HomeEntertainmentFilmVampire Diaries ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်များ

Vampire Diaries ဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Vampire Diaries စီးရီးဟာ ၂၀၀၉ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကဟာ စုစုပေါင်း season(၈)ခုထွက်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာ ဇာတ်သိမ်းသွားခဲ့ပေမယ့်လည်း spin-off အနေနဲ့ The Originals နဲ့ Legacies ဆိုပြီး ထပ်ထွက်ထားတာ ရှိပါသေးတယ်။ ဒီဇာတ်လမ်းတွဲဟာ ကမ္ဘာအနှံ့မှာ တော်တော်လေး အောင်မြင်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတစ်ခု ဖြစ်တာကြောင့် ဒီတစ်ခါတော့ အလွမ်းပြေအနေနဲ့ ဒီဇာတ်လမ်းတွဲထဲက ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ **ဇာတ်လမ်းထဲက အဖြစ်အပျက်တွေကို ပြောမှာမို့ မကြည့်ရသေးသူတွေဆိုရင်တော့ ဒီဆောင်းပါးကို မဖတ်သင့်ပါဘူး။ **

*Spoiler Alert*
Jenna ရဲ့သေဆုံးမှု
photo via screenrant

Jeremy နဲ့ Elena တို့ မောင်နှမနှစ်ယောက်ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ဝမ်းနည်းစရာကောင်းတဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အစမှာကတည်းက သူတို့နှစ်ယောက်ရဲ့ မိဘတွေဟာ ကားမတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြရာကနေ စတင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ အဒေါ်ဖြစ်သူ Jenna ဟာ သူတို့နှစ်ယောက်လုံးရဲ့ တရားဝင်အုပ်ထိန်းသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း season 2 မှာတော့ Klaus ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေနှစ်မျိုးအစပ် ဖြစ်လာအောင် အသုံးပြုရမယ့် အစီအရင်ထဲမှာ Elena နဲ့ အန်တီ Jenna တို့လည်း ပါဝင်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အန်တီ Jenna ဟာ Elena ကို ကယ်တင်ဖို့အတွက် Klaus ကို တိုက်ခိုက်တဲ့အခါမှာတော့ Klaus ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ သေသွားတဲ့သူတွေဟာ အသက်ပြန်လည်ရှင်လာတာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ပြန်လည်ပါဝင်ခဲ့တာမျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဇာတ်လမ်းအစပိုင်းမှာကတည်း သေဆုံးသွားခဲ့ပြီး ဘယ်တုန်းကမှ ပြန်လည်မပါဝင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Damon ဟာ Elena ကို သူချစ်ကြောင်းဝန်ခံခဲ့တာကို မေ့ပစ်ဖို့အတွက် စိတ်ညှို့ခဲ့တဲ့အချိန်
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက အရှုပ်ထွေးဆုံး အရာတွေထဲမှာ Stephen ၊ Damon နဲ့ Elena တို့ရဲ့ အချစ်ဇာတ်လမ်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ Season 2 အပိုင်း(၈)မှာတော့ ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ Damon ဟာ Elena ရဲ့အိပ်ခန်းထဲကို သူမရဲ့ဆွဲကြိုးလေး ပြန်ပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ Damon ဟာ Elena အပေါ်မှာ သူဘယ်လိုခံစားနေရတယ်ဆိုတာနဲ့ သူမအတွက် ခံစားချက်တွေရှိနေတာကို ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ ဆွဲကြိုးကို ပြန်မပေးခင်မှာ အဲ့လိုဝန်ခံခဲ့ပြီးတော့ ချက်ချင်းပဲ စိတ်ညှို့ကာ သူပြောခဲ့တာတွေကို မေ့ပစ်ခိုင်းခဲ့ပါတယ်။ အကြောင်းကတော့ အဲ့ဒီအချိန်မှာ Elena နဲ့ Stefan တို့ဟာ တွဲနေကြတဲ့အပြင် သူကိုယ်တိုင်ကလည်း သူဟာ Elena ရဲ့အချစ်ကို ရယူဖို့အတွက် မထိုက်တန်ဘူးလို့ ယူဆခဲ့တဲ့အတွက် အဲ့လိုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေဟာ Damon ကို သနားပြီး သူ့အစား ဝမ်းနည်းခဲ့ရပါတယ်။

Elena အတွက် နှုတ်ဆက်စကားများ
photo via screenrant

Elena ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ Nina Dobrev ဟာ ဒီဇာတ်လမ်းတွဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူတွေဖြစ်တဲ့ Julie Plec နဲ့ Kevin Williamson တို့ဟာ သူမအတွက် နှုတ်ဆက်စာတွေ ရေးပေးခဲ့ကြပါတယ်။ ဒါတင်မက သူမရဲ့ထွက်ခွာမှုဟာ ဒီဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေအပေါ်မှာ သက်ရောက်မှုတွေလည်း ဖြစ်စေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ season 6 မှာတော့ Kai ဟာ Bonnie အသက်ရှင်နေသရွေ့ Elena အိပ်ပျော်နေအောင် ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ ဇာတ်လမ်းထဲမှာလည်း ဇာတ်ကောင်တွေဟာ သူမရဲ့စိတ်ထဲကို မှော်ပညာနဲ့ ဝင်ရောက်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်စကား ပြောခဲ့ကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဖြစ်တဲ့ Stefan နဲ့ Damon တို့ကတော့ သူမကို နောက်တစ်ကြိမ်ထပ်ပြီး တွေ့နိုင်သေးပေမယ့်လည်း Bonnie ကတော့ သူမသေသွားမှ Elena ဟာပြန်လည်နိုးထလာမှာ ဖြစ်တာကြောင့် သူ့အတွက် နောက်ဆုံးအကြိမ်တွေ့ဆုံရတာ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအခန်းတွေကတော့ တော်တော်လေးကို ဝမ်းနည်းစရာကောင်းခဲ့ပါတယ်။

Bonnie ရဲ့ အသုဘအခမ်းအနား
photo via screenrant

Bonnie ဟာ အရမ်းကို စွမ်းအားကြီးမားတဲ့ စုန်းတစ်ယောက် ဖြစ်တဲ့အပြင် သူမဟာ အကြိမ်များစွာ သေဆုံးခဲ့ဖူးပါတယ်။ သူမဟာ Season 5 ထဲမှာလည်း သေဆုံးခဲ့ပြီးတော့ အဲ့ဒီအချက်ဟာလည်း ပရိသတ်တွေအတွက် တော်တော်လေး ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက သူမဟာ ပြန်လည်အသက်ရှင်မှာလားဆိုတာကို မသိကြသေးပါဘူး။

အဲ့ဒီထဲမှာတော့ Jeremy ဟာ သူစကားပြောနေတဲ့ ဝိဉာဉ်ဟာ Bonnie ဖြစ်ပြီးတော့ သူမဟာ နွေရာသီပိတ်ရက်မှာ ခရီးထွက်နေတာ မဟုတ်ပါဘူးဆိုပြီး ပြောလိုက်တဲ့အချိန်မှာတော့ Elena နဲ့ Caroline တို့ဟာ သူမအတွက် အသုဘအခမ်းအနား စီစဉ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ နေရာတစ်ခုကို ရွေးချယ်ပြီးတော့ သူမကိုနှုတ်ဆက်တဲ့အနေနဲ့ ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

Elena က သူမရဲ့လူသားဆန်မှုကို မေ့ပျောက်လိုက်တဲ့အချိန်
photo via screenrant

Elena ဟာ အချိန်တိုလေးအတွင်းမှာ ဆုံးရှုံးမှုတွေအများကြီးကို ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Season 4 မှာ Jeremy ဟာ Silas သတ်တာကို ခံလိုက်ရတဲ့အချိန်မှာတော့ သူမအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ အရမ်းကို ကြေကွဲခံစားခဲ့ပြီးတော့ အဲ့ဒီဝမ်းနည်းမှုကို သည်းမခံနိုင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်ပဲ သူမဟာ Jeremy ရဲ့ ရုပ်အလောင်းကို သူမ ချစ်ရတဲ့သူတွေ တော်တော်များများကို ဆုံးရှုံးခဲ့ရတဲ့ နေရာဖြစ်တဲ့ သူတို့ရဲ့အိမ်မှာ အိမ်အလုံးလိုက်ကြီးကိုပါ ထည့်ပြီး မီးသဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမဟာ အဲ့ဒီဝမ်းနည်းမှုတွေကို မခံစားနိုင်တော့တာကြောင့် အဲ့ဒီခံစားချက်တွေ ပျောက်ကွယ်သွားဖို့အတွက် သူမရဲ့ လူသားဆန်မှုကို မေ့ပစ်လိုက်ပါတော့တယ်။

Damon ဟာ Katherine က သူ့ကို တကယ်မချစ်ခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့အချိန်
photo via screenrant

Damon ဟာ Katherine လွတ်မြောက်လာဖို့အတွက် ကျိန်စာနဲ့ပိတ်ထားတဲ့ဂူကို ဖွင့်ဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဂူထဲကနေ သူမ လွတ်မြောက်လာတဲ့အချိန်မှာတော့ သူ့ကိုတကယ်ချစ်ခဲ့တာ မဟုတ်ဘဲ အသုံးချခဲ့ရုံ သပ်သပ်ပဲ ဆိုတာကို သိလိုက်ရပါတယ်။ Katherine တကယ်ချစ်တာက Stefan လို့ သိလိုက်ရတဲ့အချိန်မှာတော့ Damon ဟာ တော်တော်လေးကို ခံစားခဲ့ရပါတယ်။ သူ့ရဲ့နေရာက ဝင်ကြည့်ရင် သူတကယ်ချစ်ခဲ့တဲ့ Katherine ကလည်း Stephen ကိုပဲ ချစ်ခဲ့တာဖြစ်ပြီးတော့ Elena ဟာလည်း Stefan နဲ့ တွဲနေတာကြောင့် သူချစ်လိုက်သမျှလူတိုင်းဟာ Stefan အတွက်လိုပဲ ဖြစ်နေခဲ့ပါတယ်။

Alaric ရဲ့အုတ်ဂူမှာ Damon က နှုတ်ဆက်စကား သွားပြောခဲ့ချိန်
photo via screenrant

ဇာတ်လမ်းအစမှာတော့ Damon ဟာ Alaric အတွက် ရန်သူဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ Alaric ဟာလည်း ဒီဇာတ်လမ်းတွဲထဲမှာ အကြိမ်အနည်းငယ် သေဆုံးခဲ့ဖူးပြီး အချိန်အကြာဆုံး သေဆုံးခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။

Alaric သေဆုံးသွားတဲ့အချိန်မှာတော့ Damon ဟာ ညဘက်ကြီး သူ့ရဲ့အုတ်ဂူကို တစ်ယောက်တည်းသွားပြီးတော့ Jeremy နဲ့ Elena တို့ကို စောင့်ရှောက်သွားမယ်ဆိုပြီး နှုတ်ဆက်စကား သွားပြောခဲ့ပါတယ်။ Damon အနေနဲ့က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း သေဆုံးသွားတာကြောင့် ဝမ်းနည်းနေပေမယ့်လည်း Alaric ဘက်က ကြည့်ရင်တော့ သူဟာ Damon ပြောသမျှ၊ လုပ်သမျှကို သိနေပေမယ့်လည်း သူ့အနေနဲ့ ဘယ်လိုမှ ပြန်လည်တုံ့ပြန်လို့မရဘဲ ရပ်ကြည့်နေရုံပဲ တတ်နိုင်ပါတော့တယ်။

ရဲအရာရှိ Forbes ရဲ့ အသုဘအခမ်းအနား
photo via screenrant

Forbes ဟာ Mystic Falls မြို့ရဲ့ ရဲအရာရှိတစ်ယောက် ဖြစ်ပြီးတော့ Damon ရဲ့ အကောင်းဆုံးမိတ်ဆွေတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေဟာ မှော်ပညာတွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကြောင့် သေဆုံးကြရတာဖြစ်ပေမယ့်လည်း သူမကတော့ သာမန်ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူမ မကွယ်လွန်မီအချိန်မှာ မပြီးပျက်သေးတဲ့ကိစ္စတွေ မရှိအောင် လုပ်စရာရှိတာတွေ အကုန်လုံးကို ပြုလုပ်နေတဲ့အချိန်မှာလည်း တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းပါတယ်။ သူမရဲ့ အသုဘအခမ်းအနားမှာလည်း Damon ရဲ့ဂုဏ်ပြုစကားဟာ ပရိသတ်တွေ တော်တော်များများကို မျက်ရည်ကျစေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့သမီးဖြစ်သူ Caroline ဟာလည်း ဒီအဖြစ်အပျက်ကြောင့်ပဲ သူမရဲ့ လူသားဆန်မှုကို မေ့ပျောက်လိုက်ပါတယ်။

ဝိဉာဉ်ဒိုင်မေးရှင်းရဲ့ ပျက်စီးမှု
photo via screenrant

Bonnie နဲ့ Damon တို့ဟာ ဝိဉာဉ်ဒိုင်မေးရှင်း ပျက်စီးကာနီး ဖြစ်နေတဲ့အချိန်မှာ သေဆုံးပြီးသွားတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် ကြိုးစားခဲ့ပါတယ်။ တစ်ခြားသူတွေ တော်တော်များများဟာ အသက်ပြန်လည်ရှင်လာခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ပုံမှန်ဒိုင်မေးရှင်းဆီကို ပြန်မလာနိုင်တော့ဘဲ နှစ်ယောက်လုံးဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီးတော့ အားလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။

Stefan ရဲ့ အနစ်နာခံမှု
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အဆုံးမှာတော့ Stefan ဟာ လူပြန်ဖြစ်သွားခဲ့ပါတယ်။ ဒါတင်မက သူတို့အားလုံးရဲ့ ရန်သူတွေအကုန်လုံး သေသွားပြီးတဲ့နောက်မှာ Stefan ဟာ သူ့ကိုယ်သူ အနစ်နာခံပြီး ရန်သူတွေအားလုံး နောက်ထပ် လုံးဝပြန်မလာနိုင်တော့အောင် ပြုလုပ်ခဲ့ပါတယ်။ Damon ကိုတော့ Elena နဲ့ ပြန်တွေ့ဖို့အတွက် ကယ်ဆယ်ခဲ့ပါတယ်။ သူ မသေဆုံးခင်အချိန်လေးမှာတော့ Caroline ဆီကို ဖုန်းဆက်ပြီးတော့ ပြန်လာခဲ့မယ်ဆိုပြီး ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အဲ့ဒီစကားကို လိမ်ပြောတယ်ဆိုတာ သိပေမယ့်လည်း Caroline ဟာ သူ့ရဲ့စကားကို လက်ခံခဲ့ပါတယ်။

ဇာတ်သိမ်း
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းကတော့ ကြည့်ရှုသူရဲ့ ခံစားမှုရှုထောင့်ပေါ်မှာ မူတည်ပြီးတော့ ပျော်စရာဇာတ်သိမ်း ဖြစ်နိုင်သလို၊ ဝမ်းနည်းစရာ ဇာတ်သိမ်းလည်း ဖြစ်နိုင်ပါတယ်။ ဇာတ်သိမ်းကို စပြီးပြတဲ့အချိန်မှာတော့ Elena နဲ့ Damon တို့ဟာ နှစ်ယောက်အတူတူ သူတို့ရဲ့ဘဝကို ဖြတ်သန်းသွားတဲ့ပုံစံမျိုးပြခဲ့ပြီး နောက်တစ်ခန်းမှာတော့ Elena ကို သူ့ရဲ့ဆုံးရှုံးလိုက်ရတဲ့ မိသားစုအားလုံးဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ စောင့်နေတဲ့ပုံစံကို ပြခဲ့တာကြောင့် အဲ့ဒီအချိန်ကျမှ သူတို့နှစ်ယောက်လုံးဟာ သေဆုံးသွားခဲ့ပြီဆိုတာကို ပရိသတ်တွေဟာ သိလိုက်ရပါတယ်။

ဒါ့အပြင် Damon ကလည်း သူတို့ရဲ့အိမ်ကိုပြန်သွားပြီးတော့ အထဲမှာလည်း Stefan ဟာ စောင့်နေခဲ့ပါတယ်။ ဇာတ်သိမ်းရဲ့ဆိုလိုရင်းကတော့ သူတို့အားလုံးဟာ သူတို့ချစ်တဲ့သူတွေအားလုံးနဲ့ ပြန်လည်တွေ့ဆုံ နေထိုင်ခွင့် ရသွားကြတာပဲ ဖြစ်ပါတယ်။ အဲ့လိုမျိုးကြည့်ရင်တော့ ဒါဟာပျော်စရာဇာတ်သိမ်းဖြစ်ပြီး တကယ်တော့ ပြန်စဉ်းစားကြည့်ရင် သူတို့အားလုံးဟာ သေဆုံးသွားခဲ့တာ ဖြစ်တာကြောင့် ဝမ်းနည်းစရာဇာတ်သိမ်းလို့လည်း ပြောလို့ရပါတယ်။

Legoles

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Vampire Diaries စီးရီးဟာ ၂၀၀၉ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားတဲ့ ဇာတ္လမ္းတြဲေကာင္းတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကဟာ စုစုေပါင္း season(၈)ခုထြက္ခဲ့ၿပီး ၂၀၁၇ခုႏွစ္မွာ ဇာတ္သိမ္းသြားခဲ့ေပမယ့္လည္း spin-off အေနနဲ႔ The Originals နဲ႔ Legacies ဆိုၿပီး ထပ္ထြက္ထားတာ ရွိပါေသးတယ္။ ဒီဇာတ္လမ္းတြဲဟာ ကမာၻအႏွံ႔မွာ ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့ၿပီး နာမည္ႀကီးခဲ့တဲ့ ေသြးစုပ္ဖုတ္ေကာင္ဇာတ္လမ္းတစ္ခု ျဖစ္တာေၾကာင့္ ဒီတစ္ခါေတာ့ အလြမ္းေျပအေနနဲ႔ ဒီဇာတ္လမ္းတြဲထဲက ဝမ္းနည္းစရာအေကာင္းဆုံး အခိုက္အတန႔္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ **ဇာတ္လမ္းထဲက အျဖစ္အပ်က္ေတြကို ေျပာမွာမို႔ မၾကည့္ရေသးသူေတြဆိုရင္ေတာ့ ဒီေဆာင္းပါးကို မဖတ္သင့္ပါဘူး။ **

*Spoiler Alert*
Jenna ရဲ႕ေသဆုံးမႈ
photo via screenrant

Jeremy နဲ႔ Elena တို႔ ေမာင္ႏွမႏွစ္ေယာက္ဟာ ဒီဇာတ္လမ္းတြဲထဲမွာ ဝမ္းနည္းစရာေကာင္းတဲ့ ဆုံးရႈံးမႈေတြကို ႀကဳံေတြ႕ခဲ့ရတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ အစမွာကတည္းက သူတို႔ႏွစ္ေယာက္ရဲ႕ မိဘေတြဟာ ကားမေတာ္တဆမႈျဖစ္ၿပီး ေသဆုံးသြားၾကရာကေန စတင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူတို႔ရဲ႕ အေဒၚျဖစ္သူ Jenna ဟာ သူတို႔ႏွစ္ေယာက္လုံးရဲ႕ တရားဝင္အုပ္ထိန္းသူ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း season 2 မွာေတာ့ Klaus ဟာ ေသြးစုပ္ဖုတ္ေကာင္နဲ႔ သမန္းဝံပုေလြႏွစ္မ်ိဳးအစပ္ ျဖစ္လာေအာင္ အသုံးျပဳရမယ့္ အစီအရင္ထဲမွာ Elena နဲ႔ အန္တီ Jenna တို႔လည္း ပါဝင္သြားခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အန္တီ Jenna ဟာ Elena ကို ကယ္တင္ဖို႔အတြက္ Klaus ကို တိုက္ခိုက္တဲ့အခါမွာေတာ့ Klaus ရဲ႕လက္ခ်က္နဲ႔ ေသဆုံးသြားခဲ့ရပါေတာ့တယ္။ ဒီဇာတ္လမ္းထဲမွာ ေသသြားတဲ့သူေတြဟာ အသက္ျပန္လည္ရွင္လာတာပဲျဖစ္ျဖစ္၊ အေၾကာင္းတစ္ခုခုေၾကာင့္ ျပန္လည္ပါဝင္ခဲ့တာမ်ိဳးေတြ ရွိၾကပါတယ္။ ဒါေပမယ့္လည္း သူမဟာ ဇာတ္လမ္းအစပိုင္းမွာကတည္း ေသဆုံးသြားခဲ့ၿပီး ဘယ္တုန္းကမွ ျပန္လည္မပါဝင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

Damon ဟာ Elena ကို သူခ်စ္ေၾကာင္းဝန္ခံခဲ့တာကို ေမ့ပစ္ဖို႔အတြက္ စိတ္ညႇိဳ႕ခဲ့တဲ့အခ်ိန္
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက အရႈပ္ေထြးဆုံး အရာေတြထဲမွာ Stephen ၊ Damon နဲ႔ Elena တို႔ရဲ႕ အခ်စ္ဇာတ္လမ္းဟာလည္း အပါအဝင္ျဖစ္ပါတယ္။ Season 2 အပိုင္း(၈)မွာေတာ့ ပရိသတ္ေတြအတြက္ ဝမ္းနည္းစရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပ်က္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Damon ဟာ Elena ရဲ႕အိပ္ခန္းထဲကို သူမရဲ႕ဆြဲႀကိဳးေလး ျပန္ေပးဖို႔ ေရာက္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Damon ဟာ Elena အေပၚမွာ သူဘယ္လိုခံစားေနရတယ္ဆိုတာနဲ႔ သူမအတြက္ ခံစားခ်က္ေတြရွိေနတာကို ဝန္ခံခဲ့ပါတယ္။

ဒါေပမယ့္လည္း သူဟာ ဆြဲႀကိဳးကို ျပန္မေပးခင္မွာ အဲ့လိုဝန္ခံခဲ့ၿပီးေတာ့ ခ်က္ခ်င္းပဲ စိတ္ညႇိဳ႕ကာ သူေျပာခဲ့တာေတြကို ေမ့ပစ္ခိုင္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္မွာ Elena နဲ႔ Stefan တို႔ဟာ တြဲေနၾကတဲ့အျပင္ သူကိုယ္တိုင္ကလည္း သူဟာ Elena ရဲ႕အခ်စ္ကို ရယူဖို႔အတြက္ မထိုက္တန္ဘူးလို႔ ယူဆခဲ့တဲ့အတြက္ အဲ့လိုလုပ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ Damon ကို သနားၿပီး သူ႔အစား ဝမ္းနည္းခဲ့ရပါတယ္။

Elena အတြက္ ႏႈတ္ဆက္စကားမ်ား
photo via screenrant

Elena ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Nina Dobrev ဟာ ဒီဇာတ္လမ္းတြဲကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တဲ့အခ်ိန္မွာေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူေတြျဖစ္တဲ့ Julie Plec နဲ႔ Kevin Williamson တို႔ဟာ သူမအတြက္ ႏႈတ္ဆက္စာေတြ ေရးေပးခဲ့ၾကပါတယ္။ ဒါတင္မက သူမရဲ႕ထြက္ခြာမႈဟာ ဒီဇာတ္လမ္းနဲ႔ ဇာတ္ေကာင္ေတြအေပၚမွာ သက္ေရာက္မႈေတြလည္း ျဖစ္ေစခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ season 6 မွာေတာ့ Kai ဟာ Bonnie အသက္ရွင္ေနသေ႐ြ႕ Elena အိပ္ေပ်ာ္ေနေအာင္ ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ ဇာတ္လမ္းထဲမွာလည္း ဇာတ္ေကာင္ေတြဟာ သူမရဲ႕စိတ္ထဲကို ေမွာ္ပညာနဲ႔ ဝင္ေရာက္ၿပီးေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ႏႈတ္ဆက္စကား ေျပာခဲ့ၾကပါတယ္။ ေသြးစုပ္ဖုတ္ေကာင္ေတြျဖစ္တဲ့ Stefan နဲ႔ Damon တို႔ကေတာ့ သူမကို ေနာက္တစ္ႀကိမ္ထပ္ၿပီး ေတြ႕ႏိုင္ေသးေပမယ့္လည္း Bonnie ကေတာ့ သူမေသသြားမွ Elena ဟာျပန္လည္ႏိုးထလာမွာ ျဖစ္တာေၾကာင့္ သူ႔အတြက္ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံရတာ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီအခန္းေတြကေတာ့ ေတာ္ေတာ္ေလးကို ဝမ္းနည္းစရာေကာင္းခဲ့ပါတယ္။

Bonnie ရဲ႕  အသုဘအခမ္းအနား
photo via screenrant

Bonnie ဟာ အရမ္းကို စြမ္းအားႀကီးမားတဲ့ စုန္းတစ္ေယာက္ ျဖစ္တဲ့အျပင္ သူမဟာ အႀကိမ္မ်ားစြာ ေသဆုံးခဲ့ဖူးပါတယ္။ သူမဟာ Season 5 ထဲမွာလည္း ေသဆုံးခဲ့ၿပီးေတာ့ အဲ့ဒီအခ်က္ဟာလည္း ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလး ဝမ္းနည္းစရာျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္တုန္းက သူမဟာ ျပန္လည္အသက္ရွင္မွာလားဆိုတာကို မသိၾကေသးပါဘူး။

အဲ့ဒီထဲမွာေတာ့ Jeremy ဟာ သူစကားေျပာေနတဲ့ ဝိဉာဥ္ဟာ Bonnie ျဖစ္ၿပီးေတာ့ သူမဟာ ေႏြရာသီပိတ္ရက္မွာ ခရီးထြက္ေနတာ မဟုတ္ပါဘူးဆိုၿပီး ေျပာလိုက္တဲ့အခ်ိန္မွာေတာ့ Elena နဲ႔ Caroline တို႔ဟာ သူမအတြက္ အသုဘအခမ္းအနား စီစဥ္ေပးဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ ေနရာတစ္ခုကို ေ႐ြးခ်ယ္ၿပီးေတာ့ သူမကိုႏႈတ္ဆက္တဲ့အေနနဲ႔ ဂုဏ္ျပဳစကားေျပာခဲ့ၾကပါတယ္။

Elena က သူမရဲ႕လူသားဆန္မႈကို ေမ့ေပ်ာက္လိုက္တဲ့အခ်ိန္
photo via screenrant

Elena ဟာ အခ်ိန္တိုေလးအတြင္းမွာ ဆုံးရႈံးမႈေတြအမ်ားႀကီးကို ႀကဳံေတြ႕ခဲ့ရတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Season 4 မွာ Jeremy ဟာ Silas သတ္တာကို ခံလိုက္ရတဲ့အခ်ိန္မွာေတာ့ သူမအတြက္ အႀကီးမားဆုံး ဆုံးရႈံးမႈတစ္ခု ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ အရမ္းကို ေၾကကြဲခံစားခဲ့ၿပီးေတာ့ အဲ့ဒီဝမ္းနည္းမႈကို သည္းမခံႏိုင္ခဲ့ပါဘူး။

အဲ့ဒါေၾကာင့္ပဲ သူမဟာ Jeremy ရဲ႕ ႐ုပ္အေလာင္းကို သူမ ခ်စ္ရတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားကို ဆုံးရႈံးခဲ့ရတဲ့ ေနရာျဖစ္တဲ့ သူတို႔ရဲ႕အိမ္မွာ အိမ္အလုံးလိုက္ႀကီးကိုပါ ထည့္ၿပီး မီးသၿဂိဳဟ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူမဟာ အဲ့ဒီဝမ္းနည္းမႈေတြကို မခံစားႏိုင္ေတာ့တာေၾကာင့္ အဲ့ဒီခံစားခ်က္ေတြ ေပ်ာက္ကြယ္သြားဖို႔အတြက္ သူမရဲ႕ လူသားဆန္မႈကို ေမ့ပစ္လိုက္ပါေတာ့တယ္။

Damon ဟာ Katherine က သူ႔ကို တကယ္မခ်စ္ခဲ့ဘူးဆိုတာကို သိလိုက္ရတဲ့အခ်ိန္
photo via screenrant

Damon ဟာ Katherine လြတ္ေျမာက္လာဖို႔အတြက္ က်ိန္စာနဲ႔ပိတ္ထားတဲ့ဂူကို ဖြင့္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ျပင္ဆင္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဂူထဲကေန သူမ လြတ္ေျမာက္လာတဲ့အခ်ိန္မွာေတာ့ သူ႔ကိုတကယ္ခ်စ္ခဲ့တာ မဟုတ္ဘဲ အသုံးခ်ခဲ့႐ုံ သပ္သပ္ပဲ ဆိုတာကို သိလိုက္ရပါတယ္။ Katherine တကယ္ခ်စ္တာက Stefan လို႔ သိလိုက္ရတဲ့အခ်ိန္မွာေတာ့ Damon ဟာ ေတာ္ေတာ္ေလးကို ခံစားခဲ့ရပါတယ္။ သူ႔ရဲ႕ေနရာက ဝင္ၾကည့္ရင္ သူတကယ္ခ်စ္ခဲ့တဲ့ Katherine ကလည္း Stephen ကိုပဲ ခ်စ္ခဲ့တာျဖစ္ၿပီးေတာ့ Elena ဟာလည္း Stefan နဲ႔ တြဲေနတာေၾကာင့္ သူခ်စ္လိုက္သမွ်လူတိုင္းဟာ Stefan အတြက္လိုပဲ ျဖစ္ေနခဲ့ပါတယ္။

Alaric ရဲ႕အုတ္ဂူမွာ Damon ႏႈတ္ဆက္စကား သြားေျပာခဲ့ခ်ိန္
photo via screenrant

ဇာတ္လမ္းအစမွာေတာ့ Damon ဟာ Alaric အတြက္ ရန္သူျဖစ္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခင္ဆုံးသူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ပါတယ္။ Alaric ဟာလည္း ဒီဇာတ္လမ္းတြဲထဲမွာ အႀကိမ္အနည္းငယ္ ေသဆုံးခဲ့ဖူးၿပီး အခ်ိန္အၾကာဆုံး ေသဆုံးခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။

Alaric ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ Damon ဟာ ညဘက္ႀကီး သူ႔ရဲ႕အုတ္ဂူကို တစ္ေယာက္တည္းသြားၿပီးေတာ့ Jeremy နဲ႔ Elena တို႔ကို ေစာင့္ေရွာက္သြားမယ္ဆိုၿပီး ႏႈတ္ဆက္စကား သြားေျပာခဲ့ပါတယ္။ Damon အေနနဲ႔က သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း ေသဆုံးသြားတာေၾကာင့္ ဝမ္းနည္းေနေပမယ့္လည္း Alaric ဘက္က ၾကည့္ရင္ေတာ့ သူဟာ Damon ေျပာသမွ်၊ လုပ္သမွ်ကို သိေနေပမယ့္လည္း သူ႔အေနနဲ႔ ဘယ္လိုမွ ျပန္လည္တုံ႔ျပန္လို႔မရဘဲ ရပ္ၾကည့္ေန႐ုံပဲ တတ္ႏိုင္ပါေတာ့တယ္။

ရဲအရာရွိ Forbes ရဲ႕ အသုဘအခမ္းအနား
photo via screenrant

Forbes ဟာ Mystic Falls ၿမိဳ႕ရဲ႕ ရဲအရာရွိတစ္ေယာက္ ျဖစ္ၿပီးေတာ့ Damon ရဲ႕ အေကာင္းဆုံးမိတ္ေဆြေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္ေတြဟာ ေမွာ္ပညာေတြနဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြေၾကာင့္ ေသဆုံးၾကရတာျဖစ္ေပမယ့္လည္း သူမကေတာ့ သာမန္ကင္ဆာေရာဂါနဲ႔ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

သူမ မကြယ္လြန္မီအခ်ိန္မွာ မၿပီးပ်က္ေသးတဲ့ကိစၥေတြ မရွိေအာင္ လုပ္စရာရွိတာေတြ အကုန္လုံးကို ျပဳလုပ္ေနတဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ေလးကို ဝမ္းနည္းဖို႔ေကာင္းပါတယ္။ သူမရဲ႕ အသုဘအခမ္းအနားမွာလည္း Damon ရဲ႕ဂုဏ္ျပဳစကားဟာ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားကို မ်က္ရည္က်ေစခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕သမီးျဖစ္သူ Caroline ဟာလည္း ဒီအျဖစ္အပ်က္ေၾကာင့္ပဲ သူမရဲ႕ လူသားဆန္မႈကို ေမ့ေပ်ာက္လိုက္ပါတယ္။

ဝိဉာဥ္ဒိုင္ေမးရွင္းရဲ႕ ပ်က္စီးမႈ
photo via screenrant

Bonnie နဲ႔ Damon တို႔ဟာ ဝိဉာဥ္ဒိုင္ေမးရွင္း ပ်က္စီးကာနီး ျဖစ္ေနတဲ့အခ်ိန္မွာ ေသဆုံးၿပီးသြားတဲ့သူေတြကို အသက္ျပန္ရွင္လာေအာင္ ႀကိဳးစားခဲ့ပါတယ္။ တစ္ျခားသူေတြ ေတာ္ေတာ္မ်ားမ်ားဟာ အသက္ျပန္လည္ရွင္လာခဲ့ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ ပုံမွန္ဒိုင္ေမးရွင္းဆီကို ျပန္မလာႏိုင္ေတာ့ဘဲ ႏွစ္ေယာက္လုံးဟာ တစ္ေယာက္လက္ကို တစ္ေယာက္ကိုင္ၿပီးေတာ့ အားလုံးကို ႏႈတ္ဆက္သြားခဲ့ပါတယ္။

Stefan ရဲ႕ အနစ္နာခံမႈ
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ အဆုံးမွာေတာ့ Stefan ဟာ လူျပန္ျဖစ္သြားခဲ့ပါတယ္။ ဒါတင္မက သူတို႔အားလုံးရဲ႕ ရန္သူေတြအကုန္လုံး ေသသြားၿပီးတဲ့ေနာက္မွာ Stefan ဟာ သူ႔ကိုယ္သူ အနစ္နာခံၿပီး ရန္သူေတြအားလုံး ေနာက္ထပ္ လုံးဝျပန္မလာႏိုင္ေတာ့ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ Damon ကိုေတာ့ Elena နဲ႔ ျပန္ေတြ႕ဖို႔အတြက္ ကယ္ဆယ္ခဲ့ပါတယ္။ သူ မေသဆုံးခင္အခ်ိန္ေလးမွာေတာ့ Caroline ဆီကို ဖုန္းဆက္ၿပီးေတာ့ ျပန္လာခဲ့မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အဲ့ဒီစကားကို လိမ္ေျပာတယ္ဆိုတာ သိေပမယ့္လည္း Caroline ဟာ သူ႔ရဲ႕စကားကို လက္ခံခဲ့ပါတယ္။

ဇာတ္သိမ္း
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းကေတာ့ ၾကည့္ရႈသူရဲ႕ ခံစားမႈရႈေထာင့္ေပၚမွာ မူတည္ၿပီးေတာ့ ေပ်ာ္စရာဇာတ္သိမ္း ျဖစ္ႏိုင္သလို၊ ဝမ္းနည္းစရာ ဇာတ္သိမ္းလည္း ျဖစ္ႏိုင္ပါတယ္။ ဇာတ္သိမ္းကို စၿပီးျပတဲ့အခ်ိန္မွာေတာ့ Elena နဲ႔ Damon တို႔ဟာ ႏွစ္ေယာက္အတူတူ သူတို႔ရဲ႕ဘဝကို ျဖတ္သန္းသြားတဲ့ပုံစံမ်ိဳးျပခဲ့ၿပီး ေနာက္တစ္ခန္းမွာေတာ့ Elena ကို သူ႔ရဲ႕ဆုံးရႈံးလိုက္ရတဲ့ မိသားစုအားလုံးဟာ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ေစာင့္ေနတဲ့ပုံစံကို ျပခဲ့တာေၾကာင့္ အဲ့ဒီအခ်ိန္က်မွ သူတို႔ႏွစ္ေယာက္လုံးဟာ ေသဆုံးသြားခဲ့ၿပီဆိုတာကို ပရိသတ္ေတြဟာ သိလိုက္ရပါတယ္။

ဒါ့အျပင္ Damon ကလည္း သူတို႔ရဲ႕အိမ္ကိုျပန္သြားၿပီးေတာ့ အထဲမွာလည္း Stefan ဟာ ေစာင့္ေနခဲ့ပါတယ္။ ဇာတ္သိမ္းရဲ႕ဆိုလိုရင္းကေတာ့ သူတို႔အားလုံးဟာ သူတို႔ခ်စ္တဲ့သူေတြအားလုံးနဲ႔ ျပန္လည္ေတြ႕ဆုံ ေနထိုင္ခြင့္ ရသြားၾကတာပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဳးၾကည့္ရင္ေတာ့ ဒါဟာေပ်ာ္စရာဇာတ္သိမ္းျဖစ္ၿပီး တကယ္ေတာ့ ျပန္စဥ္းစားၾကည့္ရင္ သူတို႔အားလုံးဟာ ေသဆုံးသြားခဲ့တာ ျဖစ္တာေၾကာင့္ ဝမ္းနည္းစရာဇာတ္သိမ္းလို႔လည္း ေျပာလို႔ရပါတယ္။

Legoles

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular