HomeCelebs Update NewsInternationalCaptain Canada အနေနဲ့ MCU ထဲမှာ ပါဝင်ချင်တယ်ဆိုတဲ့ Ryan Gosling

Captain Canada အနေနဲ့ MCU ထဲမှာ ပါဝင်ချင်တယ်ဆိုတဲ့ Ryan Gosling

နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Ryan Gosling ဟာ Marvel ကောမစ်ထဲက Nova ဇာတ်ကောင်အဖြစ် ရွေးချယ်ခံထားရတယ်လို့ မကြာသေးခင်ကပဲ ကောလာဟလတွေ ထွက်လာပါတယ်။ သို့ပေမယ့်လည်း Ryan Gosling ဟာ အဲဒီကောလာဟလကိုတော့ ငြင်းဆန်လိုက်ပြီး Captain Canada အနေနဲ့ Marvel Cinematic Universe ထဲမှာ ပါဝင်ချင်တယ်လို့ ပြောလာပါတယ်။

photo via screenrant

MCU ကတော့ ယခုအချိန်မှာ အအောင်မြင်ဆုံး Franchise တစ်ခု ဖြစ်နေပြီး Infinity Saga အပြီးမှာတော့ Phase 4 ကို စတင်နေပြီ ဖြစ်ပါတယ်။ Phase 4 ထဲမှာတော့ ဇာတ်ကောင်အသစ်များစွာကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးနေပြီး Florence Pugh ရဲ့ Yelena Belova ၊ Wyatt Russell ရဲ့ U.S Soldier ၊ Simu Liu ရဲ့ Shang-Chi ၊ Hailee Steinfeld ရဲ့ Kate Bishop ၊ Oscar Isaac ရဲ့ Moon Knight နဲ့ Iman Vellani ရဲ့ Ms. Marvel တို့လို ဇာတ်ကောင်တွေကိုတော့ မြင်တွေ့ခဲ့ရပြီးပါပြီ။

ဒါတင်မကသေးဘဲ တဖြည်းဖြည်း ပိုမိုကြီးမားလာတဲ့ MCU ဟာ နောက်ထပ် ဇာတ်ကောင်အသစ်တွေများစွာကို ထပ်မံမိတ်ဆက်လာဦးမှာ ဖြစ်ပါတယ်။ Indie Wire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Ryan Gosling ဟာ MCU ထဲမှာ ဘယ်ဇာတ်ကောင်ကို သရုပ်ဆောင်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။

“အဲဒါက အရေးမကြီးပါဘူး။ ကျွန်တော်က အဲဒီဇာတ်ကောင်(Nova)နဲ့ မသင့်တော်ပါဘူး။ ဒါပေမယ့် MCU ထဲမှာတော့ ပါချင်တယ်ဗျ။ ကျွန်တော်က Captain Canada နေရာမှာ သရုပ်ဆောင်ဖို့ ခေါ်တာကို စောင့်နေတာပါ …”

photo via screenrant

အဲဒီအင်တာဗျူးထဲမှာပဲ Ryan Gosling ဟာ Nova နေရာမှာ သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းကို ငြင်းဆန်ခဲ့ပြီး Ghost Rider အနေနဲ့လည်း ပါဝင်ချင်တယ်လို့ ပြောသွားပါသေးတယ်။ Captain Canada ကတော့ ၁၉၇၉ ခုနှစ်မှာ Newfoundland က ဖန်တီးထားတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Marvel ထဲမှာလည်း Captain Canada နဲ့ ဆင်တူတဲ့ Guardian ဆိုတဲ့ ဇာတ်ကောင်လည်း ရှိပါသေးတယ်။

တကယ်တော့ Ryan ဟာ နောက်ပြောင်ပြီး ပြောဆိုသွားတာ ဖြစ်နိုင်ပေမယ့် သူ့အနေနဲ့ MCU မှာသာ တကယ် ပါဝင်ချင်တယ်ဆိုရင်တော့ Marvel စတူဒီယိုဟာ ဇာတ်ကောင်တစ်ခုခုနဲ့ သေချာပေါက် သရုပ်ဆောင်ခိုင်းမှာ မလွဲပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular