HomeEntertainmentFilmဒီဇင်ဘာလကုန်မှာ ပြသသွားမယ့် Chilling Adventures of Sabrina ရဲ့ final season 

ဒီဇင်ဘာလကုန်မှာ ပြသသွားမယ့် Chilling Adventures of Sabrina ရဲ့ final season 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သဘာဝလွန် horror စီးရီးတစ်ခုဖြစ်တဲ့ Chilling Adventures of Sabrina ရဲ့ season 4 ကို ဒီဇင်ဘာလ(၃၁)ရက်နေ့က စတင်ပြီး ပြသသွားမယ်လို့ Netflix က ကြေညာလိုက်ပါတယ်။

ယခုလာမယ့် season 4 ဟာ Chilling Adventures of Sabrina ရဲ့ နောက်ဆုံးဇာတ်သိမ်းမယ့် season လည်း ဖြစ်ပါတယ်။ မင်းသမီးလေး Kiernan Shipka က ဆယ်ကျော်သက် စုန်းမလေး Sabrina အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲရဲ့ final season မှာတော့ အပိုင်း(၈)ပိုင်း ပါဝင်မှာဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် တစ်နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

©Netflix

ဒီအကြောင်းကို Netflix ကလည်း ဇာတ်လမ်းတွဲရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ယခုလာမယ့် final season ရဲ့ ဇာတ်လမ်းအကျဉ်းကိုလည်း တရားဝင် ထုတ်ပြန်ထားပါသေးတယ်။ “လာမယ့် Part 4 မှာတော့ coven ဟာ ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်တိုက်ခိုက်သွားရမှာပါ။ Fright Club ရဲ့ အကူအညီနဲ့ စုန်းတွေဟာ စစ်ပွဲဆင်နွှဲနေရချိန်မှာ Nick ကတော့ တဖြည်းဖြည်းချင်း Sabrina ရဲ့နှလုံးသားကို ပြန်လည်ရယူနိုင်မှာပါ။ သို့ပေမယ့် အချိန်အခါ နှောင်းနေလေပြီလားဆိုတာကတော့… ” လို့ ဇာတ်လမ်းအကျဉ်းကို ထုတ်ပြန်ထားပါတယ်။

ယခုနောက်ဆုံး ဇာတ်သိမ်းမယ့် season မှာတော့ ယခင်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Zelda အဖြစ် Miranda Otto ၊ Hilda အဖြစ် Lucy Davis ၊ Ambrose အဖြစ် Chance Perdomo ၊ Rosalind အဖြစ် Jaz Sinclair ၊ Theo အဖြစ် Lachlan Watson ၊ Harvey အဖြစ် Ross Lynch ၊ Lilith အဖြစ် Michelle Gomez ၊ Prudence အဖြစ် Tati Gabrielle ၊ Faustus Blackwood အဖြစ် Richard Coyle နဲ့ Lucifer Morningstar အဖြစ် Luke Cook တို့က ပြန်လည်ပါဝင်လာမှာပါ။

Chilling Adventures of Sabrina ဟာ မူလက CW ရဲ့ စီးရီး ဖြစ်ပါတယ်။ Riverdale စီးရီးနဲ့ အတူတူ ထုတ်လုပ်ရေး ပြုလုပ်ခဲ့ပေမယ့် ၂၀၁၈ခုနှစ်မှာ season 1 ထွက်ရှိပြီးတည်းက Netflix ကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ယခုလာမယ့် season 4 မှာ စီးရီးကို အဆုံးသတ်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

သဘာဝလြန္ horror စီးရီးတစ္ခုျဖစ္တဲ့ Chilling Adventures of Sabrina ရဲ႕ season 4 ကို ဒီဇင္ဘာလ(၃၁)ရက္ေန႔က စတင္ၿပီး ျပသသြားမယ္လို႔ Netflix က ေၾကညာလိုက္ပါတယ္။

ယခုလာမယ့္ season 4 ဟာ Chilling Adventures of Sabrina ရဲ႕ ေနာက္ဆုံးဇာတ္သိမ္းမယ့္ season လည္း ျဖစ္ပါတယ္။ မင္းသမီးေလး Kiernan Shipka က ဆယ္ေက်ာ္သက္ စုန္းမေလး Sabrina အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ဒီဇာတ္လမ္းတြဲရဲ႕ final season မွာေတာ့ အပိုင္း(၈)ပိုင္း ပါဝင္မွာျဖစ္ၿပီး တစ္ပိုင္းကို ျပသခ်ိန္ တစ္နာရီခန႔္ ၾကာျမင့္မွာ ျဖစ္ပါတယ္။

©Netflix

ဒီအေၾကာင္းကို Netflix ကလည္း ဇာတ္လမ္းတြဲရဲ႕ တရားဝင္ တြစ္တာစာမ်က္ႏွာမွာ ၿပီးခဲ့တဲ့ တနလၤာေန႔က ေၾကညာခဲ့ပါတယ္။ ယခုလာမယ့္ final season ရဲ႕ ဇာတ္လမ္းအက်ဥ္းကိုလည္း တရားဝင္ ထုတ္ျပန္ထားပါေသးတယ္။ “လာမယ့္ Part 4 မွာေတာ့ coven ဟာ ေၾကာက္စရာေကာင္းတဲ့ ၿခိမ္းေျခာက္မႈေတြကို တစ္ခုၿပီးတစ္ခု ရင္ဆိုင္တိုက္ခိုက္သြားရမွာပါ။ Fright Club ရဲ႕ အကူအညီနဲ႔ စုန္းေတြဟာ စစ္ပြဲဆင္ႏႊဲေနရခ်ိန္မွာ Nick ကေတာ့ တျဖည္းျဖည္းခ်င္း Sabrina ရဲ႕ႏွလုံးသားကို ျပန္လည္ရယူႏိုင္မွာပါ။ သို႔ေပမယ့္ အခ်ိန္အခါ ေႏွာင္းေနေလၿပီလားဆိုတာကေတာ့… ” လို႔ ဇာတ္လမ္းအက်ဥ္းကို ထုတ္ျပန္ထားပါတယ္။

ယခုေနာက္ဆုံး ဇာတ္သိမ္းမယ့္ season မွာေတာ့ ယခင္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Zelda အျဖစ္ Miranda Otto ၊ Hilda အျဖစ္ Lucy Davis ၊ Ambrose အျဖစ္ Chance Perdomo ၊ Rosalind အျဖစ္ Jaz Sinclair ၊ Theo အျဖစ္ Lachlan Watson ၊ Harvey အျဖစ္ Ross Lynch ၊ Lilith အျဖစ္ Michelle Gomez ၊ Prudence အျဖစ္ Tati Gabrielle ၊ Faustus Blackwood အျဖစ္ Richard Coyle နဲ႔ Lucifer Morningstar အျဖစ္ Luke Cook တို႔က ျပန္လည္ပါဝင္လာမွာပါ။

Chilling Adventures of Sabrina ဟာ မူလက CW ရဲ႕ စီးရီး ျဖစ္ပါတယ္။ Riverdale စီးရီးနဲ႔ အတူတူ ထုတ္လုပ္ေရး ျပဳလုပ္ခဲ့ေပမယ့္ ၂၀၁၈ခုႏွစ္မွာ season 1 ထြက္ရွိၿပီးတည္းက Netflix ကို ေ႐ႊ႕ေျပာင္းခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကေတာ့ ယခုလာမယ့္ season 4 မွာ စီးရီးကို အဆုံးသတ္မယ့္အေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular