HomeCelebs Update NewsInternationalကိုရိုးနားကြောင့် အစာရေစာပြတ်လပ်သူများအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ Ryan Reynolds တို့မောင်နှံ

ကိုရိုးနားကြောင့် အစာရေစာပြတ်လပ်သူများအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ Ryan Reynolds တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ Deadpool ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသား Ryan Reynolds နဲ့ ဇနီးဖြစ်သူ မင်းသမီး Blake Lively တို့ဟာ ကိုရိုးနားကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကို ထောက်ပံ့ပေးနိုင်ဖို့ ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Ryan တို့ ဇနီးမောင်နှံဟာ Feeding America နဲ့ Food Banks Canada လို့ခေါ်တဲ့ စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းရေး အဖွဲ့နှစ်ဖွဲ့မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ Ryan ဟာ ကနေဒါနိုင်ငံမှာမွေးပြီး Blake ကတော့ အမေရိကန်နိုင်ငံမှာ မွေးတာဖြစ်လို့ ကိုယ့်ရဲ့မွေးရပ်မြေတွေကို ကိုယ်စီပြန်လည်ထောက်ပံ့တာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Ryan က သူ့ရဲ့ Instagram မှာ လှူရတဲ့ ရည်ရွယ်ချက်ကို ပြောပြထားပါတယ်။

Photo: vancityreynolds/ Instagram

“Covid-19 ဟာ သက်ကြီးရွယ်အိုတွေနဲ့ ဝင်ငွေနည်းပါးတဲ့မိသားစုတွေကို တော်တော်လေး အထိနာစေပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ Blake နှစ်ယောက်ပေါင်းပြီး Feeding America နဲ့ Food Banks Canada အဖွဲ့အစည်းနှစ်ခုမှာ ဒေါ်လာတစ်သန်းကို ခွဲပြီး လှူဒါန်းလိုက်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင်လည်း ဒီလိုအဖွဲ့အစည်းတွေမှာ လှူဒါန်းလို့ရပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ စိတ်အခြေအနေ ကောင်းမွန်နေအောင်လည်း ဂရုစိုက်ကြပါ။ ပျော်အောင်နေဖို့ကိုလည်း သတိရကြပါ။ တစ်ယောက်တည်း သီးသန့် နေနေရတဲ့သူတွေကိုလည်း ဖုန်းလေးဖြစ်ဖြစ် ဆက်ပေးကြပါ။ ဒီလိုအချိန်မှာ အဆက်အသွယ်တွေရနေဖို့လည်း အရေးကြီးပါတယ်… ” လို့ Ryan က ပြောထားတာပါ။

ဇနီးသည် Blake ကလည်း “ဒါတွေအကုန်လုံးကို ချစ်ခြင်းမေတ္တာနဲ့ ဖြတ်ကျော်နိုင်တယ်ဆိုတာ သတိရပါ။ အခုဆိုရင် သက်ကြီးရွယ်အိုတွေအတွက် စျေးဝယ်ပေးတာ၊ ကလေးတွေအတွက် နေ့လယ်စာလုပ်ပေးတာမျိုးတွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ရှေ့ထွက်ပြီး ကူညီပေးနေကြပါပြီ။ အိမ်မှာနေရင်းနဲ့ကို တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ပေးလို့ ရပါတယ်…” လို့ ပြောထားပါတယ်။

Photo: vancityreynolds/ Instagram

Ryan နဲ့ Blake တို့မောင်နှံအပြင် Justin Timberlake ၊ Natalie Portman ၊ Ben Affleck ၊ Vanessa Hudgens ၊ Gigi Hadid နဲ့ Bella Hadid တို့ညီအစ်မ အစရှိတဲ့ ဆယ်လီတွေကလည်း အလားတူအဖွဲ့အစည်းတွေမှာ လှူဒါန်းပြီး မရှိဆင်းရဲသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပေးဖို့ တိုက်တွန်းနေကြပါသေးတယ်။

လက်ရှိအချိန်မှာ ကိုရိုးနားဗိုင်းရပ်စ်ဟာ ကူးစက်မြန်လွန်းပြီး ကမ္ဘာ့နိုင်ငံပေါင်း(၁၄၅)နိုင်ငံမှာ ပျံ့နှံ့နေပြီဖြစ်တာကြောင့် လူတွေအနေနဲ့ကလည်း စိုးရိမ်ထိတ်လန့်ပြီး အစားအစာ၊ ဆေးဝါးစတာတွေကို လိုတာထက်ပိုပြီး စုဆောင်းနေကြတာ ဖြစ်ပါတယ်။ ဒီအခါမှာ ပိုက်ဆံရှိတဲ့မိသားစုတွေအတွက်က အဆင်ပြေပေမယ့် ဝင်ငွေနည်းတဲ့ မရှိဆင်းရဲသားမိသားစုတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ကတော့ အခက်အခဲတွေ များစွာတွေ့လာကြရပါတယ်။ စည်းစိမ်ချမ်းသာတွေ ပိုလျှံနေတဲ့ နာမည်ကျော်တွေအနေနဲ့ အခုလို ပြန်လည်ကူညီစောင့်ရှောက်တာကို မြင်ရတာဟာလည်း မင်္ဂလာတစ်ပါးလို့ ဆိုရင်း ယခုရောဂါဆိုးကြီးကိုလည်း အမြန်ဆုံး ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ Deadpool ဇာတ္ေကာင္နဲ႔ လူသိမ်ားတဲ့ မင္းသား Ryan Reynolds နဲ႔ ဇနီးျဖစ္သူ မင္းသမီး Blake Lively တို႔ဟာ ကို႐ိုးနားေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မႈကို ေထာက္ပံ့ေပးႏိုင္ဖို႔ ေဒၚလာတစ္သန္း လႉဒါန္းခဲ့ၾကတယ္လို႔ သိရပါတယ္။

Ryan တို႔ ဇနီးေမာင္ႏွံဟာ Feeding America နဲ႔ Food Banks Canada လို႔ေခၚတဲ့ စားနပ္ရိကၡာေထာက္ပံ့လႉဒါန္းေရး အဖြဲ႕ႏွစ္ဖြဲ႕မွာ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ Ryan ဟာ ကေနဒါႏိုင္ငံမွာေမြးၿပီး Blake ကေတာ့ အေမရိကန္ႏိုင္ငံမွာ ေမြးတာျဖစ္လို႔ ကိုယ့္ရဲ႕ေမြးရပ္ေျမေတြကို ကိုယ္စီျပန္လည္ေထာက္ပံ့တာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး Ryan က သူ႔ရဲ႕ Instagram မွာ လႉရတဲ့ ရည္႐ြယ္ခ်က္ကို ေျပာျပထားပါတယ္။

Photo: vancityreynolds/ Instagram

“Covid-19 ဟာ သက္ႀကီး႐ြယ္အိုေတြနဲ႔ ဝင္ေငြနည္းပါးတဲ့မိသားစုေတြကို ေတာ္ေတာ္ေလး အထိနာေစပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္နဲ႔ Blake ႏွစ္ေယာက္ေပါင္းၿပီး Feeding America နဲ႔ Food Banks Canada အဖြဲ႕အစည္းႏွစ္ခုမွာ ေဒၚလာတစ္သန္းကို ခြဲၿပီး လႉဒါန္းလိုက္ပါတယ္။ ခင္ဗ်ားတို႔အေနနဲ႔ ကူညီႏိုင္တယ္ဆိုရင္လည္း ဒီလိုအဖြဲ႕အစည္းေတြမွာ လႉဒါန္းလို႔ရပါတယ္။ ကိုယ့္ရဲ႕ခႏၶာကိုယ္က်န္းမာေရးကိုလည္း ဂ႐ုစိုက္ပါ။ စိတ္အေျခအေန ေကာင္းမြန္ေနေအာင္လည္း ဂ႐ုစိုက္ၾကပါ။ ေပ်ာ္ေအာင္ေနဖို႔ကိုလည္း သတိရၾကပါ။ တစ္ေယာက္တည္း သီးသန႔္ ေနေနရတဲ့သူေတြကိုလည္း ဖုန္းေလးျဖစ္ျဖစ္ ဆက္ေပးၾကပါ။ ဒီလိုအခ်ိန္မွာ အဆက္အသြယ္ေတြရေနဖို႔လည္း အေရးႀကီးပါတယ္… ” လို႔ Ryan က ေျပာထားတာပါ။

ဇနီးသည္ Blake ကလည္း “ဒါေတြအကုန္လုံးကို ခ်စ္ျခင္းေမတၱာနဲ႔ ျဖတ္ေက်ာ္ႏိုင္တယ္ဆိုတာ သတိရပါ။ အခုဆိုရင္ သက္ႀကီး႐ြယ္အိုေတြအတြက္ ေစ်းဝယ္ေပးတာ၊ ကေလးေတြအတြက္ ေန႔လယ္စာလုပ္ေပးတာမ်ိဳးေတြနဲ႔ လူမႈအဖြဲ႕အစည္းေတြကလည္း ေရွ႕ထြက္ၿပီး ကူညီေပးေနၾကပါၿပီ။ အိမ္မွာေနရင္းနဲ႔ကို တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေစာင့္ေရွာက္ေပးလို႔ ရပါတယ္…” လို႔ ေျပာထားပါတယ္။

Photo: vancityreynolds/ Instagram

Ryan နဲ႔ Blake တို႔ေမာင္ႏွံအျပင္ Justin Timberlake ၊ Natalie Portman ၊ Ben Affleck ၊ Vanessa Hudgens ၊ Gigi Hadid နဲ႔ Bella Hadid တို႔ညီအစ္မ အစရွိတဲ့ ဆယ္လီေတြကလည္း အလားတူအဖြဲ႕အစည္းေတြမွာ လႉဒါန္းၿပီး မရွိဆင္းရဲသူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို ကူညီေပးဖို႔ တိုက္တြန္းေနၾကပါေသးတယ္။

လက္ရွိအခ်ိန္မွာ ကို႐ိုးနားဗိုင္းရပ္စ္ဟာ ကူးစက္ျမန္လြန္းၿပီး ကမာၻ႔ႏိုင္ငံေပါင္း(၁၄၅)ႏိုင္ငံမွာ ပ်ံ႕ႏွံ႔ေနၿပီျဖစ္တာေၾကာင့္ လူေတြအေနနဲ႔ကလည္း စိုးရိမ္ထိတ္လန႔္ၿပီး အစားအစာ၊ ေဆးဝါးစတာေတြကို လိုတာထက္ပိုၿပီး စုေဆာင္းေနၾကတာ ျဖစ္ပါတယ္။ ဒီအခါမွာ ပိုက္ဆံရွိတဲ့မိသားစုေတြအတြက္က အဆင္ေျပေပမယ့္ ဝင္ေငြနည္းတဲ့ မရွိဆင္းရဲသားမိသားစုေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြအတြက္ကေတာ့ အခက္အခဲေတြ မ်ားစြာေတြ႕လာၾကရပါတယ္။ စည္းစိမ္ခ်မ္းသာေတြ ပိုလွ်ံေနတဲ့ နာမည္ေက်ာ္ေတြအေနနဲ႔ အခုလို ျပန္လည္ကူညီေစာင့္ေရွာက္တာကို ျမင္ရတာဟာလည္း မဂၤလာတစ္ပါးလို႔ ဆိုရင္း ယခုေရာဂါဆိုးႀကီးကိုလည္း အျမန္ဆုံး ျဖတ္ေက်ာ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

RELATED ARTICLES

Most Popular