HomeCelebs Update NewsInternationalကင်ဆာရောဂါခံစားနေရသူတစ်ဦးကို အားပေးစကားပြောခဲ့တဲ့ Ryan Reynolds 

ကင်ဆာရောဂါခံစားနေရသူတစ်ဦးကို အားပေးစကားပြောခဲ့တဲ့ Ryan Reynolds 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Ryan Reynolds ဟာ ကင်ဆာရောဂါ ခံစားနေရတဲ့ သူ့ရဲ့ ပရိသတ်တစ်ဦးကို စိတ်ဓာတ်အားတက်စေမယ့် အားပေးစကားလေးနဲ့ အားပေးလိုက်ပါတယ်။

အသက်(၄၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ryan Reynolds ဟာ Julie Rohr ဆိုတဲ့ ကင်ဆာရောဂါ ကုသမှုခံယူနေရတဲ့ ကနေဒီယန်း အမျိုးသမီးတစ်ဦးအတွက် အခုလို အားပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူမအတွက် အားပေးစကားကိုတော့ ဗွီဒီယိုနဲ့ စကားလက်ဆောင်ပါးခဲ့တာ ဖြစ်ပြီး မင်းသားရဲ့ ကြင်နာတတ်မှုအတွက် တွစ်တာမှာတော့ နာမည်ကြီးနေပါတယ်။ အဆိုပါဗွီဒီယိုထဲမှာတော့ Ryan က Julie အတွက် တိုက်ရိုက် ရည်ရွယ်ပြီး အားပေးစကား ပြောထားတာပါ။

Photo: vancityreynolds/ Instagram

“Julie ရေ … ကျွန်တော်ကတော့ Ryan Reynolds ပါ။ ဒီဗွီဒီယိုလေးကို ပို့ပေးချင်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော် အစ်မအတွက် စိတ်ပူပေးနေတယ်ဆိုတာ အစ်မ သိသွားအောင်ပါ။ အစ်မအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ကို လာထိတာကတော့ အစ်မဆီမှာ အစ်မကို ချစ်ခင်ပေးနေတဲ့သူတွေ အများကြီး ရှိနေလို့ပါပဲ။ ဘယ်လောက်များလည်းဆိုရင်တော့ ကျွန်တော်နေတဲ့ ဘော့စ်တွန်အထိ၊ ကျွန်တော့်နားထဲအထိ အစ်မအကြောင်းက ရောက်လာတဲ့အထိပါပဲ … ”

“အစ်မဆီကို ချစ်ခြင်းမေတ္တာတွေ အများကြီး ပို့သလိုက်ပါတယ်။ အစ်မ ခံစားနေရတာတွေလည်း ကျွန်တော် နားလည်ပါတယ်။ အားတင်းထားပါဦး။ တစ်ရက်တော့ အစ်မနဲ့ လူချင်းတွေ့ရမယ်လို့ မျှော်လင့်ပါတယ် … ” လို့ Ryan က ဆိုထားတာ ဖြစ်ပါတယ်။

ဒီဗွီဒီယိုနဲ့ ပတ်သက်ပြီး ဝေဒနာခံစားနေရတဲ့ Julie ကတော့ တကယ် ဝမ်းမြောက်နေပါတယ်။ ဒါ့အပြင် သူမဟာ တခြားသော နာမည်ကျော်တွေဆီကလည်း အားပေးစကားတွေ ရရှိထားပါသေးတယ်။ နာမည်ကျော် Schitt’s Creek ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် Dan Levy နဲ့ Eugene Levy တို့သာမက Leesila Dawkins တို့ဆီကပါ အားပေးစကားတွေ ရရှိထားတာ ဖြစ်ပါတယ်။

စိတ်အားငယ် ဝမ်းနည်းစရာအချိန်တွေနဲ့ ကြုံတွေ့နေရပေမယ့် အခုလိုအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိနေတာကြောင့် Julie တစ်ယောက်လည်း အမြန်ဆုံး ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသား Ryan Reynolds ဟာ ကင္ဆာေရာဂါ ခံစားေနရတဲ့ သူ႔ရဲ့ ပရိသတ္တစ္ဦးကို စိတ္ဓာတ္အားတက္ေစမယ့္ အားေပးစကားေလးနဲ႔ အားေပးလိုက္ပါတယ္။

အသက္(၄၄)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Ryan Reynolds ဟာ Julie Rohr ဆိုတဲ့ ကင္ဆာေရာဂါ ကုသမွုခံယူေနရတဲ့ ကေနဒီယန္း အမ်ိဳးသမီးတစ္ဦးအတြက္ အခုလို အားေပးစကား ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ သူမအတြက္ အားေပးစကားကိုေတာ့ ဗြီဒီယိုနဲ႔ စကားလက္ေဆာင္ပါးခဲ့တာ ျဖစ္ၿပီး မင္းသားရဲ့ ၾကင္နာတတ္မွုအတြက္ တြစ္တာမွာေတာ့ နာမည္ႀကီးေနပါတယ္။ အဆိုပါဗြီဒီယိုထဲမွာေတာ့ Ryan က Julie အတြက္ တိုက္ရိုက္ ရည္ရြယ္ၿပီး အားေပးစကား ေျပာထားတာပါ။

Photo: vancityreynolds/ Instagram

“Julie ေရ … ကၽြန္ေတာ္ကေတာ့ Ryan Reynolds ပါ။ ဒီဗြီဒီယိုေလးကို ပို႔ေပးခ်င္ရတဲ့ အေၾကာင္းရင္းကေတာ့ ကၽြန္ေတာ္ အစ္မအတြက္ စိတ္ပူေပးေနတယ္ဆိုတာ အစ္မ သိသြားေအာင္ပါ။ အစ္မအေၾကာင္းနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ့္ရင္ကို လာထိတာကေတာ့ အစ္မဆီမွာ အစ္မကို ခ်စ္ခင္ေပးေနတဲ့သူေတြ အမ်ားႀကီး ရွိေနလို႔ပါပဲ။ ဘယ္ေလာက္မ်ားလည္းဆိုရင္ေတာ့ ကၽြန္ေတာ္ေနတဲ့ ေဘာ့စ္တြန္အထိ၊ ကၽြန္ေတာ့္နားထဲအထိ အစ္မအေၾကာင္းက ေရာက္လာတဲ့အထိပါပဲ … ”

“အစ္မဆီကို ခ်စ္ျခင္းေမတၱာေတြ အမ်ားႀကီး ပို႔သလိုက္ပါတယ္။ အစ္မ ခံစားေနရတာေတြလည္း ကၽြန္ေတာ္ နားလည္ပါတယ္။ အားတင္းထားပါဦး။ တစ္ရက္ေတာ့ အစ္မနဲ႔ လူခ်င္းေတြ႕ရမယ္လို႔ ေမၽွာ္လင့္ပါတယ္ … ” လို႔ Ryan က ဆိုထားတာ ျဖစ္ပါတယ္။

ဒီဗြီဒီယိုနဲ႔ ပတ္သက္ၿပီး ေဝဒနာခံစားေနရတဲ့ Julie ကေတာ့ တကယ္ ဝမ္းေျမာက္ေနပါတယ္။ ဒါ့အျပင္ သူမဟာ တျခားေသာ နာမည္ေက်ာ္ေတြဆီကလည္း အားေပးစကားေတြ ရရွိထားပါေသးတယ္။ နာမည္ေက်ာ္ Schitt’s Creek ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္ Dan Levy နဲ႔ Eugene Levy တို႔သာမက Leesila Dawkins တို႔ဆီကပါ အားေပးစကားေတြ ရရွိထားတာ ျဖစ္ပါတယ္။

စိတ္အားငယ္ ဝမ္းနည္းစရာအခ်ိန္ေတြနဲ႔ ၾကဳံေတြ႕ေနရေပမယ့္ အခုလိုအားလုံးရဲ့ ခ်စ္ျခင္းေမတၱာေတြကို ရရွိေနတာေၾကာင့္ Julie တစ္ေယာက္လည္း အျမန္ဆုံး ေက်ာ္ျဖတ္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular