photo: blakelively/ Instagram

ဆက်လက်ပြီး “လွန်ခဲ့တဲ့ (၄၈)နာရီအတွင်းမှာ ယူကရိန်းနိုင်ငံသားပေါင်း ငါးသောင်းကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးပြီး အိမ်နီးချင်းနိုင်ငံတွေဆီကို ဝင်ရောက်ခိုလှုံနေရပါတယ်။ ဒီမိသားစုတွေကို ကာကွယ်ပေးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ UNHCR က မြေပြင်မှာ အကူအညီတွေ ပေးနေပါတယ် … ” လို့ Blake က ဆိုထားပါတယ်။

ယူကရိန်းနိုင်ငံ၊ ကီယက်မြို့ကတော့ လူဦးရေ (၂.၈)သန်းကျော် နေထိုင်တဲ့ မြို့တော်တစ်ခု ဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကြောင့်ပဲ အချိန်နဲ့အမျှ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Glasgow

Source: people

 

 

RELATED ARTICLES

Most Popular